HomeEntertainmentFilmMs. Marvel ဇာတ်လမ်းတွဲ အပိုင်း(၂)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Ms. Marvel ဇာတ်လမ်းတွဲ အပိုင်း(၂)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

Ms. Marvel ဇာတ်လမ်းတွဲရဲ့ အပိုင်း(၂)ကတော့ မကြာသေးခင် ရက်ပိုင်းကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Kamala ဟာ သူမရဲ့ စွမ်းအားတွေကို စမ်းသပ်လေ့ကျင့်နေတာ တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ သူမဟာ စွမ်းအားတွေရခါစပဲ ရှိသေးတာကြောင့် သေချာမထိန်းချုပ်တတ်သေးဘဲ အလွဲတွေ ဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ပိုမိုကျွမ်းကျင်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် Ms. Marvel အပိုင်း(၂)ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ကောမစ်ထဲက Ms. Marvel ဟာ Ant-Man နဲ့ဆင်တူတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပါတယ်။

photo via screenrant

Kamala Khan ဟာ စွမ်းအားတွေကို ရရှိသွားပြီးတဲ့ နောက်မှာတော့ သူမဟာ ဘာတွေလုပ်နိုင်သေးလည်းလို့ ရှာဖွေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Ant-Man လိုမျိူး ခန္ဓကိုယ်ကို သေးလို့၊ ကြီးလို့ရမလားလို့ စမ်းခဲ့သေးကြောင်း ပြောသွားပါတယ်။ MCU ထဲကနဲ့ မတူတဲ့အချက်ကတော့ ကောမစ်ထဲက Ms. Marvel ဟာ Ant-Man နဲ့ ဆင်တူတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ကောမစ်ထဲက သူမရဲ့ စွမ်းအားကတော့ သူမခန္ဓာကိုယ်ရဲ့ ကြိုက်တဲ့နေရာကို ကြီးလာအောင်ရော၊ သေးသွားအောင်ပါ ပြုလုပ်နိုင်ပါတယ်။

(2) Kamran

photo via screenrant

ဒီအပိုင်းထဲက Kamala နဲ့ Kamran တို့ရဲ့ ဇာတ်ဝင်ခန်းတွေ အများစုကတော့ ကောမစ်ထဲကအတိုင်း တိုက်ရိုက်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာလည်း Kamala ဟာ Kamran ကို စတင် မြင်တွေ့လိုက်ရတဲ့အချိန်မှာ ငေးကြည့်နေမိပြီး သူတို့နှစ်ယောက်ဟာ ဘောလိဝုဒ်ရုပ်ရှင်တွေအကြောင်း ပြောဆိုရင်း တဖြည်းဖြည်း နီးစပ်လာတာကလည်း အတူတူပဲ ဖြစ်ပါတယ်။

ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Kamran ဟာ ဒုက္ခရောက်နေတဲ့ Kamala ကို ကားပေါ်ခေါ်တင်ကာ ကယ်တင်ခဲ့ပြီး သူ့အမေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Ms. Marvel #14 ကောမစ်ထဲမှာလည်း Kamala ရဲ့ Crush က သူမကို ကားပေါ်ခေါ်တင်ကာ ကယ်တင်သွားခဲ့တာပါ။ အဲဒီနောက်မှာတော့ Kamran ဟာ ဗီလိန်တစ်ယောက်အတွက် အလုပ်လုပ်တယ်လို့ သိခဲ့ရပါတယ်။ လောလောဆယ် ပြထားသလောက် ဆိုရင်တော့ Live Action ထဲက Kamran ဟာလည်း အလားတူပဲ ဖြစ်လာနိုင်ချေ များပါတယ်။

(3) Ms. Marvel ရဲ့ ကြီးမားတဲ့ လက်သီး

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Kamala ဟာ Bruno နဲ့အတူ သူမရဲ့စွမ်းအားတွေအကြောင်း ပြောနေရင်း ကြီးမားတဲ့ လက်သီးကြီးကို ဖန်တီးမိသွားပါတယ်။ ကောမစ်ထဲက Ms. Marvel နဲ့ ပတ်သက်တဲ့ အထင်ကရ အချက်တစ်ခုကတော့ သူမဟာ အမြဲတမ်းလိုလို လက်သီးကို အကြီးကြီးဖြစ်အောင် ပြုလုပ်ပြီး တိုက်ခိုက်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း MCU ထဲမှာတော့ Ms. Marvel ဟာ ဒီလက်သီးကြီးကို မ,နိုင်လောက်တဲ့ ခွန်အား မရှိတာကြောင့် အသုံးမပြုနိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူမဟာ နည်းလမ်းတစ်ခုခု ရှာဖွေပြီး ဒီတိုက်ခိုက်နည်းကို အသုံးပြုသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(4) Kamala ရဲ့ ခန္ဓာကိုယ် ပြောင်းလဲလာမှု

photo via screenrant

ဒီအပိုင်းထဲမှာတော့ Kamala ဟာ သူမရဲ့စွမ်းအားတွေကို ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်နိုင်သေးတာကို သိသိသာသာပဲ ပြသသွားပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သူမရဲ့နှာခေါင်းမှာ Hard Light တွေ ပေါ်လာပြီး အဲဒီနောက်မှာတော့ သူမရဲ့လက်မှာလည်း Hard Light တွေ ပေါ်လာတာကို တွေ့ရပါတယ်။ သူမဟာ စွမ်းအားတွေကို မထိန်းချုပ်နိုင်တာကြောင့် ဒီလိုမျိူးတွေ ဖြစ်လာတယ်လို့ ရိုးရိုးလေး တွေးလို့လည်းရသလို သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက Hard Light အဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် MCU ဟာ Ms. Marvel ရဲ့ စွမ်းအားတွေကိုလည်း ပြောင်းလဲထားတာကြောင့် ဘယ်လိုမျိူးတွေ ဆက်လက် ဖန်တီးသွားမလည်းဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(5) Kingo Easter Egg

photo via screenrant

Kamala နဲ့ Kamran တို့ဟာ ဘောလိဝုဒ်ရုပ်ရှင်တွေအကြောင်း ပြောဆိုနေကြရင်း Kingo ရဲ့အကြောင်းကိုလည်း ပြောသွားပါသေးတယ်။ Kingo ကတော့ Eternal တစ်ယောက်ဖြစ်ပြီး ဘောလိဝုဒ် မင်းသားတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU ထဲမှာတော့ Kingo ဟာ နာမည်ကြီး မင်းသားတစ်ယောက် ဖြစ်နေပြီး ဒီအချက်ကိုတော့ Easter Egg အနေနဲ့ ထည့်သွင်းသွားပါတယ်။

(6) Stark Drone တွေ လိုက်တာကို ခံခဲ့ရတဲ့ Ms. Marvel

photo via screenrant

Spider-Man: Far From Home ထဲမှာတော့ Peter Parker ဟာ Tony Stark ရဲ့ အဆင့်မြင့်နည်းပညာတွေ အသုံးပြုထားတဲ့ ဒရုန်းတွေကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Mysterio ရဲ့ လှည့်ကွက်တွေကြောင့် Peter ဟာ အဖမ်းခံရမလို ဖြစ်ခဲ့ပြီး Stark Drone တွေကိုလည်း Damage Control ဌာနက သိမ်းဆည်းသွားပါတယ်။ ယခုအချိန်မှာတော့ Damage Control ဌာနဟာ ဒီဒရုန်းတွေကို အသုံးပြုပြီး Ms. Marvel ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular