HomeEntertainmentFilmမိသားစုနဲ့အတူတူ ကြည့်ရှုနိုင်မယ့် စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းနဲ့ animated ရုပ်ရှင်များ 

မိသားစုနဲ့အတူတူ ကြည့်ရှုနိုင်မယ့် စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းနဲ့ animated ရုပ်ရှင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သရဲတစ္ဆေ၊ ပရလောကနဲ့ ထူးခြားတဲ့ တီထွင်မှုတွေအကြောင်းကို ကလေးတွေပါ ကြည့်ရှုလို့ရအောင် ဖန်တီးထားတဲ့ animated ရုပ်ရှင်များဟာ ဇာတ်လမ်းခပ်သွက်သွက်နဲ့ စိတ်ဝင်စားဖို့ကောင်းတာကြောင့် အရွယ်ရောက်ပြီးသူတွေပါ အကြိုက်တွေ့တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုစိတ်ဝင်စားစရာ animated ရုပ်ရှင်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(7) The Addams Family
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (5.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Addams မိသားစုဟာ သူတို့ရဲ့ ဆွေမျိူးတွေဆီကို သွားလည်ဖို့အတွက် ပြင်ဆင်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့အိမ်အနီးနားဝန်းကျင်က အိမ်ခြံမြေတွေကို ရောင်းဖို့ ပြင်ဆင်နေတဲ့ reality show တစ်ခုက host ဟာ Addams မိသားစုရဲ့အိမ်ကြီးကြောင့် တစ်ခြားအိမ်တွေ ရောင်းမထွက်ဘူး ဖြစ်နေတာကို သိသွားပါတယ်။ ဒီမှာတင် Addams မိသားစုနဲ့ ပြဿနာတက်ကြပါတော့တယ်။

(6) Igor
photo via imdb

ဒီဇာတ်လမ်းကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သိပ္ပံပညာရှင်တွေနဲ့ မကောင်းတဲ့ တီထွင်မှုတွေကြားထဲမှာ နေထိုင်နေရတဲ့ Igor ဆိုတဲ့ ပါရမီထူးသူတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Igor ဟာ တစ်ခြားသိပ္ပံပညာရှင်တစ်ယောက်ရဲ့ လက်ထောက်ဖြစ်ပြီး အနာဂတ်မှာ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာအောင် ကြိုးစားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(5) Monster House
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ တစ်ရက်မှာ လူငယ်သုံးယောက်ဟာ သူတို့ရဲ့ မြို့ထဲမှာရှိတဲ့ ကြောက်စရာအိမ်ကြီးဟာ ကလေးတွေကိုမုန်းတဲ့ မွန်းစတားကြီး ဖြစ်နေမှန်း သိလိုက်ကြပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့သုံးယောက်ဟာ ဘယ်သူ့ကိုမှ အန္တရာယ်မပေးနိုင်အောင် အဲ့ဒီမွန်းစတားကြီးကို ဖျက်ဆီးဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတော့တယ်။

(4) Frankenweenie
photo via imdb

ဒီဇာတ်လမ်းကတော့ ၂၀၁၂ခုနှစ်မှာပဲ ထွက်ရှိခဲ့ပြီး IMDb (6.9) ရထားပါတယ်။ ဇာတ်လမ်းကတော့ Victor ရဲ့ ခွေးလေးဟာ ကားတိုက်ခံရပြီး သေဆုံးသွားရာက စတင်ပါတယ်။ ဒါကြောင့်ပဲ Victor ဟာ သူ့ရဲ့ခွေးလေးကို အသက်ပြန်သွင်းဖို့အတွက် စမ်းသပ်မှုတွေမျိူးစုံ ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ အောင်မြင်စွာနဲ့ပဲ ခွေးလေးကို အသက်ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေဟာ သူထင်ထားခဲ့သလို မဟုတ်ဘဲ ရှုပ်ထွေးလာတဲ့အချိန်မှာတော့…..။

(3) Coraline
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၉ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Coraline ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့အိမ်ထဲက တံခါးတစ်ချပ်နောက်မှာရှိတဲ့ တစ်ခြားကမ္ဘာဆီ သွားရာလမ်းကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီတစ်ခြားကမ္ဘာမှာလည်း သူမရဲ့မိဘတွေရှိနေပြီး ပုံမှန်ကမ္ဘာက မိဘတွေထက် ပိုပြီးတော့ သဘောကောင်းနေခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ တစ်ခြားကမ္ဘာက မိဘတွေဟာ ကြောက်စရာကောင်းလာပြီး သူမကို အကျဉ်းသားအဖြစ် ဖမ်းထားလိုက်တဲ့အခါမှာတော့ … ။

(2) Monster, Inc.
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မွန်းစတားတွေဟာ Monstropolis မြို့ကို စွမ်းအားပေးဖို့အတွက် ကလေးတွေကို ခြောက်လှန့်ကြရပါတယ်။ အဲ့ဒီထဲမှာမှ Sulley နဲ့ Mike တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီး သူတို့နှစ်ယောက်ဟာ အတော်ဆုံး အလုပ်သမားတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း လူသား ကလေးမလေးတစ်ယောက်က သူတို့ရဲ့ကမ္ဘာထဲကို ဝင်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ဘဝကြီးဟာ ပြောင်းလဲသွားပါတော့တယ်။

(1) The Nightmare Before Christmas
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၃ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဟောလိုးဝင်းမြို့ရဲ့ ဘုရင်ဖြစ်တဲ့ Jack Skellington ဟာ တစ်ရက်မှာ ခရစ်စမတ်မြို့လေးကို ရှာတွေ့သွားပါတယ်။ ဒါနဲ့ပဲ သူ့ရဲ့မြို့မှာလည်း အဲ့လိုမျိူး ခရစ်စမတ်ဖြစ်လာအောင် ပြုလုပ်တဲ့အချိန်မှာတော့ အလွဲတွေ ဖြစ်လာခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သရဲတေစၦ၊ ပရေလာကနဲ႔ ထူးျခားတဲ့ တီထြင္မႈေတြအေၾကာင္းကို ကေလးေတြပါ ၾကည့္ရႈလို႔ရေအာင္ ဖန္တီးထားတဲ့ animated ႐ုပ္ရွင္မ်ားဟာ ဇာတ္လမ္းခပ္သြက္သြက္နဲ႔ စိတ္ဝင္စားဖို႔ေကာင္းတာေၾကာင့္ အ႐ြယ္ေရာက္ၿပီးသူေတြပါ အႀကိဳက္ေတြ႕တတ္ၾကပါတယ္။ ဒါေၾကာင့္ ဒီလိုစိတ္ဝင္စားစရာ animated ႐ုပ္ရွင္မ်ားကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

(7) The Addams Family
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (5.8) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Addams မိသားစုဟာ သူတို႔ရဲ႕ ေဆြမ်ိဴးေတြဆီကို သြားလည္ဖို႔အတြက္ ျပင္ဆင္ေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ သူတို႔အိမ္အနီးနားဝန္းက်င္က အိမ္ၿခံေျမေတြကို ေရာင္းဖို႔ ျပင္ဆင္ေနတဲ့ reality show တစ္ခုက host ဟာ Addams မိသားစုရဲ႕အိမ္ႀကီးေၾကာင့္ တစ္ျခားအိမ္ေတြ ေရာင္းမထြက္ဘူး ျဖစ္ေနတာကို သိသြားပါတယ္။ ဒီမွာတင္ Addams မိသားစုနဲ႔ ျပႆနာတက္ၾကပါေတာ့တယ္။

(6) Igor
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ သိပၸံပညာရွင္ေတြနဲ႔ မေကာင္းတဲ့ တီထြင္မႈေတြၾကားထဲမွာ ေနထိုင္ေနရတဲ့ Igor ဆိုတဲ့ ပါရမီထူးသူတစ္ေယာက္အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ Igor ဟာ တစ္ျခားသိပၸံပညာရွင္တစ္ေယာက္ရဲ႕ လက္ေထာက္ျဖစ္ၿပီး အနာဂတ္မွာ သိပၸံပညာရွင္တစ္ေယာက္ ျဖစ္လာေအာင္ ႀကိဳးစားပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(5) Monster House
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (6.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ တစ္ရက္မွာ လူငယ္သုံးေယာက္ဟာ သူတို႔ရဲ႕ ၿမိဳ႕ထဲမွာရွိတဲ့ ေၾကာက္စရာအိမ္ႀကီးဟာ ကေလးေတြကိုမုန္းတဲ့ မြန္းစတားႀကီး ျဖစ္ေနမွန္း သိလိုက္ၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔သုံးေယာက္ဟာ ဘယ္သူ႔ကိုမွ အႏၲရာယ္မေပးႏိုင္ေအာင္ အဲ့ဒီမြန္းစတားႀကီးကို ဖ်က္ဆီးဖို႔အတြက္ ဆုံးျဖတ္လိုက္ၾကပါေတာ့တယ္။

(4) Frankenweenie
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၂၀၁၂ခုႏွစ္မွာပဲ ထြက္ရွိခဲ့ၿပီး IMDb (6.9) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Victor ရဲ႕ ေခြးေလးဟာ ကားတိုက္ခံရၿပီး ေသဆုံးသြားရာက စတင္ပါတယ္။ ဒါေၾကာင့္ပဲ Victor ဟာ သူ႔ရဲ႕ေခြးေလးကို အသက္ျပန္သြင္းဖို႔အတြက္ စမ္းသပ္မႈေတြမ်ိဴးစုံ ျပဳလုပ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေအာင္ျမင္စြာနဲ႔ပဲ ေခြးေလးကို အသက္ျပန္သြင္းေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အေျခအေနေတြဟာ သူထင္ထားခဲ့သလို မဟုတ္ဘဲ ရႈပ္ေထြးလာတဲ့အခ်ိန္မွာေတာ့…..။

(3) Coraline
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Coraline ဆိုတဲ့ ေကာင္မေလးဟာ သူမရဲ႕အိမ္ထဲက တံခါးတစ္ခ်ပ္ေနာက္မွာရွိတဲ့ တစ္ျခားကမာၻဆီ သြားရာလမ္းကို ရွာေတြ႕ခဲ့ပါတယ္။ အဲ့ဒီတစ္ျခားကမာၻမွာလည္း သူမရဲ႕မိဘေတြရွိေနၿပီး ပုံမွန္ကမာၻက မိဘေတြထက္ ပိုၿပီးေတာ့ သေဘာေကာင္းေနခဲ့ပါတယ္။ ဒါေပမယ့္လည္း တျဖည္းျဖည္းနဲ႔ တစ္ျခားကမာၻက မိဘေတြဟာ ေၾကာက္စရာေကာင္းလာၿပီး သူမကို အက်ဥ္းသားအျဖစ္ ဖမ္းထားလိုက္တဲ့အခါမွာေတာ့ … ။

(2) Monster, Inc.
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၁ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ မြန္းစတားေတြဟာ Monstropolis ၿမိဳ႕ကို စြမ္းအားေပးဖို႔အတြက္ ကေလးေတြကို ေျခာက္လွန႔္ၾကရပါတယ္။ အဲ့ဒီထဲမွာမွ Sulley နဲ႔ Mike တို႔ဟာ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္ၾကၿပီး သူတို႔ႏွစ္ေယာက္ဟာ အေတာ္ဆုံး အလုပ္သမားေတြ ျဖစ္ၾကပါတယ္။ ဒါေပမယ့္လည္း လူသား ကေလးမေလးတစ္ေယာက္က သူတို႔ရဲ႕ကမာၻထဲကို ဝင္ေရာက္လာတဲ့အခါမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ဘဝႀကီးဟာ ေျပာင္းလဲသြားပါေတာ့တယ္။

(1) The Nightmare Before Christmas
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၉၃ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေဟာလိုးဝင္းၿမိဳ႕ရဲ႕ ဘုရင္ျဖစ္တဲ့ Jack Skellington ဟာ တစ္ရက္မွာ ခရစ္စမတ္ၿမိဳ႕ေလးကို ရွာေတြ႕သြားပါတယ္။ ဒါနဲ႔ပဲ သူ႔ရဲ႕ၿမိဳ႕မွာလည္း အဲ့လိုမ်ိဴး ခရစ္စမတ္ျဖစ္လာေအာင္ ျပဳလုပ္တဲ့အခ်ိန္မွာေတာ့ အလြဲေတြ ျဖစ္လာခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular