HomeCharacterLoki အပိုင်း(၅)ထဲက Alioth ရဲ့ ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်များ

Loki အပိုင်း(၅)ထဲက Alioth ရဲ့ ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဇာတ်လမ်းတွဲရဲ့ အပိုင်း (၅)ထဲမှာတော့ Alioth လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင် ပါဝင်ခဲ့ပါတယ်။ TVA ဟာ တစ်ယောက်ယောက်ရဲ့ ဖြစ်တည်မှုကို ဖျောက်ဖျက်လိုက်တိုင်း တစ်ခါတည်း တန်းပြီး ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။ တကယ်တော့ TVA က တစ်ယောက်ယောက်ရဲ့ ဖြစ်တည်မှုကို ဖျောက်ဖျက်လိုက်ချိန်မှာ အဲ့ဒီသူဟာ အချိန်ရဲ့အဆုံးသတ်မှာ ရှိတဲ့ ဗလာနတ္ထိထဲကို ရောက်သွားပါတယ်။ ဗလာနတ္ထိထဲမှာတော့ ရောက်ရှိလာသမျှ အရာအားလုံးကို စားသုံးပစ်တဲ့ Alioth ဆိုတဲ့ သတ္တဝါကြီးတစ်ကောင် တည်ရှိနေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Alioth ရဲ့ ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Alioth က ဘာလဲ?
photo via screenrant

အချိန်ကွဲ Loki ရှင်းပြခဲ့သလိုပဲ ဗလာနတ္ထိဟာ ငါးမန်းကန်တစ်ခု ဖြစ်ပြီး Alioth ကတော့ ငါးမန်း ဖြစ်ပါတယ်။ Alioth ဟာ Energy နဲ့ Matter တွေကို စားသုံးတဲ့ သက်ရှိမုန်တိုင်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ Alioth ရဲ့ မီးခိုးအနည်းငယ်နဲ့ ထိမိရုံလောက်ဆိုရင်တော့ မသေနိုင်ပေမယ့် အစားခံလိုက်ရပြီ ဆိုရင်တော့ အလောင်းတောင် မကျန်ခဲ့ပါဘူး။

Alioth ဟာ သက်ရှိမဟုတ်တဲ့ အရာတွေကိုလည်း စားသုံးနိုင်ပေမယ့် သက်ရှိတွေကိုတော့ ပိုပြီးကြိုက်နှစ်သက်ပါတယ်။ ကနဦးတုန်းကတော့ Alioth ဟာ ဒီလောက်ထိ မကြီးမားနိုင်ပါဘူး။ တဖြည်းဖြည်းနဲ့ စားသုံးတာတွေ များလာပြီး အခုလိုအကြီးကြီး ဖြစ်လာတာလို့ ယူဆနိုင်ပါတယ်။

(2) Alioth ရဲ့ Origin နဲ့ စွမ်းအားများ
photo via screenrant

ကောမစ်ထဲမှာတော့ Alioth ဟာ အချိန်ရဲ့ ကန့်သတ်မှုတွေက ရုန်းထွက်နိုင်ခဲ့တဲ့ ပထမဆုံး သက်ရှိတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Alioth ဟာ အချိန်စွမ်းအင်ကို စားသုံးတာကြောင့် Kang the Conqueror လိုမျိူး အချိန်ခရီးသွားသူတွေဟာ Alioth အတွက် များစွာသော အချိန်စွမ်းအင်တွေကို ပေးစွမ်းနိုင်ပါတယ်။

Alioth ဟာ လူသားတွေ ဖြစ်မလာခင် အချိန်ကတည်းက နယ်မြေတွေကို သိမ်းပိုက်ထားပြီး သူ့ရဲ့ပိုင်နက်ဟာ Kang ရဲ့ အင်ပါယာထက်တောင် သုံးဆလောက် ကြီးမားပါတယ်။ ဒါကြောင့် Kang the Conqueror ဟာ သူ့ရဲ့ အင်ပါယာကို 2000 BC အထိပဲ ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဒီအချက်ကြောင့်လည်း Alioth ဟာ Kang ရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်နေတာပါ။ Alioth ရဲ့ စွမ်းအားကတော့ သူနဲ့ ထိတွေ့သမျှ အရာအားလုံးကို ပျက်စီးသွားစေတာပဲ ဖြစ်ပြီး အပေါ်မှာဖော်ပြထားသလို အချိန်စွမ်းအင်တွေကိုလည်း စားသုံးနိုင်ပါတယ်။

(3) MCU မှာ ပြောင်းလဲသွားတဲ့ Alioth
photo via screenrant

Loki အပိုင်း (၅)ထဲမှာ မြင်တွေ့ခဲ့ရသလောက်ဆိုရင် Alioth ရဲ့ ပုံစံကလည်း ကောမစ်ထဲက ပုံစံနဲ့ အတော်ဆင်တူပါတယ်။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြခဲ့တဲ့ ကောမစ်ထဲက Alioth ဟာ လူသားတွေ မရှိခင်အချိန်မှာကတည်းက နေထိုင်ပြီး နယ်ချဲ့မယ့်အစား MCU ထဲမှာတော့ အချိန်တွေအားလုံးရဲ့ အဆုံးသတ် ဗလာနတ္ထိထဲမှာ နေထိုင်နေပါတယ်။

ဒါ့အပြင် MCU ထဲက Alioth ဟာ သက်မဲ့ပစ္စည်းတွေကို စားသုံးနိုင်ပေမယ့်လည်း သက်ရှိတွေကို ပိုပြီးစိတ်ဝင်စားတာကြောင့် ကောမစ်ထဲကလို အချိန်စွမ်းအင်တွေကို စားသုံးတယ်လို့ ယူဆနိုင်ပါတယ်။ လုံးဝကွာခြားနေတဲ့ အချက်ကတော့ ကောမစ်ထဲက Alioth ဟာ အသိဉာဏ်ရှိပြီး တခြားသူတွေနဲ့ ဆက်သွယ်နိုင်ပေမယ့်လည်း MCU ထဲက Alioth ကတော့ အသိဉာဏ်မရှိတဲ့ မိစ္ဆာကြီးတစ်ကောင်လိုမျိူး ဖြစ်နေပါတယ်။

နောက်ထပ် အံ့ဩစရာကောင်းတဲ့ အချက်တစ်ခုကတော့ MCU ထဲက Alioth ဟာ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ခဲ့ပေမယ့်လည်း သူဟာ Alioth ဖြစ်နေမှန်း တခြားအချိန်ကွဲ Loki တွေက ဘယ်လိုသိနေလည်းဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Loki နဲ့ Sylvie တို့ ပြုလုပ်ခဲ့သလို အရင်တုန်းကလည်း တစ်ယောက်ယောက်က Alioth ကို ပြုစားခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်ပဲ Time Loop လို ဖြစ်နေပြီး တကယ့်ဗီလိန်ကလည်း Loki ပဲ ဖြစ်ကာ အတိတ်က Loki ကို သူ့လိုမျိူးဖြစ်အောင် လမ်းခင်းပေးနေတယ်လို့ ယူဆလို့ ရပါတယ်။ ဒီအချက်ကို ကြည့်လိုက်ရင်တော့ ပရိသတ်တွေ ပြောနေကြတဲ့ ဒီဇာတ်လမ်းတွဲထဲက တကယ့်ဗီလိန်က Loki ပဲ ဖြစ်နေလိမ့်မယ်ဆိုတဲ့ အချက်ဟာ ပိုပြီးဖြစ်နိုင်ချေ ရှိနေပါတယ်။

(4) Alioth နဲ့ Kang the Conqueror ရဲ့ ဆက်နွယ်မှု
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ ကောမစ်ထဲမှာတော့ Alioth ဟာ Kang ရဲ့ အကြီးမားဆုံးရန်သူ ဖြစ်နိုင်တဲ့အထိ စွမ်းအားကြီးမားတဲ့ Entity တစ်ခု ဖြစ်ပါတယ်။ ဒါတင်မက ကောမစ်ထဲမှာတော့ Alioth ဟာ Kang ကို ဒုက္ခတွေအများကြီး ပေးခဲ့ဖူးပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုကြမ်းတဲ့ Alioth ကို MCU ထဲမှာတော့ TVA နောက်ကွယ်ကလူရဲ့ အစောင့်ခွေးလိုပုံစံမျိုး ပုံဖော်ထားပါတယ်။

ဒီအချက်ကြောင့် စဉ်းစားစရာ ရှိလာတာကတော့ MCU အနေနဲ့ Alioth ကို ဒီလောက်ထိ Role နှိမ့်ထားတာကြောင့် Kang ရဲ့ နောက်လိုက်အဖြစ် ပုံဖော်ဖို့ စီစဉ်ထားတာ ဖြစ်နိုင်ပါတယ်။ အခုချိန်ထိတော့ Loki ဇာတ်လမ်းတွဲရဲ့ အဓိကဗီလိန်ဟာ ဘယ်သူမှန်း သေချာမသိသေးဘဲ ဘယ်သီအိုရီက အမှန်ဖြစ်လာမလည်းဆိုတာကိုတော့ လာမယ့် ဇာတ်သိမ်းပိုင်းမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Loki ဇာတ္လမ္းတြဲရဲ႕ အပိုင္း (၅)ထဲမွာေတာ့ Alioth လို႔ေခၚတဲ့ သတၱဝါႀကီးတစ္ေကာင္ ပါဝင္ခဲ့ပါတယ္။ TVA ဟာ တစ္ေယာက္ေယာက္ရဲ႕ ျဖစ္တည္မႈကို ေဖ်ာက္ဖ်က္လိုက္တိုင္း တစ္ခါတည္း တန္းၿပီး ေပ်ာက္ပ်က္သြားတာ မဟုတ္ပါဘူး။ တကယ္ေတာ့ TVA က တစ္ေယာက္ေယာက္ရဲ႕ ျဖစ္တည္မႈကို ေဖ်ာက္ဖ်က္လိုက္ခ်ိန္မွာ အဲ့ဒီသူဟာ အခ်ိန္ရဲ႕အဆုံးသတ္မွာ ရွိတဲ့ ဗလာနတၳိထဲကို ေရာက္သြားပါတယ္။ ဗလာနတၳိထဲမွာေတာ့ ေရာက္ရွိလာသမွ် အရာအားလုံးကို စားသုံးပစ္တဲ့ Alioth ဆိုတဲ့ သတၱဝါႀကီးတစ္ေကာင္ တည္ရွိေနပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Alioth ရဲ႕ ေကာမစ္ထဲက Origin နဲ႔ စိတ္ဝင္စားစရာအခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Alioth က ဘာလဲ?
photo via screenrant

အခ်ိန္ကြဲ Loki ရွင္းျပခဲ့သလိုပဲ ဗလာနတၳိဟာ ငါးမန္းကန္တစ္ခု ျဖစ္ၿပီး Alioth ကေတာ့ ငါးမန္း ျဖစ္ပါတယ္။ Alioth ဟာ Energy နဲ႔ Matter ေတြကို စားသုံးတဲ့ သက္ရွိမုန္တိုင္းတစ္ခုလို႔လည္း ေျပာလို႔ရပါတယ္။ Alioth ရဲ႕ မီးခိုးအနည္းငယ္နဲ႔ ထိမိ႐ုံေလာက္ဆိုရင္ေတာ့ မေသႏိုင္ေပမယ့္ အစားခံလိုက္ရၿပီ ဆိုရင္ေတာ့ အေလာင္းေတာင္ မက်န္ခဲ့ပါဘူး။

Alioth ဟာ သက္ရွိမဟုတ္တဲ့ အရာေတြကိုလည္း စားသုံးႏိုင္ေပမယ့္ သက္ရွိေတြကိုေတာ့ ပိုၿပီးႀကိဳက္ႏွစ္သက္ပါတယ္။ ကနဦးတုန္းကေတာ့ Alioth ဟာ ဒီေလာက္ထိ မႀကီးမားႏိုင္ပါဘူး။ တျဖည္းျဖည္းနဲ႔ စားသုံးတာေတြ မ်ားလာၿပီး အခုလိုအႀကီးႀကီး ျဖစ္လာတာလို႔ ယူဆႏိုင္ပါတယ္။

(2) Alioth ရဲ႕ Origin နဲ႔ စြမ္းအားမ်ား
photo via screenrant

ေကာမစ္ထဲမွာေတာ့ Alioth ဟာ အခ်ိန္ရဲ႕ ကန႔္သတ္မႈေတြက ႐ုန္းထြက္ႏိုင္ခဲ့တဲ့ ပထမဆုံး သက္ရွိတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ Alioth ဟာ အခ်ိန္စြမ္းအင္ကို စားသုံးတာေၾကာင့္ Kang the Conqueror လိုမ်ိဴး အခ်ိန္ခရီးသြားသူေတြဟာ Alioth အတြက္ မ်ားစြာေသာ အခ်ိန္စြမ္းအင္ေတြကို ေပးစြမ္းႏိုင္ပါတယ္။

Alioth ဟာ လူသားေတြ ျဖစ္မလာခင္ အခ်ိန္ကတည္းက နယ္ေျမေတြကို သိမ္းပိုက္ထားၿပီး သူ႔ရဲ႕ပိုင္နက္ဟာ Kang ရဲ႕ အင္ပါယာထက္ေတာင္ သုံးဆေလာက္ ႀကီးမားပါတယ္။ ဒါေၾကာင့္ Kang the Conqueror ဟာ သူ႔ရဲ႕ အင္ပါယာကို 2000 BC အထိပဲ ခ်ဲ႕ထြင္ႏိုင္ခဲ့ပါတယ္။ ဒီအခ်က္ေၾကာင့္လည္း Alioth ဟာ Kang ရဲ႕ အႀကီးမားဆုံး ရန္သူ ျဖစ္ေနတာပါ။ Alioth ရဲ႕ စြမ္းအားကေတာ့ သူနဲ႔ ထိေတြ႕သမွ် အရာအားလုံးကို ပ်က္စီးသြားေစတာပဲ ျဖစ္ၿပီး အေပၚမွာေဖာ္ျပထားသလို အခ်ိန္စြမ္းအင္ေတြကိုလည္း စားသုံးႏိုင္ပါတယ္။

(3) MCU မွာ ေျပာင္းလဲသြားတဲ့ Alioth
photo via screenrant

Loki အပိုင္း (၅)ထဲမွာ ျမင္ေတြ႕ခဲ့ရသေလာက္ဆိုရင္ Alioth ရဲ႕ ပုံစံကလည္း ေကာမစ္ထဲက ပုံစံနဲ႔ အေတာ္ဆင္တူပါတယ္။ ဒါေပမယ့္လည္း အေပၚမွာ ေဖာ္ျပခဲ့တဲ့ ေကာမစ္ထဲက Alioth ဟာ လူသားေတြ မရွိခင္အခ်ိန္မွာကတည္းက ေနထိုင္ၿပီး နယ္ခ်ဲ႕မယ့္အစား MCU ထဲမွာေတာ့ အခ်ိန္ေတြအားလုံးရဲ႕ အဆုံးသတ္ ဗလာနတၳိထဲမွာ ေနထိုင္ေနပါတယ္။

ဒါ့အျပင္ MCU ထဲက Alioth ဟာ သက္မဲ့ပစၥည္းေတြကို စားသုံးႏိုင္ေပမယ့္လည္း သက္ရွိေတြကို ပိုၿပီးစိတ္ဝင္စားတာေၾကာင့္ ေကာမစ္ထဲကလို အခ်ိန္စြမ္းအင္ေတြကို စားသုံးတယ္လို႔ ယူဆႏိုင္ပါတယ္။ လုံးဝကြာျခားေနတဲ့ အခ်က္ကေတာ့ ေကာမစ္ထဲက Alioth ဟာ အသိဉာဏ္ရွိၿပီး တျခားသူေတြနဲ႔ ဆက္သြယ္ႏိုင္ေပမယ့္လည္း MCU ထဲက Alioth ကေတာ့ အသိဉာဏ္မရွိတဲ့ မိစာၦႀကီးတစ္ေကာင္လိုမ်ိဴး ျဖစ္ေနပါတယ္။

ေနာက္ထပ္ အံ့ဩစရာေကာင္းတဲ့ အခ်က္တစ္ခုကေတာ့ MCU ထဲက Alioth ဟာ ဘယ္သူနဲ႔မွ အဆက္အသြယ္ မလုပ္ခဲ့ေပမယ့္လည္း သူဟာ Alioth ျဖစ္ေနမွန္း တျခားအခ်ိန္ကြဲ Loki ေတြက ဘယ္လိုသိေနလည္းဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ Loki နဲ႔ Sylvie တို႔ ျပဳလုပ္ခဲ့သလို အရင္တုန္းကလည္း တစ္ေယာက္ေယာက္က Alioth ကို ျပဳစားခဲ့တာ ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ပဲ Time Loop လို ျဖစ္ေနၿပီး တကယ့္ဗီလိန္ကလည္း Loki ပဲ ျဖစ္ကာ အတိတ္က Loki ကို သူ႔လိုမ်ိဴးျဖစ္ေအာင္ လမ္းခင္းေပးေနတယ္လို႔ ယူဆလို႔ ရပါတယ္။ ဒီအခ်က္ကို ၾကည့္လိုက္ရင္ေတာ့ ပရိသတ္ေတြ ေျပာေနၾကတဲ့ ဒီဇာတ္လမ္းတြဲထဲက တကယ့္ဗီလိန္က Loki ပဲ ျဖစ္ေနလိမ့္မယ္ဆိုတဲ့ အခ်က္ဟာ ပိုၿပီးျဖစ္ႏိုင္ေခ် ရွိေနပါတယ္။

Alioth နဲ႔ Kang the Conqueror ရဲ႕ ဆက္ႏြယ္မႈ
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ ေကာမစ္ထဲမွာေတာ့ Alioth ဟာ Kang ရဲ႕ အႀကီးမားဆုံးရန္သူ ျဖစ္ႏိုင္တဲ့အထိ စြမ္းအားႀကီးမားတဲ့ Entity တစ္ခု ျဖစ္ပါတယ္။ ဒါတင္မက ေကာမစ္ထဲမွာေတာ့ Alioth ဟာ Kang ကို ဒုကၡေတြအမ်ားႀကီး ေပးခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္လည္း ဒီလိုၾကမ္းတဲ့ Alioth ကို MCU ထဲမွာေတာ့ TVA ေနာက္ကြယ္ကလူရဲ႕ အေစာင့္ေခြးလိုပုံစံမ်ိဳး ပုံေဖာ္ထားပါတယ္။

ဒီအခ်က္ေၾကာင့္ စဥ္းစားစရာ ရွိလာတာကေတာ့ MCU အေနနဲ႔ Alioth ကို ဒီေလာက္ထိ Role ႏွိမ့္ထားတာေၾကာင့္ Kang ရဲ႕ ေနာက္လိုက္အျဖစ္ ပုံေဖာ္ဖို႔ စီစဥ္ထားတာ ျဖစ္ႏိုင္ပါတယ္။ အခုခ်ိန္ထိေတာ့ Loki ဇာတ္လမ္းတြဲရဲ႕ အဓိကဗီလိန္ဟာ ဘယ္သူမွန္း ေသခ်ာမသိေသးဘဲ ဘယ္သီအိုရီက အမွန္ျဖစ္လာမလည္းဆိုတာကိုေတာ့ လာမယ့္ ဇာတ္သိမ္းပိုင္းမွာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular