HomeEntertainmentFilmစကားပြောခန်းတွေ သိပ်မပါဘဲ ကြောက်ဖို့ကောင်းတဲ့ horror ဇာတ်ကားကောင်းများ

စကားပြောခန်းတွေ သိပ်မပါဘဲ ကြောက်ဖို့ကောင်းတဲ့ horror ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်ဖန်တီးသူတွေဟာ Horror ဇာတ်လမ်းတွေကို ဖန်တီးတော့မယ်ဆိုရင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရအောင် နည်းအမျိူးမျိူး သုံးတတ်ကြပါတယ်။ ဥပမာ – ကြောက်ဖို့ကောင်းတဲ့ တီးလုံးတွေနဲ့ jump scare တွေကို အသုံးပြုတတ်ကြပါတယ်။ အဲ့လိုနည်းလမ်းတွေထဲက ထူးခြားတာတစ်ခုကတော့ ဇာတ်လမ်းတစ်ခုလုံးမှာ ဒိုင်ယာလော့ခ်တွေ သိပ်ပြီး အသုံးမပြုဘဲ ကြည့်ရှုသူတွေကို တဖြည်းဖြည်း စိတ်ဝင်စားလာစေတဲ့နည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒိုင်‌ယာလော့ခ်တွေ သိပ်မပါဘဲ ကြောက်ဖို့ကောင်းတဲ့ horror ဇာတ်လမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Silent House
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၁ခုနှစ်တုန်းက ထွက်ရှိထားတာ ဖြစ်ပြီးတော့ IMDb (5.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့အဖေနဲ့ ဦးလေးနဲ့အတူ ငယ်ဘဝက အိမ်ကို ရောင်းဖို့အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ အိမ်ထဲမှာ တစ်ယောက်တည်း ဖြစ်သွားပြီး ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာခဲ့ပါတယ်။ Elizabeth Olsen နဲ့ Adam Trese တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(6) Beyond the Black Rainbow
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထူးဆန်းတဲ့ အဆောက်အဦးတစ်ခုထဲမှာ လူတွေက သိပ္ပံပညာနဲ့ ဝိဉာဉ်လောကနဲ့ ပတ်သက်တာတွေကို လေ့လာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီထဲက ဒေါက်တာတစ်ယောက်ဟာ စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းအားရှိတဲ့ ကောင်မလေးကို ဖမ်းထားပြီး အဲ့ဒီစိတ်စွမ်းအားတွေကို လေ့လာနေတဲ့ အခါမှာတော့ … ။ Michael J Rogers နဲ့ Eva Bourne တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Under the Skin
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.3) ရထားပါတယ်။ ဇာတ်လမ်းကတော့ စကော့တလန်နိုင်ငံရဲ့ မြို့လေးတစ်မြို့က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတွေကို ဖြားယောင်းသွေးဆောင်ပြီး သူမရဲ့ထောင်ချောက်ထဲကို ရောက်လာအောင် ပြုစားနေပါတယ်။ အဲ့ဒီ့ အဖြစ်အပျက်တစ်ခုချင်းစီကနေ တဖြည်းဖြည်းနဲ့ အဲ့ဒီကောင်မလေးက ဘယ်သူလည်းဆိုတာကို ရိုက်ပြသွားမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့တော့ မင်းသမီးချော Scarlett Johansson က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(4) Hush
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.6) ရရှိထားပါတယ်။ ဆွံ့အနားမကြားတဲ့ စာရေးဆရာမ တစ်ယောက်ဟာ တောအုပ်ထဲမှာ တသီးတသန့် အိမ်ဆောက်ပြီး နေထိုင်နေပါတယ်။ တစ်ရက်မှာတော့ လူသတ်သမားတစ်ယောက်ဟာ သူမရဲ့ အားနည်းချက်ကို အသုံးပြုပြီးတော့ အကြမ်းဖက်ဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ John Gallagher Jr. နဲ့ Kate Siegel တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

(3) High Tension
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၃ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီးတော့ IMDb (6.8) ရထားပါတယ်။ ဇာတ်လမ်းကတော့ Marie နဲ့ Alexia တို့ သူငယ်ချင်းနှစ်ယောက်ဟာ ပိတ်ရက်မှာ Alexia မိဘတွေရဲ့ အိမ်တစ်လုံးမှာ သွားနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီအိမ်ကို သူတို့ရောက်သွားတဲ့ညမှာပဲ တဖြည်းဖြည်းနဲ့ ကြောက်ဖို့ကောင်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာပါတော့တယ်။ Cecile de France နဲ့ Maiwenn တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(2) A Girl Walks Home Alone at Night
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ အီရန်နိုင်ငံက မြို့ငယ်လေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့ငယ်လေးမှာ နေတဲ့သူတွေဟာ သူတို့မြို့မှာ သွေးစုပ်ဖုတ်ကောင်ရှိနေတာကို လုံးဝသတိမထားမိကြပါဘူး။ ဒါအပြင် အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ တွေ့သမျှလူတွေကို သတ်နေတာ မဟုတ်ဘဲနဲ့ မိန်းကလေးတွေကို စော်ကားတဲ့ ယောက်ျားတွေကိုပဲ လိုက်လံသတ်ဖြတ်နေတာ ဖြစ်ပါတယ်။ Sheila Vand နဲ့ Arash Marandi တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) A Quiet Place
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုတစ်ခုဟာ အသက်ရှင်နေနိုင်ဖို့အတွက် အမြဲတမ်း ဘာအသံမှ မထွက်ဘဲ နေထိုင်နေရပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်မှာ မကောင်းဆိုးဝါးတွေ ရှိနေပြီးတော့ အဲ့ဒီကောင်တွေဟာ မျက်လုံးမမြင်ရဘဲ အသံကြားတဲ့နေရာကို ရောက်လာကြတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ ဇာတ်လမ်းတစ်ခုလုံးမှာ စကားပြောတာ မမြင်ရသလောက် ရှိပြီးတော့ လက်သင်္ကေတတွေနဲ့ပဲ ဆက်သွယ်ကြပါတယ်။ သရုပ်ဆောင်တွေကတော့ Emily Blunt နဲ့ John Krasinski တို့က အဓိက ပါဝင်ထားပါတယ်။

ဒါကတော့ စကားပြောခန်းတွေ သိပ်မပါဝင်တဲ့ horror ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္ဖန္တီးသူေတြဟာ Horror ဇာတ္လမ္းေတြကို ဖန္တီးေတာ့မယ္ဆိုရင္ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈရေအာင္ နည္းအမ်ိဴးမ်ိဴး သုံးတတ္ၾကပါတယ္။ ဥပမာ – ေၾကာက္ဖို႔ေကာင္းတဲ့ တီးလုံးေတြနဲ႔ jump scare ေတြကို အသုံးျပဳတတ္ၾကပါတယ္။ အဲ့လိုနည္းလမ္းေတြထဲက ထူးျခားတာတစ္ခုကေတာ့ ဇာတ္လမ္းတစ္ခုလုံးမွာ ဒိုင္ယာေလာ့ခ္ေတြ သိပ္ၿပီး အသုံးမျပဳဘဲ ၾကည့္ရႈသူေတြကို တျဖည္းျဖည္း စိတ္ဝင္စားလာေစတဲ့နည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ဒိုင္‌ယာေလာ့ခ္ေတြ သိပ္မပါဘဲ ေၾကာက္ဖို႔ေကာင္းတဲ့ horror ဇာတ္လမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Silent House
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၁ခုႏွစ္တုန္းက ထြက္ရွိထားတာ ျဖစ္ၿပီးေတာ့ IMDb (5.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕အေဖနဲ႔ ဦးေလးနဲ႔အတူ ငယ္ဘဝက အိမ္ကို ေရာင္းဖို႔အတြက္ ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္ဖို႔ ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ အိမ္ထဲမွာ တစ္ေယာက္တည္း ျဖစ္သြားၿပီး ထူးဆန္းတဲ့ ျဖစ္ရပ္ေတြ ျဖစ္လာခဲ့ပါတယ္။ Elizabeth Olsen နဲ႔ Adam Trese တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(6) Beyond the Black Rainbow
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (6.0) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ထူးဆန္းတဲ့ အေဆာက္အဦးတစ္ခုထဲမွာ လူေတြက သိပၸံပညာနဲ႔ ဝိဉာဥ္ေလာကနဲ႔ ပတ္သက္တာေတြကို ေလ့လာဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီထဲက ေဒါက္တာတစ္ေယာက္ဟာ စိတ္ခ်င္းဆက္သြယ္ႏိုင္တဲ့ စြမ္းအားရွိတဲ့ ေကာင္မေလးကို ဖမ္းထားၿပီး အဲ့ဒီစိတ္စြမ္းအားေတြကို ေလ့လာေနတဲ့ အခါမွာေတာ့ … ။ Michael J Rogers နဲ႔ Eva Bourne တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(5) Under the Skin
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (6.3) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ စေကာ့တလန္ႏိုင္ငံရဲ႕ ၿမိဳ႕ေလးတစ္ၿမိဳ႕က ထူးဆန္းတဲ့ မိန္းကေလးတစ္ေယာက္ဟာ ေယာက္်ားေတြကို ျဖားေယာင္းေသြးေဆာင္ၿပီး သူမရဲ႕ေထာင္ေခ်ာက္ထဲကို ေရာက္လာေအာင္ ျပဳစားေနပါတယ္။ အဲ့ဒီ့ အျဖစ္အပ်က္တစ္ခုခ်င္းစီကေန တျဖည္းျဖည္းနဲ႔ အဲ့ဒီေကာင္မေလးက ဘယ္သူလည္းဆိုတာကို ႐ိုက္ျပသြားမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္အေနနဲ႔ေတာ့ မင္းသမီးေခ်ာ Scarlett Johansson က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(4) Hush
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (6.6) ရရွိထားပါတယ္။ ဆြံ႕အနားမၾကားတဲ့ စာေရးဆရာမ တစ္ေယာက္ဟာ ေတာအုပ္ထဲမွာ တသီးတသန႔္ အိမ္ေဆာက္ၿပီး ေနထိုင္ေနပါတယ္။ တစ္ရက္မွာေတာ့ လူသတ္သမားတစ္ေယာက္ဟာ သူမရဲ႕ အားနည္းခ်က္ကို အသုံးျပဳၿပီးေတာ့ အၾကမ္းဖက္ဖို႔ ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ John Gallagher Jr. နဲ႔ Kate Siegel တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(3) High Tension
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၃ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီးေတာ့ IMDb (6.8) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Marie နဲ႔ Alexia တို႔ သူငယ္ခ်င္းႏွစ္ေယာက္ဟာ ပိတ္ရက္မွာ Alexia မိဘေတြရဲ႕ အိမ္တစ္လုံးမွာ သြားေနဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲ့ဒီအိမ္ကို သူတို႔ေရာက္သြားတဲ့ညမွာပဲ တျဖည္းျဖည္းနဲ႔ ေၾကာက္ဖို႔ေကာင္းတဲ့ ျဖစ္ရပ္ေတြ ျဖစ္လာပါေတာ့တယ္။ Cecile de France နဲ႔ Maiwenn တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(2) A Girl Walks Home Alone at Night
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.0) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ အီရန္ႏိုင္ငံက ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕မွာ ဇာတ္အိမ္တည္ထားပါတယ္။ ဒီၿမိဳ႕ငယ္ေလးမွာ ေနတဲ့သူေတြဟာ သူတို႔ၿမိဳ႕မွာ ေသြးစုပ္ဖုတ္ေကာင္ရွိေနတာကို လုံးဝသတိမထားမိၾကပါဘူး။ ဒါအျပင္ အဲ့ဒီေသြးစုပ္ဖုတ္ေကာင္ဟာ ေတြ႕သမွ်လူေတြကို သတ္ေနတာ မဟုတ္ဘဲနဲ႔ မိန္းကေလးေတြကို ေစာ္ကားတဲ့ ေယာက္်ားေတြကိုပဲ လိုက္လံသတ္ျဖတ္ေနတာ ျဖစ္ပါတယ္။ Sheila Vand နဲ႔ Arash Marandi တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) A Quiet Place
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မိသားစုတစ္ခုဟာ အသက္ရွင္ေနႏိုင္ဖို႔အတြက္ အၿမဲတမ္း ဘာအသံမွ မထြက္ဘဲ ေနထိုင္ေနရပါတယ္။ အေၾကာင္းကေတာ့ ကမာၻေပၚမွာ မေကာင္းဆိုးဝါးေတြ ရွိေနၿပီးေတာ့ အဲ့ဒီေကာင္ေတြဟာ မ်က္လုံးမျမင္ရဘဲ အသံၾကားတဲ့ေနရာကို ေရာက္လာၾကတာေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေတြေၾကာင့္ပဲ ဇာတ္လမ္းတစ္ခုလုံးမွာ စကားေျပာတာ မျမင္ရသေလာက္ ရွိၿပီးေတာ့ လက္သေကၤတေတြနဲ႔ပဲ ဆက္သြယ္ၾကပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Emily Blunt နဲ႔ John Krasinski တို႔က အဓိက ပါဝင္ထားပါတယ္။

ဒါကေတာ့ စကားေျပာခန္းေတြ သိပ္မပါဝင္တဲ့ horror ႐ုပ္ရွင္ကားေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္ကားေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular