HomeEntertainmentFilmMs. Marvel အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Ms. Marvel အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

Ms. Marvel အပိုင်း(၅)ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ဒီအပိုင်းထဲမှာတော့ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ထွက်ရှိလာမယ့် ဇာတ်သိမ်းပိုင်းအတွက် Setup တွေ ပြုလုပ်ထားပါတယ်။ ဒါပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ Easter Egg အနည်းငယ်ပဲ ပါဝင်တာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Ms. Marvel ဇာတ်လမ်းတွဲဟာ မကြာခင်မှာ ဇာတ်သိမ်းတော့မှာ ဖြစ်ပြီး ယခုအထိတော့ အဓိကဗီလိန်ဟာ ဘယ်သူမှန်း သေချာမသိရသေးပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Partition ကို သေသေချာချာ ဖော်ပြသွားတဲ့ Ms. Marvel

photo via screenrant

ဒီအပိုင်းထဲမှာတော့ အိန္ဒိယနိုင်ငံရဲ့ နယ်မြေခွဲထွက်မှုကို သေချာဖော်ပြသွားပါတယ်။ ဒီအဖြစ်အပျက်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင် အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။ များသောအားဖြင့် Pop Culture တွေထဲမှာတော့ ဒီအကြောင်းကို သိပ်ပြီးဖော်ပြလေ့မရှိပါဘူး။

ဒီအဖြစ်အပျက်ကတော့ ဗြိတိသျှတွေဟာ အိန္ဒိယနိုင်ငံကို ကျွန်အုပ်ချုပ်ရေးစနစ်ကနေ လွတ်လပ်ရေး ပေးခဲ့ပေမယ့်လည်း နိုင်ငံတစ်ခုလုံးကို ဘာသာရေးနဲ့ သွေးခွဲခဲ့ပြီးနောက် နှစ်ပိုင်းဖြစ်သွားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ လူပေါင်း နှစ်သိန်းလောက်ကနေ နှစ်သန်းလောက်အထိ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ယခုအထိတိုင်အောင် မျိူးဆက်တွေမှာ စိတ်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီအပိုင်းထဲမှာတော့ ဒီအဖြစ်အပျက်တွေ အားလုံးကို သေသေချာချာပဲ ပြသသွားပါတယ်။

(2) Kamala ရဲ့ အဘွားနာမည်ဟာ Sana Amanat ကို ဂုဏ်ပြုပြီး ပေးထားတာပါ။

photo via screenrant

အပိုင်း(၅)ကတော့ Kamala ရဲ့အကြောင်းထက် သူမရဲ့အဘွားဖြစ်သူ Sana ရဲ့ Origin ကို ပြသသွားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Kamala ရဲ့ အဘွားဖြစ်သူ Sana ရဲ့အမည်ကတော့ Ms. Marvel ဇာတ်လမ်းတွဲကို တွဲဖက်ဖန်တီးသူ ဖြစ်တဲ့ Sana Amanat ရဲ့အမည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားတာပဲ ဖြစ်ပါတယ်။

(3) Ms. Marvel လိုဂိုကို Inspire ယူထားတဲ့ Kamala ရဲ့ လည်ဆွဲ

photo via screenrant

ကောမစ်ထဲမှာတော့ Ms. Marvel ရဲ့ လိုဂိုဟာ Carol Danvers ကို ဂုဏ်ပြုထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း MCU ထဲက Captain Marvel ကတော့ ဘယ်တုန်းကမှ မိုးကြိုးပုံစံ လိုဂိုကို အသုံးမပြုခဲ့တာကြောင့် Origin တွေကို ပြောင်းလဲပစ်လိုက်ရပါတယ်။

အပိုင်းတစ်ခုထဲမှာတော့ Kamala ဟာ သူမရဲ့နာမည်ကို Arabic လို ရေးသားထားတဲ့ လည်ဆွဲကို ဆွဲထားတာ ပြသသွားပါတယ်။ အပိုင်း(၅)ထဲမှာတော့ သူမဟာ တိုက်ခိုက်ရင်းနဲ့ ဒီလည်ဆွဲက ကျိုးပဲ့သွားပြီး မိုးကြိုးလိုပုံစံလေး ဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းတွဲတလျှောက်လုံးမှာတော့ Ms. Marvel ရဲ့ ဝတ်စုံကို တဖြည်းဖြည်း တည်ဆောက်နေပြီး ဇာတ်သိမ်းမှာတော့ အကုန်လုံး ပေါင်းစပ်သွားမယ်လို့ ယူဆရပါတယ်။

(4) Comic Accurate ဖြစ်တဲ့ Kamran ရဲ့ စွမ်းအား

photo via screenrant

Najma ဟာ ပွင့်ထွက်လာတဲ့ Veil ကို ပိတ်လိုက်တဲ့ အချိန်မှာတော့ သူမရဲ့သားဖြစ်သူ Kamran ဟာလည်း စွမ်းအားတွေ ရရှိသွားပါတယ်။ ကောမစ်ထဲမှာတော့ Kamala နဲ့ Kamran တို့ နှစ်ယောက်လုံးဟာ Terrigen Mist ကြောင့် စွမ်းအားတွေ ရရှိလာတဲ့ Inhuman တွေ ဖြစ်ကြပါတယ်။

MCU ဟာ Ms. Marvel ရဲ့ စွမ်းအားတွေကို ပြောင်းလဲမှုတွေများစွာ ပြုလုပ်ခဲ့ပေမယ့်လည်း Kamran ရဲ့ စွမ်းအားတွေကတော့ Comic ထဲကအတိုင်း ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Kamran ရဲ့ Energy တွေဟာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံကာ တောက်ပနေပြီး သူ့ရဲ့ပုံစံကိုလည်း လုံးဝပြောင်းလဲသွားစေပါတယ်။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် ဇာတ်သိမ်းပိုင်းထဲမှာတော့ Kamran ဟာ Mirror-Image ဆိုတဲ့ ဗီလိန် ဖြစ်လာနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular