HomeCelebs Update NewsInternationalဆေးနဲ့အရက်စွဲပြီး ထောင်ကျခဲ့တုန်းက အတွေ့အကြုံတွေကို ရင်ဖွင့်လာတဲ့ Robert Downey Jr. 

ဆေးနဲ့အရက်စွဲပြီး ထောင်ကျခဲ့တုန်းက အတွေ့အကြုံတွေကို ရင်ဖွင့်လာတဲ့ Robert Downey Jr. 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Robert Downey Jr. ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ David Letterman နဲ့ အင်တာဗျူးမှာ သူ ဆေးစွဲခဲ့တုန်းက အတွေ့အကြုံတွေနဲ့ ထောင်ကျနေစဉ်မှာ ဒါရိုက်တာ Jodie Foster က စာရေးပြီး အားပေးစကား ပြောပေးခဲ့ပုံတွေကို ဖွင့်ဟလာပါတယ်။

အသက်(၅၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Robert Downey Jr. ဟာ David Letterman ရဲ့ My Next Guest Needs No Introduction ရှိုးကို အလည်လာပြီး သူ့ရဲ့ဆေးစွဲခဲ့စဉ်ကာလနဲ့ ထောင်ကျခဲ့စဉ်တုန်းက အတွေ့အကြုံတွေကို ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ Robert ဟာ သူ့ရဲ့သရုပ်ဆောင်ဘဝ အစောပိုင်းလောက်မှာ မူးယစ်ဆေးနဲ့ အရက်စွဲနေခဲ့ပြီး ဆေးကွဲနေရင်းနဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

Photo: robertdowneyjr/ Instagram

“ကျွန်တော်ကောင်းနေရင်းနဲ့ ရိုက်ကွင်းကို တစ်ခေါက် သွားခဲ့ဖူးတယ်။ ကျွန်တော့်အတွက်ကတော့ အဲ့ဒါက ရုပ်ရှင်သမိုင်းမှာ တကယ့် သက်သောင့်သက်သာ အဖြစ်ဆုံး သရုပ်ဆောင်မှုပဲ … ” လို့ ဆိုကာ ၁၉၉၅ခုနှစ်က ဒါရိုက်တာ Jodie Foster ရိုက်ကူးခဲ့တဲ့ Home for the Holidays ဇာတ်ကားမှာ ဆေးကွဲရင်း သရုပ်ဆောင်ခဲ့ဖူးတဲ့အကြောင်းကို ပြောပြထားပါတယ်။

“အဲ့ဒီ့တုန်းက Jodie က တကယ် အထိအခိုက်မခံတာဗျ။ ရှင်က ဒီလိုပုံနဲ့ သွားလို့ရမယ် ထင်နေလားဆိုပြီးတော့ လာတာ။ ဒါမျိုးကို နောက်တစ်ခါ ထပ်မလုပ်တော့ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်မတို့က ခွင့်လွှတ်တတ်တဲ့ အဖွဲ့မို့လို့ပဲဆိုပြီးတော့ ကျွန်တော့်ကို ပြောရော။ ကျွန်တော်ကလည်း အဲ့ဒီ့နောက်ဆုံးရိုက်ထားတဲ့ ကဒ်က အဆင်မပြေလို့လားဆိုပြီး ပြန်မေးတာပေါ့။ အဲ့ကျတော့လည်း သူက … ဟာ ပြေတာပေါ့။ သိပ်ပြေတာပေါ့ရှင် ဆိုပြီး လုပ်တာ… ” လို့ ရိုက်ကွင်းပေါ်မှာ ဆေးကွဲရင်း သရုပ်ဆောင်တဲ့ကိစ္စကို ဒါရိုက်တာ Jodie Foster နဲ့ ပြောခဲ့ရတဲ့အကြောင်း ဖောက်သည်ချခဲ့ပါတယ်။

Photo: robertdowneyjr/ Instagram

Robert ဟာ ၁၉၉၆ခုနှစ်မှာ ပထမဆုံးအကြိမ် အဖမ်းခံခဲ့ရပါတယ်။ အဲ့ဒီ့တုန်းက သူ့ရဲ့ကားထဲမှာ ကိုကင်း၊ ဟီးရိုးအင်းနဲ့ သေနတ်တစ်လက် လက်ဝယ်တွေ့ရှိလို့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်ပတ်အကြာမှာတော့ ဆေးကွဲပြီး အိမ်နီးချင်းတစ်ယောက်ရဲ့ အိမ်ကို ဖောက်ဝင်လို့ ထပ်အဖမ်းခံခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ Robert ဟာ ခံဝန်ချုပ်နဲ့ ပြန်လွှတ်ခံရပြီး မူးယစ်ဆေးဖြတ်တဲ့ အစီအစဉ်မှာ ပါဝင်ဖို့ အမိန့်ချခံခဲ့ရပါတယ်။ သို့ပေမယ့် Robert ဟာ ခံဝန်ကာလကို သုံးကြိမ်တိတိ ဖောက်ဖျက်ခဲ့တာကြောင့် ၁၉၉၉ခုနှစ်မှာတော့ ထောင်ဒဏ် သုံးနှစ် ကျခံရပါတော့တယ်။

ကံကောင်းချင်တော့ လျှော့ရက်နဲ့ ထောင်ထဲမှာ တစ်နှစ်ကျော်လောက်သာ နေခဲ့ရပါတယ်။ အဲ့ဒီ့လို ထောင်သွင်း အကျဉ်းကျခံနေရချိန်မှာ ဒါရိုက်တာ Jodie Foster ဟာ သူ့ဆီကို စာရေးပြီး ရိုက်ကွင်းက ကိစ္စကို ဆက်ပြောလာခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်တော် ထောင်ကျနေတဲ့အချိန်မှာပဲ Jodie ဆီက စာတစ်စောင် ရောက်လာခဲ့တယ်။ ကျွန်မက သိပ်အဆင်ပြေတာပေါ့လို့ ပြောတဲ့ အဓိပ္ပာယ်က ဒီလိုပါဆိုပြီး သူ ပြောချင်တာတွေကို အဲ့ထဲမှာ ရေးထားတာ မှတ်မိသေးတယ်… ” လို့ Robert က ဆိုပါတယ်။

Photo: robertdowneyjr/ Instagram

Robert ဟာ အစပိုင်းမှာ ဆိုးခဲ့၊မိုက်ခဲ့ပေမယ့် ၂၀၀၃ခုနှစ်ကစလို့ မူးယစ်ဆေးဝါး ကင်းစင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး မင်းသားတွေထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘယ်လိုကြောင့် ဆေးစွဲသွားရလည်းဆိုတာကိုတော့ သူ့ကိုပြုစုပျိုးထောင်ခဲ့တဲ့ ဓလေ့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ “အမေရိကန် ဆေးဝါးအဖွဲ့ကတော့ ဆေးစွဲတာသော်လည်းကောင်း၊ အရက်စွဲတာသော်လည်းကောင်းဟာ ဦးနှောက်မှာ ဖြစ်နေတဲ့ ရောဂါတစ်ခုလို့ ပြောတာပဲ။ ဒါပေမယ့် တကယ်က ဖြေဆေးပေးနေတဲ့ အချိန်မှာ လူတွေက မယူချင်ကြတဲ့ ဦးနှောက်ရောဂါဗျ။ ပြောရရင် ဆေးစွဲတာတို့၊ အရက်စွဲတာတို့ဆိုတာ တကယ် ညင်ညင်သာသာလေးနဲ့ အန္တရာယ်ကြီးကြီး ပေးနိုင်တဲ့အရာပါပဲ… ” လို့ Robert က ဆိုထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

မင္းသား Robert Downey Jr. ဟာ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ David Letterman နဲ႔ အင္တာဗ်ဴးမွာ သူ ေဆးစြဲခဲ့တုန္းက အေတြ႕အႀကဳံေတြနဲ႔ ေထာင္က်ေနစဥ္မွာ ဒါ႐ိုက္တာ Jodie Foster က စာေရးၿပီး အားေပးစကား ေျပာေပးခဲ့ပုံေတြကို ဖြင့္ဟလာပါတယ္။

အသက္(၅၅)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Robert Downey Jr. ဟာ David Letterman ရဲ႕ My Next Guest Needs No Introduction ရႈိးကို အလည္လာၿပီး သူ႔ရဲ႕ေဆးစြဲခဲ့စဥ္ကာလနဲ႔ ေထာင္က်ခဲ့စဥ္တုန္းက အေတြ႕အႀကဳံေတြကို ေဝမွ်ေပးခဲ့တာ ျဖစ္ပါတယ္။ Robert ဟာ သူ႔ရဲ႕သ႐ုပ္ေဆာင္ဘဝ အေစာပိုင္းေလာက္မွာ မူးယစ္ေဆးနဲ႔ အရက္စြဲေနခဲ့ၿပီး ေဆးကြဲေနရင္းနဲ႔ ႐ုပ္ရွင္႐ိုက္ကြင္းမွာ သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ အေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။

Photo: robertdowneyjr/ Instagram

“ကြၽန္ေတာ္ေကာင္းေနရင္းနဲ႔ ႐ိုက္ကြင္းကို တစ္ေခါက္ သြားခဲ့ဖူးတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့ အဲ့ဒါက ႐ုပ္ရွင္သမိုင္းမွာ တကယ့္ သက္ေသာင့္သက္သာ အျဖစ္ဆုံး သ႐ုပ္ေဆာင္မႈပဲ … ” လို႔ ဆိုကာ ၁၉၉၅ခုႏွစ္က ဒါ႐ိုက္တာ Jodie Foster ႐ိုက္ကူးခဲ့တဲ့ Home for the Holidays ဇာတ္ကားမွာ ေဆးကြဲရင္း သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့အေၾကာင္းကို ေျပာျပထားပါတယ္။

“အဲ့ဒီ့တုန္းက Jodie က တကယ္ အထိအခိုက္မခံတာဗ်။ ရွင္က ဒီလိုပုံနဲ႔ သြားလို႔ရမယ္ ထင္ေနလားဆိုၿပီးေတာ့ လာတာ။ ဒါမ်ိဳးကို ေနာက္တစ္ခါ ထပ္မလုပ္ေတာ့ဘူး။ ဘာလို႔လည္းဆိုေတာ့ ကြၽန္မတို႔က ခြင့္လႊတ္တတ္တဲ့ အဖြဲ႕မို႔လို႔ပဲဆိုၿပီးေတာ့ ကြၽန္ေတာ့္ကို ေျပာေရာ။ ကြၽန္ေတာ္ကလည္း အဲ့ဒီ့ေနာက္ဆုံး႐ိုက္ထားတဲ့ ကဒ္က အဆင္မေျပလို႔လားဆိုၿပီး ျပန္ေမးတာေပါ့။ အဲ့က်ေတာ့လည္း သူက … ဟာ ေျပတာေပါ့။ သိပ္ေျပတာေပါ့ရွင္ ဆိုၿပီး လုပ္တာ… ” လို႔ ႐ိုက္ကြင္းေပၚမွာ ေဆးကြဲရင္း သ႐ုပ္ေဆာင္တဲ့ကိစၥကို ဒါ႐ိုက္တာ Jodie Foster နဲ႔ ေျပာခဲ့ရတဲ့အေၾကာင္း ေဖာက္သည္ခ်ခဲ့ပါတယ္။

Photo: robertdowneyjr/ Instagram

Robert ဟာ ၁၉၉၆ခုႏွစ္မွာ ပထမဆုံးအႀကိမ္ အဖမ္းခံခဲ့ရပါတယ္။ အဲ့ဒီ့တုန္းက သူ႔ရဲ႕ကားထဲမွာ ကိုကင္း၊ ဟီး႐ိုးအင္းနဲ႔ ေသနတ္တစ္လက္ လက္ဝယ္ေတြ႕ရွိလို႔ အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ေနာက္ထပ္ ႏွစ္ပတ္အၾကာမွာေတာ့ ေဆးကြဲၿပီး အိမ္နီးခ်င္းတစ္ေယာက္ရဲ႕ အိမ္ကို ေဖာက္ဝင္လို႔ ထပ္အဖမ္းခံခဲ့ရျပန္ပါတယ္။ ဒီလိုနဲ႔ Robert ဟာ ခံဝန္ခ်ဳပ္နဲ႔ ျပန္လႊတ္ခံရၿပီး မူးယစ္ေဆးျဖတ္တဲ့ အစီအစဥ္မွာ ပါဝင္ဖို႔ အမိန႔္ခ်ခံခဲ့ရပါတယ္။ သို႔ေပမယ့္ Robert ဟာ ခံဝန္ကာလကို သုံးႀကိမ္တိတိ ေဖာက္ဖ်က္ခဲ့တာေၾကာင့္ ၁၉၉၉ခုႏွစ္မွာေတာ့ ေထာင္ဒဏ္ သုံးႏွစ္ က်ခံရပါေတာ့တယ္။

ကံေကာင္းခ်င္ေတာ့ ေလွ်ာ့ရက္နဲ႔ ေထာင္ထဲမွာ တစ္ႏွစ္ေက်ာ္ေလာက္သာ ေနခဲ့ရပါတယ္။ အဲ့ဒီ့လို ေထာင္သြင္း အက်ဥ္းက်ခံေနရခ်ိန္မွာ ဒါ႐ိုက္တာ Jodie Foster ဟာ သူ႔ဆီကို စာေရးၿပီး ႐ိုက္ကြင္းက ကိစၥကို ဆက္ေျပာလာခဲ့တယ္လို႔ ဆိုပါတယ္။ “ကြၽန္ေတာ္ ေထာင္က်ေနတဲ့အခ်ိန္မွာပဲ Jodie ဆီက စာတစ္ေစာင္ ေရာက္လာခဲ့တယ္။ ကြၽန္မက သိပ္အဆင္ေျပတာေပါ့လို႔ ေျပာတဲ့ အဓိပၸာယ္က ဒီလိုပါဆိုၿပီး သူ ေျပာခ်င္တာေတြကို အဲ့ထဲမွာ ေရးထားတာ မွတ္မိေသးတယ္… ” လို႔ Robert က ဆိုပါတယ္။

Photo: robertdowneyjr/ Instagram

Robert ဟာ အစပိုင္းမွာ ဆိုးခဲ့၊မိုက္ခဲ့ေပမယ့္ ၂၀၀၃ခုႏွစ္ကစလို႔ မူးယစ္ေဆးဝါး ကင္းစင္ခဲ့ၿပီး ေဟာလိဝုဒ္ရဲ႕ အေအာင္ျမင္ဆုံး မင္းသားေတြထဲမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဘယ္လိုေၾကာင့္ ေဆးစြဲသြားရလည္းဆိုတာကိုေတာ့ သူ႔ကိုျပဳစုပ်ိဳးေထာင္ခဲ့တဲ့ ဓေလ့ေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။ “အေမရိကန္ ေဆးဝါးအဖြဲ႕ကေတာ့ ေဆးစြဲတာေသာ္လည္းေကာင္း၊ အရက္စြဲတာေသာ္လည္းေကာင္းဟာ ဦးေႏွာက္မွာ ျဖစ္ေနတဲ့ ေရာဂါတစ္ခုလို႔ ေျပာတာပဲ။ ဒါေပမယ့္ တကယ္က ေျဖေဆးေပးေနတဲ့ အခ်ိန္မွာ လူေတြက မယူခ်င္ၾကတဲ့ ဦးေႏွာက္ေရာဂါဗ်။ ေျပာရရင္ ေဆးစြဲတာတို႔၊ အရက္စြဲတာတို႔ဆိုတာ တကယ္ ညင္ညင္သာသာေလးနဲ႔ အႏၲရာယ္ႀကီးႀကီး ေပးႏိုင္တဲ့အရာပါပဲ… ” လို႔ Robert က ဆိုထားပါတယ္။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular