HomeCharacterအချိန်ကို လိုသလို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ အမိုက်ဆုံး Marvel/DC စူပါဟီးရိုးများ

အချိန်ကို လိုသလို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ အမိုက်ဆုံး Marvel/DC စူပါဟီးရိုးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အချိန်ကို လိုသလို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ အစွမ်းကို စူပါဟီးရိုးတိုင်း မပိုင်ဆိုင်ကြပါဘူး။ အကယ်၍ အချိန်ခရီးသွားနိုင်ပြီး အဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားရင်တောင် အလွယ်တကူ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ အချိန်ခရီးသွားပြီး ဖြစ်ရပ်တွေကို ပြောင်းလဲလိုက်ရင် မခန့်မှန်းနိုင်တဲ့ ဘေးထွက်ဆိုးကျိူးများစွာ ရှိပြီး လုပ်ချင်တိုင်း လုပ်လို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အချိန်ကို လိုသလို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ အမိုက်ဆုံး Marvel/DC က စူပါဟီးရိုးတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Green Lantern – DC
photo via cbr

Green Lantern တွေဟာလည်း အချိန်ခရီးသွားနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့်လည်း အချိန်ခရီးသွားလိုက်ရင် ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိူးတွေကို သိတာကြောင့် သူတို့တွေဟာ အချိန်ခရီးသွားလေ့ မရှိပါဘူး။ ဒါ့အပြင် အချိန်ခရီးသွားမယ်ဆိုရင် စိတ်စွမ်းအင်တွေ အများကြီး လိုအပ်တာကြောင့် Green Lantern တိုင်းလည်း အချိန်ခရီးမသွားနိုင်ကြပါဘူး။

DC ကောမစ်ထဲက စွမ်းအားအကြီးဆုံး Green Lantern တစ်ယောက်ဖြစ်တဲ့ Hal Jordan ကတော့ အချိန်ခရီးသွားဖူးပါတယ်။ သူဟာ အနာဂတ်ကာလတစ်ခုကို အချိန်ခရီးသွားခဲ့ပြီး သူ့ကိုယ်သူ Pol Manning ဆိုတဲ့ နာမည်နဲ့ နေထိုင်ခဲ့ပါတယ်။ သူ အချိန်ခရီးသွားရတဲ့ အကြောင်းကတော့ အဲ့ဒီအချိန်ကာလမှာ အုပ်စိုးနေတဲ့ အစိုးရကို ဖြုတ်ချဖို့အတွက်ပဲ ဖြစ်ပါတယ်။

(6) Waverider – DC
photo via cbr

Waverider ကတော့ DC ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး အခုချိန်ထိ တီဗွီဖန်သားပြင်ပေါ်မှာ မမြင်ရသေးသူလည်း ဖြစ်ပါတယ်။ သူကတော့ ပုံမှန်အချိန်ခရီးသွားနိုင်တဲ့ စူပါဟီးရိုးတွေထက် အနည်းငယ် ထူးခြားပါတယ်။ ပထမအချက်ကတော့ သူဟာ ဆန္ဒရှိတဲ့အချိန်တိုင်းမှာ အချိန်ခရီးသွားနိုင်ပါတယ်။ ဒုတိယအချက်ကတော့ သူဟာ တစ်ခြားလူတစ်ယောက်ရဲ့ အသားကို ထိလိုက်ရုံနဲ့ အဲ့ဒီလူရဲ့ အနာဂတ်ကို ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီအစွမ်းကိုလည်း ဘယ်သူ့ကိုမဆို အသုံးပြုလို့ရပါသေးတယ်။

သူဟာ သူ့ရဲ့အနာဂတ်ကို ရင်မဆိုင်ချင်တာကြောင့် အဲ့ဒီအနာဂတ်ကို ပြောင်းလဲဖို့အတွက် အချိန်ခရီးသွားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူလိုချင်တဲ့ ရလဒ်ကောင်းတော့ ထွက်မလာခဲ့ပါဘူး။ ဒါ့အပြင် သူဟာ အချိန်ခရီးသွားပြီး timeline ကို မပြင်ဆင်ခင်မှာ အဲ့ဒီလုပ်ရပ်ကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိူးတွေ ဖြစ်လာမလည်း ဆိုတာကိုလည်း ကြိုတင်စဉ်းစားလေ့ မရှိပါဘူး။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ နမော်နမဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးဟာ ပြန်လည်ပေးဆပ်ခဲ့ရပါတယ်။

(5) Flash – DC
photo via cbr

အချိန်ခရီးသွားနိုင်တဲ့ စူပါဟီးရိုးတွေထဲမှာတော့ Flash ဟာ နာမည်အကြီးဆုံးလို့တောင် ပြောလို့ရပါတယ်။ Barry Allen ဟာ အလင်းထက်တောင် လျင်မြန်တဲ့အရှိန်နဲ့ ပြေးနိုင်တာကြောင့် အချိန်ခရီးသွားနိုင်တာ ဖြစ်ပါတယ်။ သူဟာ ဒီအစွမ်းကို အသုံးပြုပြီးတော့ ကောမစ်ထဲမှာရော၊ ရုပ်ရှင်ထဲမှာပါ timeline တွေကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ဖူးပါတယ်။ ဒါ့အပြင် သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ Flashpoint နဲ့ Crisis on Infinite Earths timeline တို့ကလည်း နာမည်ကြီးပဲ ဖြစ်ပါတယ်။ တခါတလေကျရင် Superman တောင်မှ Flash ရဲ့ နည်းလမ်းကို အသုံးပြုပြီးတော့ အချိန်ခရီးသွားခဲ့တာတွေလည်း ရှိပါတယ်။

(4) Doctor Strange – Marvel
photo via cbr

Doctor Strange ကတော့ သူ့ရဲ့မှော်ပညာကို အသုံးပြုပြီး အချိန်တွေ၊ နေရာတွေကို လိုသလို ခရီးသွားနိုင်ပါတယ်။ MCU ထဲမှာတော့ Doctor Strange ဟာ အချိန်ကို ပြောင်းလဲဖို့အတွက် Time Stone ကို လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ Doctor Strange ဟာ Time Stone မရှိဘဲနဲ့တောင် သူ့ရဲ့ မှော်ပညာကို အသုံးပြုပြီး အချိန်ခရီးသွားနိုင်ပါတယ်။

ဒါ့အပြင် အဲ့ဒီအစွမ်းဟာ သူ တစ်ယောက်တည်း အသုံးပြုနိုင်တာ မဟုတ်ဘဲ အရင်က Sorcerer Supreme ဖြစ်ခဲ့တဲ့ Ancient One လည်း အသုံးပြုနိုင်ပါတယ်။ Ancient One သေဆုံးသွားပြီးနောက်မှာ Doctor Strange က Sorcerer Supreme ဖြစ်လာတာကြောင့် Time Stone ကို စောင့်ရှောက်ရတဲ့ တာဝန်ကို ယူခဲ့ရပါတယ်။ သူဟာ အချိန်ကို လိုသလို ပြောင်းလဲနိုင်ပေမယ့်လည်း အမြဲတမ်း အသုံးပြုလေ့မရှိဘဲ အမှန်တကယ် မဖြစ်မနေ လိုအပ်လာတဲ့အချိန်မှသာ အသုံးပြုလေ့ရှိပါတယ်။

(3) Spectre – DC
photo via cbr

Spectre ဟာ DC ကောမစ်ထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲကတစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ သူဟာ DC universe ကို ဖန်တီးခဲ့တဲ့ The Presence (ခေါ်) The Voice ကြောင့် ဖြစ်ပေါ်လာတဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာလည်း အလွန်စွမ်းအားကြီးသူတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ တစ်ခြားဇာတ်ကောင်တွေလိုမျိူး မကြာခဏ အချိန်ခရီးနေသူတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ အချိန်ခရီးသွားနိုင်စွမ်းဟာ သူ့ရဲ့တစ်ခုတည်းသော အစွမ်းမဟုတ်ဘဲ reality တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သလို cosmic energy တွေကိုလည်း ထိန်းချုပ်နိုင်ပြီး တစ်ခြားစွမ်းအားတွေ အများကြီးလည်း ပိုင်ဆိုင်ထားပါတယ်။

(2) Doctor Manhattan – DC
photo via cbr

Jonathan Osterman (ခေါ်) Doctor Manhattan ကတော့ ဘယ်လိုမှ အနိုင်ယူလို့ မရနိုင်သူတစ်ယောက်လို့တောင် ယူဆလို့ရပါတယ်။ သူဟာ အရာအားလုံးနီးပါးကို လုပ်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်လည်း မရှိသလို သူ့ရဲ့ energy ကြောင့်သာ အခုလိုတည်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ တစ်ခြားသူတွေနဲ့လည်း လုံးဝမတူပါဘူး။ အကြောင်းကတော့ သူဟာ အချိန်တွေအကုန်လုံးကို တစ်ပြိုင်တည်း မြင်နေရလို့ပဲ ဖြစ်ပါတယ်။ ပိုပြီးရှင်းအောင် ပြောရမယ်ဆိုရင်တော့ သူဟာ အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန်တွေအကုန်လုံးကို တစ်ချိန်တည်းမှာ ကြည့်ရှုနိုင်ပါတယ်။ ကောင်းတဲ့အချက်တစ်ခုကတော့ သူဟာ DC universe ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို လုံးဝစိတ်မဝင်စားဘဲ သူဝင်ပါတဲ့ အဖြစ်အပျက်တွေဟာ အတော်လေးကို ရှားပါးပါတယ်။

(1) Franklin Richards – Marvel
photo via cbr

Franklin Richards ဟာ omega အဆင့် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့စွမ်းအားတွေဟာ celestial being တွေရဲ့ စွမ်းအားနဲ့တောင် ယှဉ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် celestial being တွေရဲ့ စွမ်းအားထက်တောင် ပိုပြီးတော့ စွမ်းအားကြီးရင် ကြီးနေနိုင်ပါသေးတယ်။ သူဟာ အချိန်ခရီးသွားနိုင်ရုံတင် မဟုတ်ဘဲ အနာဂတ်က တချို့အဖြစ်အပျက်တွေကိုလည်း သူ့ရဲ့အိပ်မက်ထဲကနေတစ်ဆင့် သိရှိနိုင်ပါတယ်။ သူ့ရဲ့စွမ်းအားတွေနဲ့ ပတ်သက်ပြီး အံ့ဩစရာကောင်းတဲ့ အချက်ကတော့ သူ့ရဲ့အတွေးတွေကိုတောင် တကယ့် reality ဖြစ်သွားအောင် ပြောင်းလဲနိုင်တာပဲ ဖြစ်ပါတယ်။

ဒါကတော့ Marvel နဲ့ DC Universe နှစ်ခုလုံးက အချိန်နဲ့ပတ်သက်ရင် လိုသလို ခြယ်လှယ်လို့ရတဲ့ စူပါဟီးရိုးတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့အကြိုက် စူပါဟီးရိုးကရော ဘယ်တစ်ယောက် ဖြစ်နေလည်းဆိုတာ ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခ်ိန္ကို လိုသလို ႀကိဳးကိုင္ျခယ္လွယ္ႏိုင္တဲ့ အစြမ္းကို စူပါဟီး႐ိုးတိုင္း မပိုင္ဆိုင္ၾကပါဘူး။ အကယ္၍ အခ်ိန္ခရီးသြားႏိုင္ၿပီး အျဖစ္အပ်က္ေတြကို ေျပာင္းလဲႏိုင္တဲ့စြမ္းအားကို ပိုင္ဆိုင္ထားရင္ေတာင္ အလြယ္တကူ ေျပာင္းလဲႏိုင္မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ အခ်ိန္ခရီးသြားၿပီး ျဖစ္ရပ္ေတြကို ေျပာင္းလဲလိုက္ရင္ မခန႔္မွန္းႏိုင္တဲ့ ေဘးထြက္ဆိုးက်ိဴးမ်ားစြာ ရွိၿပီး လုပ္ခ်င္တိုင္း လုပ္လို႔ရတဲ့ အရာတစ္ခု မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ အခ်ိန္ကို လိုသလို ႀကိဳးကိုင္ျခယ္လွယ္ႏိုင္တဲ့ အမိုက္ဆုံး Marvel/DC က စူပါဟီး႐ိုးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Green Lantern – DC
photo via cbr

Green Lantern ေတြဟာလည္း အခ်ိန္ခရီးသြားႏိုင္တဲ့ အစြမ္းကို ပိုင္ဆိုင္ထားၾကပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ခရီးသြားလိုက္ရင္ ျဖစ္လာမယ့္ ေဘးထြက္ဆိုးက်ိဴးေတြကို သိတာေၾကာင့္ သူတို႔ေတြဟာ အခ်ိန္ခရီးသြားေလ့ မရွိပါဘူး။ ဒါ့အျပင္ အခ်ိန္ခရီးသြားမယ္ဆိုရင္ စိတ္စြမ္းအင္ေတြ အမ်ားႀကီး လိုအပ္တာေၾကာင့္ Green Lantern တိုင္းလည္း အခ်ိန္ခရီးမသြားႏိုင္ၾကပါဘူး။

DC ေကာမစ္ထဲက စြမ္းအားအႀကီးဆုံး Green Lantern တစ္ေယာက္ျဖစ္တဲ့ Hal Jordan ကေတာ့ အခ်ိန္ခရီးသြားဖူးပါတယ္။ သူဟာ အနာဂတ္ကာလတစ္ခုကို အခ်ိန္ခရီးသြားခဲ့ၿပီး သူ႔ကိုယ္သူ Pol Manning ဆိုတဲ့ နာမည္နဲ႔ ေနထိုင္ခဲ့ပါတယ္။ သူ အခ်ိန္ခရီးသြားရတဲ့ အေၾကာင္းကေတာ့ အဲ့ဒီအခ်ိန္ကာလမွာ အုပ္စိုးေနတဲ့ အစိုးရကို ျဖဳတ္ခ်ဖို႔အတြက္ပဲ ျဖစ္ပါတယ္။

(6) Waverider – DC
photo via cbr

Waverider ကေတာ့ DC ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး အခုခ်ိန္ထိ တီဗြီဖန္သားျပင္ေပၚမွာ မျမင္ရေသးသူလည္း ျဖစ္ပါတယ္။ သူကေတာ့ ပုံမွန္အခ်ိန္ခရီးသြားႏိုင္တဲ့ စူပါဟီး႐ိုးေတြထက္ အနည္းငယ္ ထူးျခားပါတယ္။ ပထမအခ်က္ကေတာ့ သူဟာ ဆႏၵရွိတဲ့အခ်ိန္တိုင္းမွာ အခ်ိန္ခရီးသြားႏိုင္ပါတယ္။ ဒုတိယအခ်က္ကေတာ့ သူဟာ တစ္ျခားလူတစ္ေယာက္ရဲ႕ အသားကို ထိလိုက္႐ုံနဲ႔ အဲ့ဒီလူရဲ႕ အနာဂတ္ကို ခန႔္မွန္းႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီအစြမ္းကိုလည္း ဘယ္သူ႔ကိုမဆို အသုံးျပဳလို႔ရပါေသးတယ္။

သူဟာ သူ႔ရဲ႕အနာဂတ္ကို ရင္မဆိုင္ခ်င္တာေၾကာင့္ အဲ့ဒီအနာဂတ္ကို ေျပာင္းလဲဖို႔အတြက္ အခ်ိန္ခရီးသြားခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း သူလိုခ်င္တဲ့ ရလဒ္ေကာင္းေတာ့ ထြက္မလာခဲ့ပါဘူး။ ဒါ့အျပင္ သူဟာ အခ်ိန္ခရီးသြားၿပီး timeline ကို မျပင္ဆင္ခင္မွာ အဲ့ဒီလုပ္ရပ္ေၾကာင့္ ဘယ္လိုေဘးထြက္ဆိုးက်ိဴးေတြ ျဖစ္လာမလည္း ဆိုတာကိုလည္း ႀကိဳတင္စဥ္းစားေလ့ မရွိပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ နေမာ္နမဲ့ လုပ္ရပ္ေတြေၾကာင့္ ကမာၻႀကီးဟာ ျပန္လည္ေပးဆပ္ခဲ့ရပါတယ္။

(5) Flash – DC
photo via cbr

အခ်ိန္ခရီးသြားႏိုင္တဲ့ စူပါဟီး႐ိုးေတြထဲမွာေတာ့ Flash ဟာ နာမည္အႀကီးဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။ Barry Allen ဟာ အလင္းထက္ေတာင္ လ်င္ျမန္တဲ့အရွိန္နဲ႔ ေျပးႏိုင္တာေၾကာင့္ အခ်ိန္ခရီးသြားႏိုင္တာ ျဖစ္ပါတယ္။ သူဟာ ဒီအစြမ္းကို အသုံးျပဳၿပီးေတာ့ ေကာမစ္ထဲမွာေရာ၊ ႐ုပ္ရွင္ထဲမွာပါ timeline ေတြကို အႀကိမ္ႀကိမ္ ေျပာင္းလဲခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူ႔ေၾကာင့္ ျဖစ္ေပၚလာတဲ့ Flashpoint နဲ႔ Crisis on Infinite Earths timeline တို႔ကလည္း နာမည္ႀကီးပဲ ျဖစ္ပါတယ္။ တခါတေလက်ရင္ Superman ေတာင္မွ Flash ရဲ႕ နည္းလမ္းကို အသုံးျပဳၿပီးေတာ့ အခ်ိန္ခရီးသြားခဲ့တာေတြလည္း ရွိပါတယ္။

(4) Doctor Strange – Marvel
photo via cbr

Doctor Strange ကေတာ့ သူ႔ရဲ႕ေမွာ္ပညာကို အသုံးျပဳၿပီး အခ်ိန္ေတြ၊ ေနရာေတြကို လိုသလို ခရီးသြားႏိုင္ပါတယ္။ MCU ထဲမွာေတာ့ Doctor Strange ဟာ အခ်ိန္ကို ေျပာင္းလဲဖို႔အတြက္ Time Stone ကို လိုအပ္ပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ Doctor Strange ဟာ Time Stone မရွိဘဲနဲ႔ေတာင္ သူ႔ရဲ႕ ေမွာ္ပညာကို အသုံးျပဳၿပီး အခ်ိန္ခရီးသြားႏိုင္ပါတယ္။

ဒါ့အျပင္ အဲ့ဒီအစြမ္းဟာ သူ တစ္ေယာက္တည္း အသုံးျပဳႏိုင္တာ မဟုတ္ဘဲ အရင္က Sorcerer Supreme ျဖစ္ခဲ့တဲ့ Ancient One လည္း အသုံးျပဳႏိုင္ပါတယ္။ Ancient One ေသဆုံးသြားၿပီးေနာက္မွာ Doctor Strange က Sorcerer Supreme ျဖစ္လာတာေၾကာင့္ Time Stone ကို ေစာင့္ေရွာက္ရတဲ့ တာဝန္ကို ယူခဲ့ရပါတယ္။ သူဟာ အခ်ိန္ကို လိုသလို ေျပာင္းလဲႏိုင္ေပမယ့္လည္း အၿမဲတမ္း အသုံးျပဳေလ့မရွိဘဲ အမွန္တကယ္ မျဖစ္မေန လိုအပ္လာတဲ့အခ်ိန္မွသာ အသုံးျပဳေလ့ရွိပါတယ္။

(3) Spectre – DC
photo via cbr

Spectre ဟာ DC ေကာမစ္ထဲက စြမ္းအားအႀကီးဆုံး ဇာတ္ေကာင္ေတြထဲကတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။ သူဟာ DC universe ကို ဖန္တီးခဲ့တဲ့ The Presence (ေခၚ) The Voice ေၾကာင့္ ျဖစ္ေပၚလာတဲ့ ဇာတ္ေကာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာလည္း အလြန္စြမ္းအားႀကီးသူတစ္ေယာက္ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သူဟာ တစ္ျခားဇာတ္ေကာင္ေတြလိုမ်ိဴး မၾကာခဏ အခ်ိန္ခရီးေနသူေတာ့ မဟုတ္ပါဘူး။ ဒါ့အျပင္ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ အခ်ိန္ခရီးသြားႏိုင္စြမ္းဟာ သူ႔ရဲ႕တစ္ခုတည္းေသာ အစြမ္းမဟုတ္ဘဲ reality တစ္ခုလုံးကို ေျပာင္းလဲပစ္ႏိုင္သလို cosmic energy ေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္ၿပီး တစ္ျခားစြမ္းအားေတြ အမ်ားႀကီးလည္း ပိုင္ဆိုင္ထားပါတယ္။

(2) Doctor Manhattan – DC
photo via cbr

Jonathan Osterman (ေခၚ) Doctor Manhattan ကေတာ့ ဘယ္လိုမွ အႏိုင္ယူလို႔ မရႏိုင္သူတစ္ေယာက္လို႔ေတာင္ ယူဆလို႔ရပါတယ္။ သူဟာ အရာအားလုံးနီးပါးကို လုပ္ႏိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္လည္း မရွိသလို သူ႔ရဲ႕ energy ေၾကာင့္သာ အခုလိုတည္ရွိေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ သူဟာ တစ္ျခားသူေတြနဲ႔လည္း လုံးဝမတူပါဘူး။ အေၾကာင္းကေတာ့ သူဟာ အခ်ိန္ေတြအကုန္လုံးကို တစ္ၿပိဳင္တည္း ျမင္ေနရလို႔ပဲ ျဖစ္ပါတယ္။ ပိုၿပီးရွင္းေအာင္ ေျပာရမယ္ဆိုရင္ေတာ့ သူဟာ အတိတ္၊ အနာဂတ္နဲ႔ ပစၥဳပၸန္ေတြအကုန္လုံးကို တစ္ခ်ိန္တည္းမွာ ၾကည့္ရႈႏိုင္ပါတယ္။ ေကာင္းတဲ့အခ်က္တစ္ခုကေတာ့ သူဟာ DC universe ထဲမွာ ျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြကို လုံးဝစိတ္မဝင္စားဘဲ သူဝင္ပါတဲ့ အျဖစ္အပ်က္ေတြဟာ အေတာ္ေလးကို ရွားပါးပါတယ္။

(1) Franklin Richards – Marvel
photo via cbr

Franklin Richards ဟာ omega အဆင့္ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူ႔ရဲ႕စြမ္းအားေတြဟာ celestial being ေတြရဲ႕ စြမ္းအားနဲ႔ေတာင္ ယွဥ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ရင္ celestial being ေတြရဲ႕ စြမ္းအားထက္ေတာင္ ပိုၿပီးေတာ့ စြမ္းအားႀကီးရင္ ႀကီးေနႏိုင္ပါေသးတယ္။ သူဟာ အခ်ိန္ခရီးသြားႏိုင္႐ုံတင္ မဟုတ္ဘဲ အနာဂတ္က တခ်ိဳ႕အျဖစ္အပ်က္ေတြကိုလည္း သူ႔ရဲ႕အိပ္မက္ထဲကေနတစ္ဆင့္ သိရွိႏိုင္ပါတယ္။ သူ႔ရဲ႕စြမ္းအားေတြနဲ႔ ပတ္သက္ၿပီး အံ့ဩစရာေကာင္းတဲ့ အခ်က္ကေတာ့ သူ႔ရဲ႕အေတြးေတြကိုေတာင္ တကယ့္ reality ျဖစ္သြားေအာင္ ေျပာင္းလဲႏိုင္တာပဲ ျဖစ္ပါတယ္။

ဒါကေတာ့ Marvel နဲ႔ DC Universe ႏွစ္ခုလုံးက အခ်ိန္နဲ႔ပတ္သက္ရင္ လိုသလို ျခယ္လွယ္လို႔ရတဲ့ စူပါဟီး႐ိုးေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ရဲ႕အႀကိဳက္ စူပါဟီး႐ိုးကေရာ ဘယ္တစ္ေယာက္ ျဖစ္ေနလည္းဆိုတာ ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular