HomeCelebs Update NewsInternationalကလေးရုပ်ပြစာအုပ် ရေးသားထုတ်ဝေလိုက်တဲ့ Elizabeth Olsen တို့ဇနီးမောင်နှံ

ကလေးရုပ်ပြစာအုပ် ရေးသားထုတ်ဝေလိုက်တဲ့ Elizabeth Olsen တို့ဇနီးမောင်နှံ

Elizabeth Olsen နဲ့ သူမရဲ့ခင်ပွန်းသည် Robbie Arnett တို့ဟာ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ရုပ်ပြစာအုပ်တစ်အုပ်ကို ပူးတွဲရေးသား ထုတ်ဝေလိုက်ပါတယ်။ Hattie Harmony: Worry Detective လို့ အမည်ရတဲ့ စာအုပ်လေးကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ထွက်ရှိလာတာ ဖြစ်ပြီး Viking Children’s Books စာအုပ်တိုက်ကနေ ပုံနှိပ်ဖြန့်ချိထားတာ ဖြစ်ပါတယ်။

“Robbie နဲ့ကျွန်မနှစ်ယောက်လုံး Hattie Harmony ကို မိတ်ဆက်ပေးဖို့ သိပ်ကိုစိတ်လှုပ်ရှားနေကြတာပါ။ ကျွန်မတို့ငယ်ငယ်က နှစ်သက်ခဲ့ရတဲ့ ရုပ်ပြစာအုပ်လေးတွေကို မှီငြမ်းပြီး ဒီစာအုပ်လေးကို ဖန်တီးထားတာပါ။ Hattie ဟာ ကလေးတွေအတွက် သူငယ်ချင်းတစ်ယောက် ဖြစ်လာပြီး ကိုယ့်ကိုယ်ကိုရော တခြားသူတွေကိုပါ ကြင်နာတတ်ဖို့ သတိပေးနေမယ့် သူငယ်ချင်းကောင်းလေး ဖြစ်မယ်လို့ မျှော်လင့်ပါတယ် …” လို့ Olsen က ပြောထားပါတယ်။

Photo Credit: Viking Children’s Books

Hattie Harmony: Worry Detective ကတော့ Olsen တို့ဇနီးမောင်နှံရဲ့ ပထမဆုံး ရုပ်ပြစာအုပ်ဖြစ်ပြီး Marissa Valdez က သရုပ်ဖော်ရေးဆွဲပေးထားပါတယ်။ Hattie Harmony ကတော့ ကလေးတွေ ရင်ဆိုင်ရလေ့ရှိတဲ့ စိတ်ပူပင်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေကို ကူညီကျော်ဖြတ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ကလေးတွေအနေနဲ့ နွေးထွေးကူညီမှု၊ ချိုသာကြင်နာမှုတွေနဲ့အတူ အကြောက်တရားကို ရင်ဆိုင်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

Photo: Instagram

Elizabeth Olsen နဲ့ Robbie Arnett တို့ကတော့ ချစ်သူတွေဖြစ်ပြီး သုံးနှစ်အကြာမှာ စေ့စပ်ခဲ့ကြတာ ဖြစ်ပြီး ကိုဗစ်ကာလမတိုင်ခင်မှာပဲ တိတ်တဆိတ် လက်ထပ်ထားကြတာ ဖြစ်ပါတယ်။ Olsen ကတော့ အသက်(၃၃)နှစ်ရှိပြီ ဖြစ်ပြီး Arnett ကတော့ အသက်(၃၀)နှစ်ရှိနေပါပြီ။ Olsen ရဲ့ခင်ပွန်းသည် Arnett ကတော့ Milo Greene ဆိုတဲ့ indie band တစ်ခုရဲ့ lead singer ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular