HomeEntertainmentFilmMulan Animation နောက်ကွယ်က ပရိသတ်တွေ မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ

Mulan Animation နောက်ကွယ်က ပရိသတ်တွေ မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ

Mulan Animation ကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Disney ရဲ့ နာမည်ကျော် Classic Animation တွေထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီ Animation ဟာ Disney ရဲ့ ပထမဆုံးသော အရှေ့အာရှ ဇာတ်ကောင်တွေ ပါဝင်တဲ့ Animation လည်း ဖြစ်ပါတယ်။ ရုပ်ရှင်ပရိသတ်တွေ အားလုံးနီးပါးကတော့ ဒီ Animation ကို ငယ်ဘဝတုန်းကတည်းက ကြည့်ရှုခဲ့ဖူးပြီးသား ဖြစ်မှာပါ။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒီ Animation ရဲ့ ဖန်တီးမှုနောက်ကွယ်က လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ပထမဆုံး LGBT ဇာတ်လမ်း ဖြစ်ခဲ့တဲ့ Mulan

photo via screenrant

Mulan ကတော့ မတူညီတဲ့ အကြောင်းရင်းများစွာကြောင့် အောင်မြင်ခဲ့တဲ့ Animation ဖြစ်ပြီး LGBT ဇာတ်လမ်းကို သွယ်ဝိုက်ပြီး ပြသထားတဲ့ ပထမဆုံးသော Disney Animation လည်း ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ ဒီဇာတ်လမ်းဟာ ကောင်မလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ထားရုံ သက်သက်ပဲလို့ ထင်ရပါတယ်။ သို့ပေမယ့်လည်း ဒီ Animation ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Reflection” ထဲမှာတော့ လိင်စိတ်ကွဲထွက်မှုတွေနဲ့ Mulan ကိုယ်တိုင် သူ့ရဲ့ Identity ကို မေးခွန်းထုတ်ထားတာတွေ ပါဝင်နေပါတယ်။

(2) Tai Chi Easter Egg

photo via screenrant

ဒီဇာတ်လမ်းရဲ့ အစမှာတော့ Mulan ရဲ့ဖခင်ဖြစ်သူဟာ Tai Chi သိုင်းပညာကို လေ့ကျင့်နေတာ တွေ့ခဲ့ရပါတယ်။ Tai Chi သိုင်းပညာကတော့ မတူညီတဲ့ ပုံစံတွေနဲ့ ကွဲပြားမှုတွေများစွာ ရှိနေပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာ Mulan ရဲ့ဖခင် လေ့ကျင့်နေတဲ့ သိုင်းပညာကတော့ Mulan Quan Tai Chi လို့ ခေါ်ပြီး ဒီသိုင်းပညာဟာ Tai Chi ရဲ့ မိန်းကလေးဆန်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီသိုင်းပညာဟာ Mulan ရဲ့အမည်ကို အစွဲပြုပြီး ပေးထားတာလည်း ဖြစ်ပါတယ်။ တကယ်တော့ တရုတ်ဒဏ္ဍာရီတွေထဲမှာ Mulan ဆိုတဲ့ မိန်းကလေးဟာ တကယ်ရှိခဲ့ဖူးပြီး ဒီ Animation ကတော့ သူမရဲ့အကြောင်းကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

(3) Mushu ရဲ့ Origin

photo via screenrant

ဒီဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ တလျှောက်လုံးမှာ Mushu ဟာ ပုံစံမျိူးစုံ ပြောင်းလဲခဲ့ပါတယ်။ အစတုန်းကတော့ Animator တွေဟာ နဂါးတွေရဲ့ ကြောက်စရာကောင်းတယ်ဆိုတဲ့ ဂုဏ်သတင်းကြောင့် ဒီဇာတ်လမ်းထဲမှာ နဂါးတစ်ကောင် ထည့်သွင်းဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဇာတ်ညွှန်းရေးဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ Robert D. San Souci ကတော့ တရုတ်ရိုးရာ ယုံကြည်မှုအရဆိုရင် နဂါးတွေဟာ အရွယ်အစားမျိူးစုံ ဖြစ်နိုင်ါတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းထဲမှာတော့ Mushu ကို pet ဆန်ဆန် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

(4) Christina Aguilera ရဲ့ အဆိုတော်ဘဝကို စတင်ပေးခဲ့တဲ့ Mulan

Photo: xtina/ Instagram

Christina Aguilera ကတော့ Mulan ရဲ့ ဇာတ်ဝင်သီချင်း “Reflection” ကို သီဆိုခဲ့တဲ့ အဆိုတော်ပဲ ဖြစ်ပြီး ဒီသီချင်းဟာလည်း ရုပ်ရှင်နီးတူပဲ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်တုန်းက အသစ်ထွက်ရှိခဲ့တဲ့ Mulan Live Action ထဲမှာလည်း ဒီသီချင်းက ထပ်မံပါဝင်ခဲ့ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ ဒီသီချင်းဟာ Christina Aguilera ကို အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာစေခဲ့ပြီး သူမရဲ့အဆိုတော်ဘဝကို စတင်စေခဲ့တဲ့ ပထမဦးဆုံး သီချင်းလည်း ဖြစ်ပါတယ်။

(5) Mulan ဆိုတဲ့ နာမည်ဟာ သစ်ခွပန်းလို့ အဓိပ္ပာယ်ရပါတယ်။

photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ နေရာတော်တော်များများမှာ Magnolia လို့ခေါ်တဲ့ ပန်းတွေကို မြင်တွေ့ခဲ့ရသလို Mulan ဟာ သူမရဲ့ဘီးကို ထားခဲ့တဲ့အချိန်မှာလည်း မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ Mulan ဆိုတဲ့ နာမည်ဟာ တရုတ်လို သစ်ခွပန်း သို့မဟုတ် Magnolia ပန်းလို့ အဓိပ္ပာယ်ရပါတယ်။

သစ်ခွနဲ့ Magnolia ကတော့ ခပ်ဆင်ဆင်ပဲ ဖြစ်ပေမယ့် Magnolia ပန်းကတော့ အပြင်လောကမှာ ဘာအကာအကွယ်မှ မလိုအပ်ဘဲ ဝင့်ဝင့်ကြွားကြွား ပွင့်ကြတဲ့ ပန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲက ဒိုင်ယာလော့ခ်တွေမှာလည်း Magnolia ပန်းကို ထည့်သွင်းပြောဆိုခဲ့တာတွေ ရှိပြီး Emperor ကိုယ်တိုင်ကလည်း Mulan ကို ပန်းကလေးလို့ တင်စားခေါ်ဝေါ်ခဲ့ပါသေးတယ်။

(6) Mulan ကိုတော့ အစတုန်းက အချစ်ဟာသ ဇာတ်လမ်းအဖြစ် ဖန်တီးခဲ့တာပါ။

photo via screenrant

အစောပိုင်း ဖန်တီးမှုတွေထဲမှာတော့ Mulan ဟာ Shang ကို တစ်ခါမှ မမြင်ဖူးဘဲ လက်ထပ်လိုက်ရမှာ ဖြစ်ပြီး Mulan ရဲ့ ယောက်ျားလေးဆန်တဲ့ သဘာဝနဲ့ လူတိုင်းနဲ့ အဆင်ပြေအောင် မနေတတ်တာတွေက အခက်အခဲတွေ ဖြစ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ သူမဟာ သူမရဲ့ကံကြမ္မာကို ရှာဖွေဖို့အတွက် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇာတ်ညွှန်းရေးဆရာတစ်ယောက် ဖြစ်တဲ့ Chris Sanders က ဒီပရောဂျက်ထဲကို ရောက်လာတဲ့ အချိန်မှာတော့ ဇာတ်လမ်းကို အစအဆုံး ပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒါကတော့ Mulan ရဲ့ မူလဒဏ္ဍာရီထဲကအတိုင်း ဖန်တီးသွားဖို့ပဲ ဖြစ်ပြီး ဒီလိုပြုပြင်မှုကြောင့်ပဲ Mulan ဇာတ်လမ်းဟာ ယခုအချိန်မှာတော့ Disney ရဲ့ Classic Animation တစ်ခု ဖြစ်လာပါတော့တယ်။

(7) ထူးထူးဆန်းဆန်း ပရိုမိုးရှင်းဆင်းခဲ့တဲ့ Mulan

photo via screenrant

Hercules နဲ့ The Hunchback of Notre Dame တို့ဟာ Box-Office မှာ ဝင်ငွေအရ အခြေအနေ မကောင်းခဲ့တာကြောင့် Disney ဟာ Mulan ကို ရုံတင်ပြသမယ့် အချိန်မှာတော့ ထူးဆန်းတဲ့ ပရိုမိုးရှင်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီပရိုမိုးရှင်းကိုတော့ Disney ဟာ McDonald နဲ့ တွဲဖက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကတော့ Mulan Happy Meal Toy နဲ့ Szechuan ဆော့စ်တို့ကို အထူးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီဆော့စ်ဟာ အလွန်နာမည်ကြီးခဲ့ပြီး နာမည်ကြီး Animation Series ဖြစ်တဲ့ Rick and Morty ထဲမှာတောင် ဒီဆော့စ်ကို Mention ပြုလုပ်ခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ ပရိသတ်တွေဟာ McDonald ကို အဲဒီဆော့စ်ကို နောက်တစ်ခါ ပြန်လည် ပြုလုပ်ပေးဖို့တောင် တောင်းဆိုခဲ့ကြပါတယ်။

(8) ပထမဆုံးသော တိုက်ခိုက်တတ်တဲ့ Disney Princess

photo via screenrant

အဲဒီခေတ်ကာလတုန်းကတော့ Disney Princess တွေဟာ များသောအားဖြင့် ကိုယ်တိုင် ပြုလုပ်နိုင်စွမ်း မရှိကြဘဲ မင်းသားလေးက လာရောက်ကယ်တင်တာကို ထိုင်စောင့်နေလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း Mulan ကတော့ တမူထူးခြားနေပြီး Disney ရဲ့ ပထမဆုံးသော တိုက်ခိုက်နိုင်တဲ့ မင်းသမီး ဖြစ်လာခဲ့ပါတယ်။ သူမဟာ စစ်ပွဲထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ယခုချိန်အထိ လူအများဆုံးသတ်ထားတဲ့ Disney Princess လည်း ဖြစ်နေပါသေးတယ်။

ဒါကတော့ Mulan Animation ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်တချို့ပဲ ဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်ဆိုင်ရာ ဆောင်းပါးတွေနဲ့ တခြားစိတ်ဝင်စားစရာတွေ ဖတ်ရှုဖို့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular