HomeEntertainmentFilmSeason 2 ထွက်ရှိလာနိုင်ချေ ရှိတဲ့ Ms. Marvel ဇာတ်လမ်းတွဲ

Season 2 ထွက်ရှိလာနိုင်ချေ ရှိတဲ့ Ms. Marvel ဇာတ်လမ်းတွဲ

Ms. Marvel ဇာတ်လမ်းတွဲကတော့ Disney+ ကနေ ထွက်ရှိခဲ့တာ နှစ်လခန့်ရှိပြီ ဖြစ်ပြီး ယခုအချိန်မှာတော့ Season 2 ထွက်ရှိလာဦးမယ်လို့ သတင်းထွက်လာပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Ms. Marvel ဖြစ်လာမယ့် Kamala Khan ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ သူမဟာ စူပါဟီးရိုးတွေကို အားကျနေသူ ဖြစ်ပြီး တစ်ရက်မှာတော့ ရှေးဟောင်းလက်ကောက်တစ်ခုကြောင့် စွမ်းအားတွေ ရရှိသွားခဲ့ပါတယ်။

photo via screenrant

Season 1 ကတော့ Kamala Khan ဟာ Ms. Marvel ဘယ်လို ဖြစ်လာတယ်ဆိုတာကို ပြထားရုံသက်သက်ပဲ ရှိသေးပြီး အနာဂတ်မှာ ကြုံတွေ့ရမယ့် စွန့်စားခန်းတွေများစွာ ကျန်ရှိနေသေးပါတယ်။ Season 1 ရဲ့ အဆုံးသတ်မှာတော့ Kamala ဟာ ရုတ်တရက် Captain Marvel နဲ့ နေရာချင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ အသစ်ထွက်ရှိလာမယ့် The Marvels ရုပ်ရှင်ကို Setup ပြုလုပ်သွားတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ Daniel Richtman ဆိုသူဟာ Ms. Marvel Season 2 ထွက်ရှိလာမယ်လို့ CBR သတင်းဌာနကနေတဆင့် ပြောခဲ့ပါတယ်။ လောလောဆယ်မှာတော့ Disney ဟာ ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်မပြုသေးသလို ငြင်းပယ်တာမျိူးလည်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Ms. Marvel ဇာတ်လမ်းတွဲဟာ Kamala Khan အတွက် အစပဲရှိသေးတာကြောင့် Season 2 ကတော့ သေချာပေါက်နီးပါး ထွက်ရှိလာမှာ ဖြစ်ပါတယ်။

photo via screenrant

Ms. Marvel ဇာတ်လမ်းတွဲရဲ့ Head Writer ဖြစ်သူ Sana Amanat ကတော့ ဒီဇာတ်လမ်းတွဲကို Limited Series အနေနဲ့ ရေးသားထားတာလို့ ပြောခဲ့ဖူးပါတယ်။ အကယ်၍ Ms. Marvel Season 2 မထွက်လာတော့ဘူး ဆိုရင်တောင် သေချာတာကတော့ Kamala Khan ဟာ တခြားပရောဂျက်တွေမှာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူမရဲ့ ဆိုလိုရုပ်ရှင်တွေလည်း ထွက်ရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular