HomeEntertainmentFilmHorror ဇာတ်ကားတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ဖော်မြူလာများ

Horror ဇာတ်ကားတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ဖော်မြူလာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror ရုပ်ရှင်ဇာတ်ကားတွေဟာ ထိတ်လန့်သည်းဖိုဖြစ်ရတဲ့ ခံစားချက်ကို ကြိုက်နှစ်သက်သူများရဲ့ အသည်းစွဲပါပဲ။ သို့ပေမယ့် horror ရုပ်ရှင်တိုင်းလိုလိုမှာ တူညီတဲ့အချက်တွေ၊ သုံးလေ့ရှိတဲ့ ဇာတ်လမ်း အချိုးအကွေ့ပုံစံတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ မချိတင်ကဲ အားမလိုအားမရ ဖြစ်ရတဲ့ horror ဇာတ်ကားတွေထဲက တူညီတဲ့ ဖော်မြူလာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တူညီတဲ့ ကြောက်စရာနေရာများ
Photo Credit: Netflix

horror ရုပ်ရှင်တွေ ရိုက်ကူးတော့မယ်ဆိုရင် နေရာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ နေရာထိုင်ခင်းပေါ် မူတည်ပြီး ကြည့်ရှုသူအတွက် မသက်မသာနဲ့ ထိတ်လန့်ဖွယ် ခံစားချက်တွေကို ပေးစွမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် horror ရုပ်ရှင်အများစုမှာ သုံးလေ့ရှိတဲ့ ကြောက်လန့်ဖွယ်ရာ နေရာတွေကတော့ များသောအားဖြင့် စိတ္တဇဆေးရုံ၊ မိဘမဲ့ဂေဟာ၊ မိုင်းတွင်းအဟောင်းအပျက်များ၊ အိမ်အို၊ အိမ်ပျက်ကြီးများနဲ့ ဂူတွေလို နေရာတွေကိုပဲ ထပ်တလဲလဲ သုံးစွဲတတ်ကြပါတယ်။

အလွဲလွဲအချော်ချော်နဲ့ ဇာတ်လိုက်များ
Photo via IMDb

horror ကားတွေထဲက ဇာတ်လိုက်တွေကတော့ တစ်ခြားရုပ်ရှင်တွေထဲက ဇာတ်လိုက်တွေလို သိပ်ပြီးဉာဏ်ပြေးနေတာမျိုး မရှိကြပါဘူး။ အနောက်က လူသတ်ကောင်၊ ဒါမှမဟုတ် ကြောက်စရာသတ္တဝါကြီးတစ်ခုခုက လိုက်လာပြီဆိုရင် အသက်လု ပြေးနေရပေမယ့် အမြဲတစေ ချော်လဲလိုက်ရမှ၊ ပြုတ်ကျလိုက်ရမှ၊ အသံမထွက်ဘဲ ပုန်းနေပြီဆို တစ်ခုခုကို တက်နင်းလိုက်ရမှ၊ အသံမြည်သွားရမှ ဇာတ်လိုက်ပီသတယ်လို့ ပြောရမလိုပါပဲ။

ဖန်တရာတေနေပြီးသား သဘာဝလွန်ခြောက်လှန့်မှုများ
Photo via IMDb

ဒါကတော့ မကောင်းဆိုးဝါးတွေ၊ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ horror ကားတွေမှာ ပိုပြီးတွေ့ရလေ့ ရှိပါတယ်။ ဘယ်ကလာမှန်းမသိတဲ့ ဆူညံသံတွေ၊ ကြောက်စရာ အော်မြည်သံတွေ၊ တဖျတ်ဖျတ်နဲ‌့ မှိတ်တုတ် မှိတ်တုတ်ဖြစ်တတ်တဲ့ လျှပ်စစ်မီးတွေ စသဖြင့် တူညီတဲ့ ခြောက်လှန့်မှုတွေကိုပဲ သုံးလေ့ရှိကြပါတယ်။

ခပ်ပေါပေါ jump scare များ
Photo via IMDb

ဒါကတော့ horror ရုပ်ရှင်အများစု တွင်တွင်ကျယ်ကျယ် သုံးစွဲတတ်တဲ့အရာတစ်ခုပါပဲ။ တိတ်ဆိတ်နေတဲ့ ဇာတ်ဝင်ခန်းကနေ နောက်ခံတေးဂီတနဲ့ ရုတ်တရက် ဝုန်း ဒိုင်း ဆိုပြီး jump scare တွေ သုံးပြီးမှ အနောက်ကနေ ကြောက်စရာသတ္တဝါ၊ ဒါမှမဟုတ် မကောင်းဆိုးဝါးတစ်ခုခုက ထွက်ပေါ်လာတာမျိုးတွေ ဖြစ်ပါတယ်။

မှောင်မည်းနေတဲ့ မြေအောက်ခန်းများ
Photo via IMDb

horror ဇာတ်ကားမှန်ရင် မှောင်ပိန်းနေတဲ့ မြေအောက်ခန်းတစ်ခုလည်း ပါဝင်တတ်ကြပါတယ်။ အများအားဖြင့် အဲ့ဒီ့မြေအောက်ခန်းတွေဟာ မီးအလင်းရောင်လည်း ကောင်းကောင်းမရဘဲ မှောင်ပိန်းနေတတ်ပြီး ဘာမှန်းမသိတဲ့ ပစ္စည်းအဟောင်းအပျက်တွေနဲ့လည်း ရှုပ်ယှတ်ခတ်နေတတ်ပါသေးတယ်။ မှောင်မည်းနေတဲ့ အခန်းထောင့်နေရာတွေကတော့ ခြောက်လှန့်ဖို့အကောင်းဆုံး နေရာတွေ ဖြစ်ပါတယ်။

လူသတ်ကောင်ကြီးကို သေပြီဆိုပြီး စိတ်လျှော့လိုက်တဲ့အခါ …
Photo via IMDb

လူသတ်ကားအများစုမှာတော့ လူသတ်ကောင်တွေကို အနိုင်တိုက်နိုင်ပြီလို့ စိတ်ချလက်ချ နေလိုက်တဲ့အချိန်ဟာ အဲ့ဒီ့ဇာတ်ကောင်ရဲ့ သေဆုံးရမယ့်အချိန်ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ လူသတ်ကောင်တို့မည်သည် အလွယ်တကူနဲ့ သေဆုံးလေ့ မရှိဘဲ နည်းအမျိုးမျိုးနဲ့ ပြန်လည်ရှင်သန်လာတတ်တာကြောင့်ပါပဲ။ ဒါကြောင့်လည်း သေပြီဆိုပြီး လျှော့တွက်ထားတဲ့ လူသတ်ကောင်ကို ရေကန်ထဲက ပြန်ထွက်လာတာ၊ ကားနောက်ဖုံးထဲကနေ ပြန်ထွက်လာတာ စသဖြင့် တွေ့ကြရတာ ဖြစ်ပါတယ်။

လူတိုင်းဟာ သေဆုံးပြီးသား ဖြစ်နေတတ်ပါတယ်။
Photo via IMDb

ဒါကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံ ရိုက်ကူးထားတဲ့ horror ကားတွေမှာ တွေ့ရလေ့ ရှိတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ဇာတ်ကောင်တွေဟာ သူတို့နေထိုင်တဲ့အိမ်ထဲမှာ မူမမှန်တဲ့ လှုပ်ရှားမှုတွေ၊ ဖြစ်ရပ်တွေကို တွေ့ကြုံလာရပြီး ခြောက်လှန့်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလို ယောက်ယတ်ခတ်ပြီး ပြဿနာတွေ တက်ပြီးနောက် အဆုံးမှာတော့ ဇာတ်ကောင်အားလုံးဟာ သေဆုံးပြီးသား ဖြစ်နေတတ်ပြီး သူတို့ကသာ အိမ်ပိုင်ရှင်တွေကို ပြန်လည်ခြောက်လှန့်နေတဲ့ ဝိဉာဉ်တွေ ဖြစ်နေတတ်တာပါပဲ။

ဒါကတော့ horror ဇာတ်ကားအများစုမှာ တွေ့ရလေ့ရှိတဲ့ တူညီတဲ့ ပုံသေကားချပ်များ၊ ဖော်မြူလာများထဲက အချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ တွေးမိတဲ့ အခြားအချက်တွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Horror ႐ုပ္ရွင္ဇာတ္ကားေတြဟာ ထိတ္လန႔္သည္းဖိုျဖစ္ရတဲ့ ခံစားခ်က္ကို ႀကိဳက္ႏွစ္သက္သူမ်ားရဲ႕ အသည္းစြဲပါပဲ။ သို႔ေပမယ့္ horror ႐ုပ္ရွင္တိုင္းလိုလိုမွာ တူညီတဲ့အခ်က္ေတြ၊ သုံးေလ့ရွိတဲ့ ဇာတ္လမ္း အခ်ိဳးအေကြ႕ပုံစံေတြလည္း ရွိပါေသးတယ္။ ဒါေၾကာင့္ ၾကည့္ရႈသူ ပရိသတ္ေတြအေနနဲ႔ မခ်ိတင္ကဲ အားမလိုအားမရ ျဖစ္ရတဲ့ horror ဇာတ္ကားေတြထဲက တူညီတဲ့ ပုံစံခြက္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

တူညီတဲ့ ေၾကာက္စရာေနရာမ်ား
Photo Credit: Netflix

horror ႐ုပ္ရွင္ေတြ ႐ိုက္ကူးေတာ့မယ္ဆိုရင္ ေနရာကလည္း အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ပါတယ္။ ေနရာထိုင္ခင္းေပၚ မူတည္ၿပီး ၾကည့္ရႈသူအတြက္ မသက္မသာနဲ႔ ထိတ္လန႔္ဖြယ္ ခံစားခ်က္ေတြကို ေပးစြမ္းႏိုင္လို႔ပဲ ျဖစ္ပါတယ္။ သို႔ေပမယ့္ horror ႐ုပ္ရွင္အမ်ားစုမွာ သုံးေလ့ရွိတဲ့ ေၾကာက္လန႔္ဖြယ္ရာ ေနရာေတြကေတာ့ မ်ားေသာအားျဖင့္ စိတၱဇေဆး႐ုံ၊ မိဘမဲ့ေဂဟာ၊ မိုင္းတြင္းအေဟာင္းအပ်က္မ်ား၊ အိမ္အို၊ အိမ္ပ်က္ႀကီးမ်ားနဲ႔ ဂူေတြလို ေနရာေတြကိုပဲ ထပ္တလဲလဲ သုံးစြဲတတ္ၾကပါတယ္။

အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ဇာတ္လိုက္မ်ား
Photo via IMDb

horror ကားေတြထဲက ဇာတ္လိုက္ေတြကေတာ့ တစ္ျခား႐ုပ္ရွင္ေတြထဲက ဇာတ္လိုက္ေတြလို သိပ္ၿပီးဉာဏ္ေျပးေနတာမ်ိဳး မရွိၾကပါဘူး။ အေနာက္က လူသတ္ေကာင္၊ ဒါမွမဟုတ္ ေၾကာက္စရာသတၱဝါႀကီးတစ္ခုခုက လိုက္လာၿပီဆိုရင္ အသက္လု ေျပးေနရေပမယ့္ အၿမဲတေစ ေခ်ာ္လဲလိုက္ရမွ၊ ျပဳတ္က်လိုက္ရမွ၊ အသံမထြက္ဘဲ ပုန္းေနၿပီဆို တစ္ခုခုကို တက္နင္းလိုက္ရမွ၊ အသံျမည္သြားရမွ ဇာတ္လိုက္ပီသတယ္လို႔ ေျပာရမလိုပါပဲ။

ဖန္တရာေတေနၿပီးသား သဘာဝလြန္ေျခာက္လွန႔္မႈမ်ား
Photo via IMDb

ဒါကေတာ့ မေကာင္းဆိုးဝါးေတြ၊ သဘာဝလြန္ျဖစ္ရပ္ေတြကို အေျခခံၿပီး ႐ိုက္ကူးထားတဲ့ horror ကားေတြမွာ ပိုၿပီးေတြ႕ရေလ့ ရွိပါတယ္။ ဘယ္ကလာမွန္းမသိတဲ့ ဆူညံသံေတြ၊ ေၾကာက္စရာ ေအာ္ျမည္သံေတြ၊ တဖ်တ္ဖ်တ္နဲ‌့ မွိတ္တုတ္ မွိတ္တုတ္ျဖစ္တတ္တဲ့ လွ်ပ္စစ္မီးေတြ စသျဖင့္ တူညီတဲ့ ေျခာက္လွန႔္မႈေတြကိုပဲ သုံးေလ့ရွိၾကပါတယ္။

ခပ္ေပါေပါ jump scare မ်ား
Photo via IMDb

ဒါကေတာ့ horror ႐ုပ္ရွင္အမ်ားစု တြင္တြင္က်ယ္က်ယ္ သုံးစြဲတတ္တဲ့အရာတစ္ခုပါပဲ။ တိတ္ဆိတ္ေနတဲ့ ဇာတ္ဝင္ခန္းကေန ေနာက္ခံေတးဂီတနဲ႔ ႐ုတ္တရက္ ဝုန္း ဒိုင္း ဆိုၿပီး jump scare ေတြ သုံးၿပီးမွ အေနာက္ကေန ေၾကာက္စရာသတၱဝါ၊ ဒါမွမဟုတ္ မေကာင္းဆိုးဝါးတစ္ခုခုက ထြက္ေပၚလာတာမ်ိဳးေတြ ျဖစ္ပါတယ္။

ေမွာင္မည္းေနတဲ့ ေျမေအာက္ခန္းမ်ား
Photo via IMDb

horror ဇာတ္ကားမွန္ရင္ ေမွာင္ပိန္းေနတဲ့ ေျမေအာက္ခန္းတစ္ခုလည္း ပါဝင္တတ္ၾကပါတယ္။ အမ်ားအားျဖင့္ အဲ့ဒီ့ေျမေအာက္ခန္းေတြဟာ မီးအလင္းေရာင္လည္း ေကာင္းေကာင္းမရဘဲ ေမွာင္ပိန္းေနတတ္ၿပီး ဘာမွန္းမသိတဲ့ ပစၥည္းအေဟာင္းအပ်က္ေတြနဲ႔လည္း ရႈပ္ယွတ္ခတ္ေနတတ္ပါေသးတယ္။ ေမွာင္မည္းေနတဲ့ အခန္းေထာင့္ေနရာေတြကေတာ့ ေျခာက္လွန႔္ဖို႔အေကာင္းဆုံး ေနရာေတြ ျဖစ္ပါတယ္။

လူသတ္ေကာင္ႀကီးကို ေသၿပီဆိုၿပီး စိတ္ေလွ်ာ့လိုက္တဲ့အခါ …
Photo via IMDb

လူသတ္ကားအမ်ားစုမွာေတာ့ လူသတ္ေကာင္ေတြကို အႏိုင္တိုက္ႏိုင္ၿပီလို႔ စိတ္ခ်လက္ခ် ေနလိုက္တဲ့အခ်ိန္ဟာ အဲ့ဒီ့ဇာတ္ေကာင္ရဲ႕ ေသဆုံးရမယ့္အခ်ိန္ပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ လူသတ္ေကာင္တို႔မည္သည္ အလြယ္တကူနဲ႔ ေသဆုံးေလ့ မရွိဘဲ နည္းအမ်ိဳးမ်ိဳးနဲ႔ ျပန္လည္ရွင္သန္လာတတ္တာေၾကာင့္ပါပဲ။ ဒါေၾကာင့္လည္း ေသၿပီဆိုၿပီး ေလွ်ာ့တြက္ထားတဲ့ လူသတ္ေကာင္ကို ေရကန္ထဲက ျပန္ထြက္လာတာ၊ ကားေနာက္ဖုံးထဲကေန ျပန္ထြက္လာတာ စသျဖင့္ ေတြ႕ၾကရတာ ျဖစ္ပါတယ္။

လူတိုင္းဟာ ေသဆုံးၿပီးသား ျဖစ္ေနတတ္ပါတယ္။
Photo via IMDb

ဒါကေတာ့ သဘာဝလြန္ျဖစ္ရပ္ေတြကို အေျခခံ ႐ိုက္ကူးထားတဲ့ horror ကားေတြမွာ ေတြ႕ရေလ့ ရွိတဲ့အခ်က္တစ္ခု ျဖစ္ပါတယ္။ ဇာတ္ေကာင္ေတြဟာ သူတို႔ေနထိုင္တဲ့အိမ္ထဲမွာ မူမမွန္တဲ့ လႈပ္ရွားမႈေတြ၊ ျဖစ္ရပ္ေတြကို ေတြ႕ႀကဳံလာရၿပီး ေျခာက္လွန႔္မႈေတြနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။ ဒီလို ေယာက္ယတ္ခတ္ၿပီး ျပႆနာေတြ တက္ၿပီးေနာက္ အဆုံးမွာေတာ့ ဇာတ္ေကာင္အားလုံးဟာ ေသဆုံးၿပီးသား ျဖစ္ေနတတ္ၿပီး သူတို႔ကသာ အိမ္ပိုင္ရွင္ေတြကို ျပန္လည္ေျခာက္လွန႔္ေနတဲ့ ဝိဉာဥ္ေတြ ျဖစ္ေနတတ္တာပါပဲ။

ဒါကေတာ့ horror ဇာတ္ကားအမ်ားစုမွာ ေတြ႕ရေလ့ရွိတဲ့ တူညီတဲ့ ပုံေသကားခ်ပ္မ်ား၊ ေဖာ္ျမဴလာမ်ားထဲက အခ်ိဳ႕ကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ေတြးမိတဲ့ အျခားအခ်က္ေတြ ရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular