HomeCharacterMs. Marvel ဇာတ်လမ်းတွဲထဲက လက်ကောက်ရဲ့ ကောမစ် Origin

Ms. Marvel ဇာတ်လမ်းတွဲထဲက လက်ကောက်ရဲ့ ကောမစ် Origin

Ms. Marvel ဇာတ်လမ်းတွဲကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက စတင်ထွက်ရှိခဲ့ပြီး Kamala Khan ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ သူမဟာ Avengers တွေကို ဂုဏ်ပြုပေးတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ AvengerCon ကို သွားဖို့အတွက် အမျိူးမျိူးကြိုးစားခဲ့တာကို မြင်တွေ့ခဲ့ရသလို လက်ကောက်တစ်ခုကြောင့် စွမ်းအားတွေ ရရှိလာတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Ms. Marvel လက်ကောက်ရဲ့ ကောမစ်ထဲက Origin ကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

MCU ဟာ Ms. Marvel ရဲ့ စွမ်းအားတွေနဲ့ Origin ကိုပဲ ပြောင်းလဲထားတာ မဟုတ်ဘဲ ဒီဇာတ်လမ်းတွဲထဲက အကြောင်းအရာအများစုကို ပြောင်းလဲဖန်တီးထားတာ ဖြစ်ပါတယ်။ အပိုင်း(၁)ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဒီလက်ကောက်ဟာလည်း ကောမစ်ထဲမှာ တိုက်ရိုက်တူညီနေတာမျိူး မရှိပါဘူး။ ဒီလက်ကောက်နဲ့ ဆင်တူတဲ့ ကောမစ်ထဲက အရာတစ်ခုကတော့ Quantum Band ပဲ ဖြစ်ပါတယ်။ Quantum Band ကိုတော့ Cosmic Entity တစ်ခုဖြစ်တဲ့ Eon က ဖန်တီးထားတာ ဖြစ်ပြီး စကြဝဠာကြီးကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Quantum Band ကို အသုံးပြုသူကတော့ စွမ်းအင်တွေကို လိုအပ်သလို ပြောင်းလဲသုံးစွဲနိုင်တဲ့အစွမ်း ရရှိမှာ ဖြစ်ပါတယ်။

photo via screenrant

နောက်ထပ်တစ်ခုကတော့ Kree တွေရဲ့ Nega-Band ပဲ ဖြစ်ပါတယ်။ အဲဒါကတော့ Negative Zone လို့ခေါ်တဲ့ တခြားဒိုင်မေးရှင်းထဲက စွမ်းအင်တွေကို အသုံးပြုပါတယ်။ ဖြစ်နိုင်ချေတစ်ခုကတော့ ဒီဇာတ်လမ်းတွဲဟာ Inhuman တွေကို Setup လုပ်သွားမယ်ဆိုတဲ့ သီအိုရီလည်း ရှိနေတာကြောင့် ဒီလက်ကောက်ဟာ Terrigen Mist တွေ ထုတ်ပေးတဲ့ Activator တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ကောမစ်ထဲက Kamala ကတော့ Inhuman တစ်ယောက် ဖြစ်တာကြောင့် ဒီအချက်ဟာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါ့အပြင် Kamala ဟာ သူမရဲ့အခန်းထဲကို ခိုးဝင်တဲ့အချိန်မှာတော့ Energy Field တွေဟာ လက်ကောက်ကနေ ထွက်မလာဘဲ ခြေထောက်က ထွက်လာတာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ ဒီဇာတ်ဝင်ခန်းကတော့ Kamala ဟာ ဒီလက်ကောက် မပါလည်း စွမ်းအားတွေကို အသုံးပြုနိုင်တယ်လို့ အရိပ်အမြွက် ပြထားတာ ဖြစ်နိုင်ပါတယ်။ ကောမစ်ထဲမှာတော့ Inhuman တွေကို Kree တွေက ဖန်တီးခဲ့တာ ဖြစ်တာကြောင့် အပေါ်ကသီအိုရီသာ မှန်ကန်မယ် ဆိုရင်တော့ Kamala ဝတ်လိုက်တဲ့ လက်ကောက်ဟာ Kree တွေ ဖန်တီးထားတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီလက်ကောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကတော့ ဝတ်ဆင်လိုက်သူရဲ့ အတွင်းမှာရှိနေတဲ့ စွမ်းအားတွေ ထွက်ပေါ်လာဖို့ နှိုးဆွပေးတာ ဖြစ်ပါလိမ့်မယ်။

photo via screenrant

ဒီလက်ကောက်ကတော့ Kamala ရဲ့ အဘွားဆီက ရရှိခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း Kamala ရဲ့ အမေကတော့ ဒီလက်ကောက်ကို အမှိုက်လို့ပဲ ပြောပါတယ်။ Kamala မိခင်ရဲ့ ပြောစကားအရ ဆိုရင်တော့ Kamala ရဲ့အဘွားဟာ စိတ်ကူးယဉ်လွန်နေတဲ့ လူတစ်ယောက်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အပေါ်ကအချက်သာ မှန်ကန်နေမယ် ဆိုရင်တော့ Kamala ရဲ့ အဘွားဟာလည်း Inhuman တစ်ယောက် ဖြစ်နေပြီး ဒီလက်ကောက်ရဲ့ အကူအညီကြောင့် စွမ်းအားတွေ ရရှိခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒီလက်ကောက်ပေါ်မှာတော့ ထူးဆန်းတဲ့ သင်္ကေတတွေကို မြင်တွေ့ခဲ့ရပြီး ပရိသတ်အချို့ကတော့ အဲဒီသင်္ကေတတွေဟာ Inhuman တွေရဲ့စာတွေ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါတင်မကသေးဘဲ ဒီလက်ကောက်ပေါ်မှာ မြင်တွေ့ခဲ့ရတဲ့ နေပုံသဏ္ဍာန်ဟာလည်း ကောမစ်ထဲက Kree တွေ အသုံးပြုခဲ့တဲ့ လိုဂိုနဲ့ ဆင်တူနေပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular