HomeCelebs Update NewsChineseစက်တင်ဘာလ(၄)ရက်နေ့ကစပြီး Disney+ မှာ ကြည့်ရှုနိုင်တော့မယ့် Mulan ရုပ်ရှင်

စက်တင်ဘာလ(၄)ရက်နေ့ကစပြီး Disney+ မှာ ကြည့်ရှုနိုင်တော့မယ့် Mulan ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်အများအပြား စောင့်ဆိုင်းနေကြတဲ့ Mulan live action ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြသမယ့်အစား ဒစ်ဂျစ်တယ်လ်အနေနဲ့ပဲ ကြည့်ရှုရဖို့ ရှိနေပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့က Walt Disney ရဲ့ ကြေညာချက်အရ Mulan ရုပ်ရှင်ကို Disney ရဲ့ streaming service ဖြစ်တဲ့ Disney+ မှာ စက်တင်ဘာလ(၄)ရက်နေ့ကစပြီး ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Disney+ ဟာ လစဉ်ကြေးနဲ့ subscription လုပ်ပြီး ကြည့်ရှုရတဲ့ Walt Disney ကုမ္ပဏီရဲ့ streaming service တစ်ခု ဖြစ်ပါတယ်။ Mulan ကို Disney+ မှာ ကြည့်ရှုဖို့ဆိုရင်တော့ ပုံမှန်လစဉ်ကြေးအပြင် (၂၉.၉၉)ဒေါ်လာကို အပိုထပ်ဆောင်းပေးပြီးမှ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Disney ဟာ Mulan ကို သူ့ရဲ့streaming service မှာ အဓိကထားပြီး ထုတ်လွှင့်ပြသမှာ ဖြစ်ပေမယ့် Disney+ ဝန်ဆောင်မှု မရရှိနိုင်တဲ့နိုင်ငံတွေမှာတော့ ရုံတင်ပြသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo via IMDb

“အခုလို ဘာကိုမှ ခန့်မှန်းလို့မရနိုင်တဲ့ အချိန်အတောအတွင်းမှာ ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် နည်းလမ်းကို ရှာဖွေရပါတယ်။ ပြီးတော့ မိသားစုအတူတူ ကြည့်ရှုခံစားလို့ရမယ့် ဒီရုပ်ရှင်ဇာတ်ကားဟာ လက်ရှိအခြေအနေနဲ့လည်း ကွက်တိဖြစ်နေပါတယ်။ လောလောဆယ်မှာ ရုပ်ရှင်ရုံကိုသွားပြီး ကြည့်ဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အတွက် ပိုကျယ်ပြန့်တဲ့ ပရိသတ်ဆီကို အခုလိုနည်းလမ်းနဲ့ ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်… ” လို့ Walt Disney ရဲ့စီအီးအို Bob Chapek က ပြောပြထားပါတယ်။

animated movie ကို live action အဖြစ် ပြန်ပြောင်းရိုက်ကူးထားတဲ့ Mulan ရုပ်ရှင်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် အထိနာရတဲ့ ရုပ်ရှင်ကားကြီးတွေထဲမှာ ပါဝင်ပါတယ်။ မူလက မတ်လ(၂၇)ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ဖြစ်လာတဲ့အတွက် ဇူလိုင်လကုန်ပိုင်းကို ရွှေ့ဆိုင်းခဲ့ပြီး အဲ့ဒီ့ကနေ ဩဂုတ်လကုန်ပိုင်းအထိ ရွှေ့ဆိုင်းခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်လူနာအရေအတွက်ဟာ ကြောက်ခမန်းလိလိ မြင့်တက်လာနေတဲ့အတွက် ရုံတင်ဖို့ကိစ္စကို လုံးဝပယ်ဖျက်လိုက်ရတာ ဖြစ်ပါတယ်။

Photo via IMDb

မူလတုန်းကတော့ Disney ရဲ့ Mulan ရုပ်ရှင်ဟာ Warner Bros. ရဲ့ Tenet နဲ့အတူတူ ကိုဗစ်အလွန် ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ချိန်ကြမှ ပွဲခံကြဖို့ ရည်ရွယ်ထားခဲ့တာပါ။ သို့ပေမယ့် ကိုဗစ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားရတာ လေးလကျော်လာပြီးတဲ့နောက်မှာတော့ Warner Bros. ဟာ သူ့ရဲ့ Tenet ရုပ်ရှင်ကို နိုင်ငံတကာမှာ အရင်ရုံတင်ပြသပြီး ရက်သတ္တပတ်အနည်းငယ် ခွာပြီးမှ ယူအက်စ်က အချို့သော ရုပ်ရှင်ရုံတွေမှာ ပြသဖို့ စီစဉ်ထားပါတယ်။ Disney ကတော့ Warner Bros. လို အခြေအနေကို မစောင့်ဆိုင်းတော့ဘဲ သူ့ရဲ့ streaming service ကနေ တိုက်ရိုက်ဖြန့်ဝေလိုက်ဖို့ကို အစီအစဉ် ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။

Photo via IMDb

Mulan ဟာ ဘတ်ဂျက် ဒေါ်လာသန်း(၂၀၀)ဝန်းကျင် သုံးစွဲထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး Tenet ကတော့ ဘတ်ဂျက် ဒေါ်လာ(၂၂၅)သန်းဝန်းကျင် သုံးစွဲထားပါတယ်။ အခုလို ဘတ်ဂျက်အများကြီး စိုက်ထုတ်သုံးစွဲထားတဲ့ ရုပ်ရှင်ကားကြီးတွေအနေနဲ့ box-office ဝင်ငွေကို အများကြီး မျှော်လင့်ထားကြပေမယ့် ကိုဗစ်ကြောင့် စွန့်စားမှုများတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နေရပြီလည်း ဖြစ်ပါတယ်။

LaNina

Source: indianexpress

(Zawgyi Version)

ပရိသတ္အမ်ားအျပား ေစာင့္ဆိုင္းေနၾကတဲ့ Mulan live action ႐ုပ္ရွင္ဇာတ္ကားဟာ ႐ုံတင္ျပသမယ့္အစား ဒစ္ဂ်စ္တယ္လ္အေနနဲ႔ပဲ ၾကည့္ရႈရဖို႔ ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ အဂၤါေန႔က Walt Disney ရဲ႕ ေၾကညာခ်က္အရ Mulan ႐ုပ္ရွင္ကို Disney ရဲ႕ streaming service ျဖစ္တဲ့ Disney+ မွာ စက္တင္ဘာလ(၄)ရက္ေန႔ကစၿပီး ၾကည့္ရႈႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

Disney+ ဟာ လစဥ္ေၾကးနဲ႔ subscription လုပ္ၿပီး ၾကည့္ရႈရတဲ့ Walt Disney ကုမၸဏီရဲ႕ streaming service တစ္ခု ျဖစ္ပါတယ္။ Mulan ကို Disney+ မွာ ၾကည့္ရႈဖို႔ဆိုရင္ေတာ့ ပုံမွန္လစဥ္ေၾကးအျပင္ (၂၉.၉၉)ေဒၚလာကို အပိုထပ္ေဆာင္းေပးၿပီးမွ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။ Disney ဟာ Mulan ကို သူ႔ရဲ႕streaming service မွာ အဓိကထားၿပီး ထုတ္လႊင့္ျပသမွာ ျဖစ္ေပမယ့္ Disney+ ဝန္ေဆာင္မႈ မရရွိႏိုင္တဲ့ႏိုင္ငံေတြမွာေတာ့ ႐ုံတင္ျပသသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Photo via IMDb

“အခုလို ဘာကိုမွ ခန႔္မွန္းလို႔မရႏိုင္တဲ့ အခ်ိန္အေတာအတြင္းမွာ ႐ုပ္ရွင္ၾကည့္ပရိသတ္ေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ နည္းလမ္းကို ရွာေဖြရပါတယ္။ ၿပီးေတာ့ မိသားစုအတူတူ ၾကည့္ရႈခံစားလို႔ရမယ့္ ဒီ႐ုပ္ရွင္ဇာတ္ကားဟာ လက္ရွိအေျခအေနနဲ႔လည္း ကြက္တိျဖစ္ေနပါတယ္။ ေလာေလာဆယ္မွာ ႐ုပ္ရွင္႐ုံကိုသြားၿပီး ၾကည့္ဖို႔ဆိုတာ မျဖစ္ႏိုင္ေသးတဲ့အတြက္ ပိုက်ယ္ျပန႔္တဲ့ ပရိသတ္ဆီကို အခုလိုနည္းလမ္းနဲ႔ ျဖန႔္ခ်ိေပးလိုက္တာ ျဖစ္ပါတယ္… ” လို႔ Walt Disney ရဲ႕စီအီးအို Bob Chapek က ေျပာျပထားပါတယ္။

animated movie ကို live action အျဖစ္ ျပန္ေျပာင္း႐ိုက္ကူးထားတဲ့ Mulan ႐ုပ္ရွင္ဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အထိနာရတဲ့ ႐ုပ္ရွင္ကားႀကီးေတြထဲမွာ ပါဝင္ပါတယ္။ မူလက မတ္လ(၂၇)ရက္ေန႔မွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားေပမယ့္ ကိုဗစ္ျဖစ္လာတဲ့အတြက္ ဇူလိုင္လကုန္ပိုင္းကို ေ႐ႊ႕ဆိုင္းခဲ့ၿပီး အဲ့ဒီ့ကေန ဩဂုတ္လကုန္ပိုင္းအထိ ေ႐ႊ႕ဆိုင္းခဲ့ေပမယ့္ အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္လူနာအေရအတြက္ဟာ ေၾကာက္ခမန္းလိလိ ျမင့္တက္လာေနတဲ့အတြက္ ႐ုံတင္ဖို႔ကိစၥကို လုံးဝပယ္ဖ်က္လိုက္ရတာ ျဖစ္ပါတယ္။

Photo via IMDb

မူလတုန္းကေတာ့ Disney ရဲ႕ Mulan ႐ုပ္ရွင္ဟာ Warner Bros. ရဲ႕ Tenet နဲ႔အတူတူ ကိုဗစ္အလြန္ ႐ုပ္ရွင္႐ုံေတြ ျပန္ဖြင့္ခ်ိန္ၾကမွ ပြဲခံၾကဖို႔ ရည္႐ြယ္ထားခဲ့တာပါ။ သို႔ေပမယ့္ ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္႐ုံေတြ ပိတ္ထားရတာ ေလးလေက်ာ္လာၿပီးတဲ့ေနာက္မွာေတာ့ Warner Bros. ဟာ သူ႔ရဲ႕ Tenet ႐ုပ္ရွင္ကို ႏိုင္ငံတကာမွာ အရင္႐ုံတင္ျပသၿပီး ရက္သတၱပတ္အနည္းငယ္ ခြာၿပီးမွ ယူအက္စ္က အခ်ိဳ႕ေသာ ႐ုပ္ရွင္႐ုံေတြမွာ ျပသဖို႔ စီစဥ္ထားပါတယ္။ Disney ကေတာ့ Warner Bros. လို အေျခအေနကို မေစာင့္ဆိုင္းေတာ့ဘဲ သူ႔ရဲ႕ streaming service ကေန တိုက္႐ိုက္ျဖန႔္ေဝလိုက္ဖို႔ကို အစီအစဥ္ ေျပာင္းလဲလိုက္တာလည္း ျဖစ္ပါတယ္။

Photo via IMDb

Mulan ဟာ ဘတ္ဂ်က္ ေဒၚလာသန္း(၂၀၀)ဝန္းက်င္ သုံးစြဲထားတဲ့ ႐ုပ္ရွင္ကားျဖစ္ၿပီး Tenet ကေတာ့ ဘတ္ဂ်က္ ေဒၚလာ(၂၂၅)သန္းဝန္းက်င္ သုံးစြဲထားပါတယ္။ အခုလို ဘတ္ဂ်က္အမ်ားႀကီး စိုက္ထုတ္သုံးစြဲထားတဲ့ ႐ုပ္ရွင္ကားႀကီးေတြအေနနဲ႔ box-office ဝင္ေငြကို အမ်ားႀကီး ေမွ်ာ္လင့္ထားၾကေပမယ့္ ကိုဗစ္ေၾကာင့္ စြန႔္စားမႈမ်ားတဲ့ ေ႐ြးခ်ယ္မႈေတြကို ျပဳလုပ္ေနရၿပီလည္း ျဖစ္ပါတယ္။

LaNina

Source: indianexpress

 

 

RELATED ARTICLES

Most Popular