HomeEntertainmentFilmႏွစ္ရက္အတြင္း ၾကည့္ရႈသူ (၁၇)သန္းေက်ာ္သြားတဲ့ Mulan official Teaser

ႏွစ္ရက္အတြင္း ၾကည့္ရႈသူ (၁၇)သန္းေက်ာ္သြားတဲ့ Mulan official Teaser

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Mulan ဆိုတာဟာ စာေရးသူတို႔ ငယ္စဥ္ကတည္းက စြဲလမ္းႏွစ္သက္ခဲ့ရတဲ့ Disney ရဲ႕ ဇာတ္ေကာင္တစ္ခုပါ။ သာမန္မိန္းကေလးအျဖစ္ကေန ရဲရင့္လြန္းတဲ့ စစ္သူႀကီးတစ္ေယာက္ ျဖစ္သည္အထိ ရဲစြမ္းသတၱိျပည့္စုံလြန္းတဲ့ သူမရဲ႕စိတ္ဓာတ္နဲ႔ ႀကိဳးစားမႈေတြက စာေရးသူတို႔ရဲ႕ ငယ္ဘ၀အတြက္ အားက်အတုယူစရာ ျဖစ္ခဲ့ရပါတယ္။ ဒီလို ခမ္းနားထည္၀ါတဲ့ ဇာတ္ေကာင္ Fa Mulan ကို မၾကာခင္မွာပဲ Live Action အျဖစ္ ၾကည့္ရႈၾကရေတာ့မွာလည္း ျဖစ္ပါတယ္။

Photo: YouTube

Walt Disney Pictures က ထုတ္လုပ္ထားၿပီး ဒါရိုက္တာ Niki Caro က ရိုက္ကူးထားတဲ့ ဒီ Mulan ဇာတ္ကားဟာ “The Ballad of Mulan” ဆိုတဲ့ ကဗ်ာကို အေျခခံထားတာ ျဖစ္ပါတယ္။ သရုပ္ေဆာင္ေတြအေနနဲ႔ Mulan အျဖစ္ Liu Yifei ၊ တပ္မွဴးႀကီး Tung အျဖစ္ Donnie Yen ၊ Böri Khan အျဖစ္ Jason Scott Lee ၊ Xianniang အျဖစ္ Gong Li နဲ႔ ဘုရင္ႀကီးအျဖစ္ Jet Li တို႔က အဓိက ပါ၀င္သရုပ္ေဆာင္ထားပါတယ္။

Photo: YouTube

ဇာတ္လမ္းအက်ဥ္းကေတာ့ တရုတ္အင္ပါယာႀကီးကို ေျမာက္ပိုင္းသားေတြက က်ဴးေက်ာ္တိုက္ခိုက္လာတဲ့အတြက္ တစ္အိမ္လွ်င္ ေယာက်ား္သားတစ္ေယာက္ စစ္မႈမထမ္းမေနရဆိုတဲ့ အမိန္႔ကို ထုတ္ျပန္လိုက္ရာက စပါတယ္။ အဲ့ဒီ့လိုနဲ႔ ဂုဏ္သေရရိွ စစ္သူႀကီးတစ္ေယာက္ရဲ႕ အႀကီးဆုံးသမီးျဖစ္တဲ့ Hua Mulan ဟာ နာမက်န္းျဖစ္ေနတဲ့ ဖခင္အစား ေယာက္်ားေလးအေယာင္ေဆာင္ၿပီး အမႈေတာ္ထမ္းဖို႔ စစ္ထဲကို လိုက္သြားခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ရဲစြမ္းသတၱိနဲ႔ ျပည့္စုံတဲ့ စစ္သည္ေတာ္တစ္ေယာက္ ျဖစ္လာဖို႔ မိန္းကေလးျဖစ္တဲ့ Mulan တစ္ေယာက္ ဘယ္လိုအခက္အခဲ၊ အတားအဆီးေတြကို ရင္ဆိုင္ေက်ာ္လႊားသြားရမလည္းဆိုတာကို ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Photo: YouTube

ဇာတ္ကားရဲ႕ official ေထြလာကို ဇူလိုင္လ(၇)ရက္ေန႔က Walt Disney ရဲ႕ official YouTube Channel မွာ လႊင့္တင္ခဲ့ရာ ႏွစ္ရက္အတြင္း ၾကည့္ရႈသူေပါင္း (၁၇)သန္းေက်ာ္သြားခဲ့ပါၿပီ။ ဒီဇာတ္ကားကိုေတာ့ ၂၀၂၀ခုႏွစ္ မတ္လ(၁၇)ရက္ေန႔မွာ ယူအက္စ္ႏိုင္ငံမွာ စတင္ျပသသြားမယ္လို႔ ေဖာ္ျပထားပါတယ္။ ငယ္ငယ္က ကာတြန္းဇာတ္ေကာင္အျဖစ္ ၾကည့္ခဲ့ရတဲ့ Mulan ကို လူအျဖစ္နဲ႔ ျပန္လည္ျမင္ေတြ႕ရတဲ့အခါ ဘယ္လိုေတြခံစားရမလည္းဆိုတာ သိေစဖို႔ ေအာက္မွာေဖာ္ျပေပးထားတဲ့ ေထြလာ ဗီြဒီယိုေလးကို ႏွိပ္ၿပီး အျမည္းခံစားလိုက္ပါဦး။

Xei

(Unicode Version)

Mulan ဆိုတာဟာ စာရေးသူတို့ ငယ်စဉ်ကတည်းက စွဲလမ်းနှစ်သက်ခဲ့ရတဲ့ Disney ရဲ့ ဇာတ်ကောင်တစ်ခုပါ။ သာမန်မိန်းကလေးအဖြစ်ကနေ ရဲရင့်လွန်းတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်သည်အထိ ရဲစွမ်းသတ္တိပြည့်စုံလွန်းတဲ့ သူမရဲ့စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေက စာရေးသူတို့ရဲ့ ငယ်ဘဝအတွက် အားကျအတုယူစရာ ဖြစ်ခဲ့ရပါတယ်။ ဒီလို ခမ်းနားထည်ဝါတဲ့ ဇာတ်ကောင် Fa Mulan ကို မကြာခင်မှာပဲ Live Action အဖြစ် ကြည့်ရှုကြရတော့မှာလည်း ဖြစ်ပါတယ်။

Photo: YouTube

Walt Disney Pictures က ထုတ်လုပ်ထားပြီး ဒါရိုက်တာ Niki Caro က ရိုက်ကူးထားတဲ့ ဒီ Mulan ဇာတ်ကားဟာ “The Ballad of Mulan” ဆိုတဲ့ ကဗျာကို အခြေခံထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Mulan အဖြစ် Liu Yifei ၊ တပ်မှူးကြီး Tung အဖြစ် Donnie Yen ၊ Böri Khan အဖြစ် Jason Scott Lee ၊ Xianniang အဖြစ် Gong Li နဲ့ ဘုရင်ကြီးအဖြစ် Jet Li တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: YouTube

ဇာတ်လမ်းအကျဉ်းကတော့ တရုတ်အင်ပါယာကြီးကို မြောက်ပိုင်းသားတွေက ကျူးကျော်တိုက်ခိုက်လာတဲ့အတွက် တစ်အိမ်လျှင် ယောကျာ်းသားတစ်ယောက် စစ်မှုမထမ်းမနေရဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ရာက စပါတယ်။ အဲ့ဒီ့လိုနဲ့ ဂုဏ်သရေရှိ စစ်သူကြီးတစ်ယောက်ရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ Hua Mulan ဟာ နာမကျန်းဖြစ်နေတဲ့ ဖခင်အစား ယောက်ျားလေးအယောင်ဆောင်ပြီး အမှုတော်ထမ်းဖို့ စစ်ထဲကို လိုက်သွားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ စစ်သည်တော်တစ်ယောက် ဖြစ်လာဖို့ မိန်းကလေးဖြစ်တဲ့ Mulan တစ်ယောက် ဘယ်လိုအခက်အခဲ၊ အတားအဆီးတွေကို ရင်ဆိုင်ကျော်လွှားသွားရမလည်းဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Photo: YouTube

ဇာတ်ကားရဲ့ official ထွေလာကို ဇူလိုင်လ(၇)ရက်နေ့က Walt Disney ရဲ့ official YouTube Channel မှာ လွှင့်တင်ခဲ့ရာ နှစ်ရက်အတွင်း ကြည့်ရှုသူပေါင်း (၁၇)သန်းကျော်သွားခဲ့ပါပြီ။ ဒီဇာတ်ကားကိုတော့ ၂၀၂၀ခုနှစ် မတ်လ(၁၇)ရက်နေ့မှာ ယူအက်စ်နိုင်ငံမှာ စတင်ပြသသွားမယ်လို့ ဖော်ပြထားပါတယ်။ ငယ်ငယ်က ကာတွန်းဇာတ်ကောင်အဖြစ် ကြည့်ခဲ့ရတဲ့ Mulan ကို လူအဖြစ်နဲ့ ပြန်လည်မြင်တွေ့ရတဲ့အခါ ဘယ်လိုတွေခံစားရမလည်းဆိုတာ သိစေဖို့ အောက်မှာဖော်ပြပေးထားတဲ့ ထွေလာ ဗွီဒီယိုလေးကို နှိပ်ပြီး အမြည်းခံစားလိုက်ပါဦး။

Xei

 

RELATED ARTICLES

Most Popular