HomeEntertainmentFilmRotten Tomatoes Rating အများဆုံး DCEU ပရောဂျက် ဖြစ်လာတဲ့ Peacemaker ဇာတ်လမ်းတွဲ

Rotten Tomatoes Rating အများဆုံး DCEU ပရောဂျက် ဖြစ်လာတဲ့ Peacemaker ဇာတ်လမ်းတွဲ

ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ Peacemaker ဇာတ်လမ်းတွဲဟာ Wonder Woman ပထမဇာတ်ကားကို ကျော်တက်ပြီး Rotten Tomatoes Rating အများဆုံး ရရှိထားတဲ့ DCEU ပရောဂျက်တစ်ခု ဖြစ်လာပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ The Suicide Squad ရုပ်ရှင်ရဲ့ Spin-Off ဇာတ်လမ်းတွဲဖြစ်ပြီး Peacemaker တဖြစ်လည်း Christopher Smith ဟာ ထောင်ကျခံရမယ့်အစား အစိုးရအဖွဲ့အစည်းတစ်ခုနဲ့ အပေးအယူလုပ်ကာ Butterflies Project ကို ပြုလုပ်ရပါတော့တယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကိုတော့ HBO Max ကနေ ဇန်နဝါရီလ (၁၃)ရက်နေ့မှာ စတင်ပြသခဲ့တာ ဖြစ်ပြီး ပထမဆုံး သုံးပိုင်းကို တစ်ခါတည်း ပြသခဲ့ပါတယ်။ ကြာသပတေးနေ့တိုင်းမှာ အပိုင်းသစ် ထွက်ရှိလာမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာတော့ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေဆီက ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရရှိထားသလို IMDb နဲ့ Rotten Tomatoes တို့မှာလည်း Rating ကောင်းတွေ ရရှိထားပါတယ်။

ယခုလက်ရှိမှာတော့ Peacemaker ဇာတ်လမ်းတွဲဟာ Rotten Tomatoes 94% ရရှိထားပြီး DCEU ရဲ့ Rotten Tomatoes Rating အများဆုံး ပရောဂျက် ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းတွဲ မထွက်လာခင်ကတော့ Wonder Woman ရုပ်ရှင်ဟာ 93% ရရှိထားကာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ တတိယမြောက်နေရာမှာတော့ 90% ရရှိထားတဲ့ The Suicide Squad နဲ့ Shazam! တို့ ရှိနေပြီး Birds of Prey ကတော့ 79% နဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။

photo via screenrant

DCEU ရဲ့ Rotten Tomatoes Rating အနည်းဆုံးကတော့ 29% ရရှိထားတဲ့ Batman V Superman: Dawn of Justice နဲ့ 26% ရရှိထားတဲ့ David Ayer ရဲ့ Suicide Squad ပဲ ဖြစ်ပါတယ်။ Peacemaker ဇာတ်လမ်းတွဲဟာ အခုလိုအောင်မြင်မှုတွေ ရရှိထားတာကြောင့် Season 2 ထွက်ရှိလာဖို့ သေချာသလောက် ဖြစ်နေပြီး ဒါရိုက်တာ James Gunn ကိုယ်တိုင်ကလည်း နောက်ထပ် Season တွေ ထွက်ရှိလာနိုင်တယ်လို့ ပြောထားပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular