HomeEntertainmentCosplay လုပ္ခံရဆုံး အမ်ိဳးသမီး ကာရိုက္တာ(၈)ခု

Cosplay လုပ္ခံရဆုံး အမ်ိဳးသမီး ကာရိုက္တာ(၈)ခု

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။


Harley Quinn
Photo: brainberries


Wonder Woman
Photo: brainberries


Catwoman
Photo: brainberries


Daenerys Targaryen
Photo: brainberries


Princess Jasmine
Photo: brainberries


Princess Leia
Photo: brainberries


Wednesday Addams
Photo: brainberries


Ariel
Photo: brainberries



Xei

Ref: brainberries

(Unicode Version)

Cosplay ဆိုတာဟာ တီဗွီဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ၊ ဗွီဒီယိုဂိမ်းတွေ၊ စာအုပ်တွေထဲက ဇာတ်ကောင်တွေနဲ့တူအောင် ဂရုတစိုက် ဝတ်စားဆင်ယင်ကြတဲ့ အနုပညာတစ်မျိုး ဖြစ်ပါတယ်။ မိတ်ကပ်၊ ဆံပင်၊ အဝတ်အစား၊ အသုံးအဆောင်တွေကစလို့ ရွေးချယ်ထားတဲ့ ဇာတ်ကောင်စရိုက်နဲ့တူအောင်၊ နီးစပ်အောင် ပြင်ဆင်ခြယ်မှုန်းကြတာပါ။ အထူးသဖြင့် comic ချစ်သူတွေကြားမှာ ကမ္ဘာနဲ့ချီအောင် ရေပန်းစားတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အခု ဖော်ပြပေးချင်တာကတော့ ကမ္ဘာ့နေရာအနှံ့မှာ cosplay လုပ်ဖို့ ရွေးချယ်ကြတဲ့ လူကြိုက်အများဆုံး အမျိုးသမီးကာရိုက်တာတွေပဲ ဖြစ်ပါတယ်။

Harley Quinn
Photo: brainberries

မိန်းကလေးတွေ cosplay လုပ်တော့မယ်ဆိုရင် Harley Quinn ဟာ အရွေးချယ်ခံရဆုံး ကာရိုက်တာတစ်ခု ဖြစ်ပါတယ်။ ရှေးခေတ် comic စာအုပ်ထဲက ကာရိုက်တာပုံစံကနေ ခေတ်သစ် Suicide Squad ထဲကပုံစံအထိ အသွင်အမျိုးမျိုးနဲ့ Harley Quinn ကာရိုက်တာကို cosplay လုပ်ကြပါတယ်။

Wonder Woman
Photo: brainberries

မိန်းကလေး cosplayer တွေ ရွေးချယ်ကြတဲ့ နောက်ထပ်ကာရိုက်တာတစ်ခုကတော့ Wonder Woman ဖြစ်ပါတယ်။ DC က ထုတ်လုပ်ထားတဲ့ Wonder Woman solo ဇာတ်ကား ထွက်ရှိလာပြီးနောက်ပိုင်းကစလို့ ပိုပြီးလူကြိုက်များလာတလည်း ဖြစ်ပါတယ်။

Catwoman
Photo: brainberries

ညို့အားအပြည့်နဲ့ Catwoman ရဲ့ ဝတ်စုံဟာ ဒီနေ့အချိန်ထိ လူကြိုက်များတဲ့ cosplay ကာရိုက်တာတစ်ခု ဖြစ်ပါတယ်။ လည်သာဝတ်စုံဖြစ်လို့ ပြင်ဆင်ရတာ လွယ်လို့လည်းပါပါတယ်။ သို့ပေမယ့် လွယ်လွယ်ရတိုင်း ပြင်ဆင်တတ်ကြလို့ တစ်ခါတစ်လေမှာ ညို့အားပြင်းတာထက် အပေါစားဆန်သွားတာမျိုးတွေလည်း တွေ့ရပါတယ်။

Daenerys Targaryen
Photo: brainberries

Game of Thrones ဇာတ်လမ်းတွဲဟာ ကမ္ဘာနဲ့ချီတဲ့ အောင်မြင်မှုတွေနဲ့ လူကြိုက်များကျော်ကြားသလိုပဲ စီးရီးထဲက အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Daenerys ရဲ့ ကာရိုက်တာကို cosplay လုပ်သူ အရေအတွက်ကလည်း အများအပြားပါပဲ။

Princess Jasmine
Photo: brainberries

Aladdin ဟာ အမျိုးသား ကာရိုက်တာထဲမှာ လူကြိုက်အနည်းဆုံး ကာရိုက်တာဖြစ်ပေမယ့် Princess Jasmine ကတော့ ဆန့်ကျင်ဘက်အနေနဲ့ တကယ်ကို လူကြိုက်များတဲ့ ကာရိုက်တာတစ်ခုပါ။

Princess Leia
Photo: brainberries

Star Wars franchise ဇာတ်လမ်းတွေထဲက လူကြိုက်များတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ Princess Leia ဟာလည်း မိန်းကလေးတွေ cosplay လုပ်တော့မယ်ဆိုရင် ရွေးချယ်လေ့ရှိတဲ့ ကာရိုက်တာတစ်ခုပါပဲ။

Wednesday Addams
Photo: brainberries

smart ဖြစ်ပြီး ကြောက်စရာကောင်းလှတဲ့ Addams မိသားစုထဲက Wednesday လေးရဲ့ ကာရိုက်တာကလည်း များများစားစား အားထုတ်ပြင်ဆင်စရာမလိုဘဲ ထိတ်လန့်စရာကောင်းတဲ့ ခံစားချက်ကို ပေးနိုင်လို့ မိန်းကလေး cosplayer တွေ ရွေးချယ်နေကျပါ။

Ariel
Photo: brainberries

ရေသူမလေး Ariel ဟာ မိန်းကလေးအများစု သိပ်ကြိုက်ကြတဲ့ ကာရိုက်တာတစ်ခုဖြစ်တာနဲ့အညီ cosplay နယ်ပယ်မှာလည်း ပြင်ဆင်ရလွယ်ကူပြီး အကုန်အကျသက်သာလို့ လူကြိုက်များပါတယ်။

ဒါတွေကတော့ လူကြိုက်များတဲ့ အမျိုးသမီး cosplay ကာရိုက်တာတွေပါ။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားကာရိုက်တာတွေ ရှိရင်လည်း comment မှာ ပြောခဲ့ပါဦး။

Xei

Ref: brainberries

 

 

RELATED ARTICLES

Most Popular