HomeEntertainmentFilmMs. Marvel အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

Ms. Marvel အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

*** SPOILER ALERT ***

Ms. Marvel ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပြီး အပိုင်း(၁)ထဲမှာတော့ Kamala Khan ဟာ စူပါဟီးရိုးတွေနဲ့ ပတ်သက်ရင် ဘယ်လောက်ထိ ရူးသွပ်တယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် Captain Marvel ကတော့ သူမရဲ့ Idol ပဲ ဖြစ်ပါတယ်။ ဒီအပိုင်းရဲ့ အဆုံးသတ်နားမှာတော့ သူမဟာ အဘွားဖြစ်သူ ထားရစ်ခဲ့တဲ့ လက်ကောက်တစ်ခုကို ဝတ်ဆင်မိလိုက်ရာက စွမ်းအားတွေ ရရှိသွားတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Disney+ ရဲ့ ဇာတ်လမ်းတွဲအသစ် ဖြစ်တဲ့ Ms. Marvel ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Kamala ရဲ့ ဝါသနာဟာ ကောမစ်ထဲကအချက်ကို ပြန်လည်ထည့်သွင်းထားတာပါ။

photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ Kamala ဟာ YouTube ပေါ်မှာ စူပါဟီးရိုးတွေနဲ့ ပတ်သက်တဲ့ Fan Fiction တွေကို ဖန်တီးနေတာ တွေ့ရပါတယ်။ ကောမစ်ထဲမှာတော့ Kamala ဟာလည်း အလားတူပဲ Fan Fiction တွေ ဖန်တီးလေ့ရှိပြီး Ms. Marvel #6 ကောမစ်ထဲမှာတော့ သူမဟာ Wolverine နဲ့ တွေ့တဲ့အချိန်မှာ သူမ ဖန်တီးထားတဲ့ အာကာသထဲက Wolverine နဲ့ Storm တို့ရဲ့ အချစ်ဇာတ်လမ်းကို ပြောပြခဲ့ပါသေးတယ်။

(2) Goose

photo via screenrant

Kamala ဟာ ဂြိုဟ်သားတွေရဲ့ ပုံစံမျိုးစုံကို ရေးဆွဲထားတာလည်း မြင်တွေ့ခဲ့ရပြီး အဲဒီထဲမှာတော့ Captain Marvel ရဲ့ကြောင်ဖြစ်တဲ့ Goose လည်း ပါဝင်နေပါတယ်။ Goose ဟာ တကယ်တော့ Flerken လို့ခေါ်တဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ပါးစပ်ထဲမှာတော့ Pocket Dimension တစ်ခု ရှိနေပါတယ်။ ဒီအချက်ကြောင့်ပဲ Kamala ကတော့ Goose ကို ဂြိုဟ်သားမှန်း သိနေပုံရပါတယ်။

(3) Carol Denvers ရဲ့ မူလဝတ်စုံ

photo via screenrant

ကောမစ်ထဲမှာတော့ Carol Denvers ဟာ Ms. Marvel ဆိုတဲ့အမည်ကို ခံယူခဲ့ဖူးပါတယ်။ နောက်ပိုင်းကျမှ Captain Marvel ဆိုပြီး အမည်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ သူမရဲ့ မူလဝတ်စုံကတော့ Kree စူပါဟီးရိုး Mar-Vell ရဲ့ဝတ်စုံကို အခြေခံပြီး ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာအချက်ကတော့ Captain Marvel ဟာ MCU ထဲမှာ ကောမစ်ထဲက သူမရဲ့မူလဝတ်စုံကို တစ်ခါမှ မဝတ်ခဲ့ဖူးပေမယ့်လည်း Kamala ရဲ့ ဇာတ်ဝင်ခန်းထဲမှာတော့ သူမရဲ့မူလဝတ်စုံနဲ့ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။

(4) Scott Lang ရဲ့ Podcast

photo via screenrant

Phase 4 ရဲ့ အစမှာကတည်းက လူတိုင်းဟာ Avengers: Endgame ရဲ့ နောက်ဆုံးတိုက်ပွဲမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ သိနေကြပါတယ်။ ဒါပေမယ့်လည်း Ms. Marvel ဇာတ်လမ်းတွဲ မတိုင်ခင်အထိ လူတွေအားလုံးဟာ ဘာကြောင့် ဒီလိုအသေးစိတ်တွေကို သိနေကြလည်း ဆိုတာ မပြသခဲ့ပါဘူး။ အပိုင်း(၁)ထဲမှာတော့ Scott Lang ဟာ Podcast တစ်ခု လုပ်နေတာ တွေ့ခဲ့ရပြီး Endgame ထဲက အဖြစ်အပျက်တွေအကြောင်းကို ပြောပြနေတယ်လို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့်လည်း Spider-Man: Far From Home ထဲမှာတော့ လူတွေအားလုံးဟာ Captain America ကို သေပြီလို့ ထင်ထားတာကြောင့် Scott ဟာ သူ့ရဲ့ Podcast ထဲမှာတော့ အချိန်ခရီးသွားခြင်းအကြောင်းကို မပြောဘဲ ချန်ထားမယ်လို့ ယူဆရပါတယ်။

(5) Ms. Marvel ဖန်တီးသူများ

photo via screenrant

Kamala တက်ရောက်တဲ့ကျောင်း ဖြစ်တဲ့ Coles Academic High School ရဲ့ ဆိုင်းဘုတ်မှာတော့ Ms. Marvel ကောမစ်ကို ဖန်တီးခဲ့ကြသူတွေိကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားပါတယ်။ G. Willow Wilson ကတော့ Ms. Marvel ရဲ့ မူလဇာတ်ညွှန်းရေးသားသူ ဖြစ်ပြီး တွဲဖက်ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။

Stephen Wacker ကတော့ Ms. Marvel ရဲ့ဒီဇိုင်းကို ဖန်တီးသူ ဖြစ်ပြီး Adrian Alphona ၊ Takeshi Miyazawa နဲ့ Nico Leon တို့ဟာလည်း ကောမစ်တွေအများစုမှာ Ms. Marvel ကို ရေးဆွဲခဲ့တဲ့ Artist တွေ ဖြစ်ပါတယ်။ Jamie McKelvin ကတော့ Kamala ရဲ့ အထင်ကရဝတ်စုံကို ဖန်တီးခဲ့သူ ဖြစ်ပြီး Ian Herring ကတော့ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ Ms. Marvel ကောမစ်တွေမှာ ပါဝင်ခဲ့တဲ့ Colorist ပဲ ဖြစ်ပါတယ်။ အလားတူပဲ Joe Caramagna ဟာလည်း ကောမစ်အများစုမှာ ပါဝင်ခဲ့ပါတယ်။

(6) Captain Marvel နဲ့ Doctor Strange ပေါင်းစပ်မှုဟာ ကောမစ်ထဲမှာ ဖြစ်ခဲ့ဖူးပါတယ်။

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Kamala ဟာ သူမ ဝတ်ဆင်မယ့် Captain Marvel ဝတ်စုံကို ဘယ်လိုထူးခြားအောင် ပြုလုပ်ရမလည်းလို့ ဆွေးနွေးနေရင်း Captain Marvel နဲ့ Doctor Strange တို့ပေါင်းစပ်ထားတဲ့ ပုံစံအကြောင်းကို ပြောသွားပါတယ်။ ကောမစ်ထဲမှာတော့ ဒီပုံစံနဲ့ ဆင်တူတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီကောမစ်ထဲမှာတော့ Captain Marvel ဟာ မှော်ပညာနဲ့ ရင်ဆိုင်ရရင် အားနည်းတာကြောင့် သူမဟာ ဒီအချက်ကို မကျေနပ်ဘဲ Doctor Strange ဆီကနေ မှော်ပညာတွေ သင်ယူခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူမဟာ Doctor Strange နဲ့တောင် ခဏတာ တွဲခဲ့ပါသေးတယ်။

(7) Marvel Zombie

photo via screenrant

ကောမစ်ထဲမှာတော့ Marvel Zombie ဇာတ်လမ်းဟာ အလွန်ပေါ်ပြူလာဖြစ်တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ What If…? ဇာတ်လမ်းတွဲထဲမှာလည်း အဆိုပါဇာတ်လမ်း ပါဝင်နေပြီး ပရိသတ်တွေအကြိုက် ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ Kamala ဟာ သူမ ဝတ်ဆင်မယ့် ဝတ်စုံနဲ့ ပတ်သက်ပြီး ထူးခြားမယ့်အကြံကို စဉ်းစားနေရင်း Captain Marvel ရဲ့ Zombie ဗားရှင်းကိုလည်း Mention လုပ်သွားပါတယ်။ ဒါကြောင့်ပဲ အနာဂတ်မှာတော့ MCU ရဲ့ဟီးရိုးတွေကို Zombie အဖြစ် ထပ်မံမြင်တွေ့ရဦးမယ်လို့ ယူဆရပါတယ်။

(8) Ms. Marvel ရဲ့ ပထမဆုံးဗီလိန်

photo via screenrant

Bruno နဲ့ Kamala တို့ ခေါင်မိုးပေါ်မှာ စကားပြောနေတဲ့ ဇာတ်ဝင်ခန်းမှာတော့ သူတို့ရဲ့အနောက်မှာ Edison Electric ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့လိုက်ရပါတယ်။ ဒါကတော့ Ms. Marvel ရဲ့ ပထမဆုံးဗီလိန်ကို Easter Egg အနေနဲ့ ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ အဲဒီဗီလိန်ကိုတော့ Inventor လို့ခေါ်ပါတယ်။ သူကတော့ သိပ္ပံပညာရှင်တစ်ယောက်က Thomas Edison ကို ကလုန်းပြုလုပ်ဖို့ ကြိုးစားရင်း ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

(9) Camp Lehigh မှာ ကျင်းပခဲ့တဲ့ AvengerCon

photo via screenrant

ပထမဦးဆုံး AvengerCon ပွဲကိုတော့ Steve Rogers က Captain America ဖြစ်လာဖို့ လေ့ကျင့်ခဲ့တဲ့နေရာ ဖြစ်တဲ့ Camp Lehigh မှာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ ဒါတင်မကသေးဘဲ Zola ဟာ ဒီနေရာမှာပဲ သူ့ရဲ့ Mental Pattern တွေကို Digital Form အဖြစ် ပြောင်းလဲခဲ့ပြီး Hydra ရဲ့ Project Insight ကို ထိန်းချုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီနေရာဟာ ခေတ်သစ် Hydra အဖွဲ့ကို ဖြစ်ပေါ်စေခဲ့တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။

(10) America’s Ass

photo via screenrant

ပရိသတ်တွေဟာ Captain America ရဲ့တင်ပါးကို နောက်ပြောင်ပြီး America’s Ass လို့ ခေါ်ဝေါ်ခဲ့ကြတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ Avengers: Endgame ထဲမှာတော့ Captain America ကိုယ်တိုင်က ဒီဟာသကို Mention ပြုလုပ်ခဲ့ပါသေးတယ်။ Ms. Marvel အပိုင်း(၁)ထဲမှာလည်း ဒီဟာသကို ထပ်မံဖော်ပြထားပြီး Cap ဟာ သူ့ရဲ့တင်ပါးကို လှည့်ပြနေတဲ့ ရုပ်ပုံကိုပါ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် You’re Welcome America ဆိုတဲ့ စာသားပါ ပါဝင်နေပါတယ်။ ယခုဆိုရင်တော့ ပရိသတ်တွေက ပြုလုပ်တဲ့ MCU Meme တွေဟာလည်း တဖြည်းဖြည်းနဲ့ MCU ရုပ်ရှင်တွေထဲမှာပါ ပါဝင်လာပြီ ဖြစ်ပါတယ်။

(11) Black Widow ရဲ့ အနစ်နာခံမှု

photo via screenrant

Avengers: Endgame ပြီးဆုံးသွားတဲ့ အချိန်ကတည်းက MCU ဟာ Thanos နဲ့ တိုက်ခိုက်ပြီး အသက်ပေး အနစ်နာခံသွားတဲ့ Iron Man ကို ဆက်တိုက်ဂုဏ်ပြုမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း Soul Stone ကို ရယူဖို့ အနစ်နာခံတဲ့ Black Widow ကိုတော့ မေ့လျော့နေခဲ့ပြီး ယခုအချိန်မှသာ MCU ဟာ Black Widow ရဲ့ အနစ်နာခံမှုကို ဂုဏ်ပြုသွားတာ ဖြစ်ပါတယ်။

(12) Zoe ရဲ့ Ms. Marvel Classic Look

photo via screenrant

Kamala ဟာ Captain Marvel အနေနဲ့ ဝတ်စုံပြိုင်ပွဲ ဝင်ပြိုင်တဲ့ အချိန်မှာတော့ သူမနဲ့ အဆင်မပြေတဲ့ Zoe ဟာလည်း အလားတူပဲ ဝင်ရောက်ယှဉ်ပြိုင်မှာကို တွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာတော့ Kamala ဟာ Zoe ဝတ်ထားတဲ့ ဝတ်စုံက Captain Marvel ရဲ့ဝတ်စုံနဲ့ နည်းနည်းလေးတောင် မတူဘူးလို့ ပြောလိုက်ပါတယ်။ တကယ်တော့ Zoe ဝတ်ထားတဲ့ ဝတ်စုံဟာ ကောမစ်ထဲက Carol Denvers က Ms. Marvel အဖြစ် နေထိုင်ခဲ့ချိန်တုန်းက ဝတ်ဆင်ခဲ့တဲ့ Classic ဝတ်စုံပဲ ဖြစ်ပါတယ်။

(13) The Department of Damage Control

photo via screenrant

ဒီအပိုင်းရဲ့ Credit Scene ထဲမှာတော့ The Department of Damage Control ဟာ Superhuman အသစ်တွေကို စုံစမ်းနေတာ တွေ့ရပါတယ်။ အစတုန်းကတော့ ဒီအဖွဲ့အစည်းဟာ S.H.I.E.L.D ရဲ့ လက်အောက်ခံ ဖြစ်ပြီး Superhuman တွေကြောင့်ဖြစ်တဲ့ ပြဿနာတွေကို လိုက်လံဖြေရှင်းပေးရတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ပြောင်းလဲမှုတွေ ဖြစ်နေတယ်လို့ ယူဆရပြီး Spider-Man: No Way Home ထဲမှာ ပါဝင်ခဲ့တဲ့ DDC အထူးအေးဂျင့် P. Clearly ကိုလည်း ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Ms. Marvel ဟာ အစိုးရနဲ့လည်း မကြာခဏ ပြဿနာတက်လေ့ရှိပြီး ဒီဇာတ်လမ်းတွဲထဲမှာလည်း ယခုလိုမျိူး အဖြစ်အပျက်တွေကို မြင်တွေ့ရဦးမယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular