HomeEntertainmentFilmMs. Marvel ထဲက AvengerCon မှာ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ ဝမ်းနည်းစရာတစ်ခု

Ms. Marvel ထဲက AvengerCon မှာ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ ဝမ်းနည်းစရာတစ်ခု

*** SPOILER ALERT ***

Ms. Marvel ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ ပထမဆုံးအပိုင်း စတင်ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ ကမ္ဘာပေါ်ကလူတွေဟာ Avengers တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပထမဦးဆုံး AvengerCon ပွဲကို ကျင်းပခဲ့တာ တွေ့ရပါတယ်။ Kamala Khan ကလည်း ဒီပွဲကို သွားချင်လွန်းတာကြောင့် သူမရဲ့မိဘတွေ မလွှတ်တဲ့ကြားက မရရအောင် ထွက်သွားခဲ့ပြီး မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

AvengerCon ပွဲကိုတော့ Captain America ဖြစ်ပေါ်လာတဲ့နေရာ ဖြစ်တဲ့ Camp Lehigh မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲထဲမှာတော့ Thanos ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့ စူပါဟီးရိုးတွေအားလုံးကို ဂုဏ်ပြုထားတာ တွေ့ရပြီး Black Widow နဲ့ Iron Man တို့ရဲ့ အနစ်နာခံမှုကိုလည်း ဂုဏ်ပြုထားတာ တွေ့ရပါတယ်။ ဒီပွဲတော်ဟာ ပျော်စရာကြီး ဖြစ်နေပေမယ့်လည်း Detail ကျတဲ့ အချက်တစ်ခုကိုသာ သတိထားမိခဲ့မယ်ဆိုရင် အဲဒီလောက်ထိ ပျော်ဖို့မကောင်းတော့ပါဘူး။

အကြောင်းကတော့ ဒီပွဲထဲမှာ ဟီးရိုးတွေအားလုံးကို ဂုဏ်ပြုထားပြီး Cosplayer တွေကလည်း ဟီးရိုးအမျိူးမျိူးအဖြစ် Cosplay ပြုလုပ်ခဲ့ကြပေမယ့်လည်း ဝမ်းနည်းစရာတစ်ခုကတော့ အဲဒီဟီးရိုးတွေထဲမှာ Spider-Man မပါဝင်တာပဲ ဖြစ်ပါတယ်။ တကယ်ဂရုစိုက်ပြီး သေချာလိုက်ကြည့်မယ် ဆိုရင်တော့ ဒီပွဲထဲမှာ Spider-Man နဲ့ပတ်သက်တဲ့ ဘယ်အချက်မှ ပါဝင်မနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Spider-Man: No Way Home ထဲမှာတော့ Spider-Man ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် လူတိုင်းက Spider-Man ဆိုတာကို မေ့ပျောက်သွားစေမယ့် Spell တစ်ခုကို Doctor Strange ကို အသုံးပြုစေခဲ့ပါတယ်။ ဒီအချက်ကြောင့် MCU ထဲက လူတိုင်းဟာ Spider-Man ကို မေ့သွားခဲ့ကြပြီး ဒီအချက်ကိုတော့ AvengerCon ထဲမှာလည်း ရှင်းရှင်းလင်းလင်းပဲ မြင်တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ Kamala ဟာ YouTube မှာ Fanfic တွေ ပြုလုပ်နေတဲ့ အချိန်မှာလည်း Spider-Man အကြောင်းကို လုံးဝမပြောသွားပါဘူး။ ဒါကြောင့်ပဲ Spider-Man က သက်စွန့်ဆံဖျား ပြုလုပ်ခဲ့ရတဲ့ လုပ်ရပ်တွေကိုတောင်မှ ဘယ်သူကမှ မမှတ်မိတော့တာဟာ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular