HomeCharacterMy Hero Academia ထဲက Class 1-A ရဲ့ စိတ်ဝင်စားစရာအချက်များ

My Hero Academia ထဲက Class 1-A ရဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

My Hero Academia ဟာ ၂၀၁၆ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ anime တစ်ခုဖြစ်ပြီးတော့ တော်တော်လေးလည်း အောင်မြင်ကာ လူကြိုက်များလာခဲ့ပါတယ်။ အခုချိန်မှာတော့ season ပေါင်း(၄)ခုနဲ့ ရုပ်ရှင်နှစ်ကား ထွက်ထားပြီး ongoing အဖြစ် ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီ anime ဟာ ပရိသတ်တွေအများအပြားရဲ့ အာရုံစိုက်မှုနဲ့ အားပေးမှုတွေကို ရရှိထားတာကြောင့် ဒီတစ်ခါမှာတော့ Class 1-A ထဲကသူတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Asui Tsuyu နဲ့ Hagakure Toro တို့ဟာ အစတုန်းက ယောက်ျားလေးတွေအဖြစ် ပုံဖော်ဖို့ စီစဉ်ခဲ့တာပါ။
photo via screenrant

သူတို့နှစ်ယောက်လုံးဟာ အဓိကဇာတ်ကောင်တွေ မဟုတ်ကြပေမယ့်လည်း အဓိကဇာတ်ကောင်နီးပါး အားပေးမှုတွေ ရထားတဲ့ ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ မိန်းကလေးဇာတ်ကောင်တွေထဲမှာဆိုရင်လည်း သူတို့ဟာ လူကြိုက်များတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း My Hero Academia manga ရဲ့ ဖန်တီးသူ Horikoshi Kohei ဟာ သူတို့နှစ်ယောက်ကို အစတုန်းက ယောက်ျားလေးတွေအဖြစ် ဖန်တီးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ကို ပြောင်းလဲသွားစေတဲ့ အချက်ကတော့ Class 1-A မှာရှိတဲ့ ကျောင်းသားကျောင်းသူတွေထဲမှာ ယောက်ျားလေးတွေအရမ်းများနေပြီး မိန်းကလေးအရေအတွက်ဟာ လေးယောက်ပဲ ရှိတာကြောင့် ဖြစ်ပါတယ်။

Uraraka Ochaco ရဲ့ စွမ်းအားဟာ ပြောင်းလဲသွားခဲ့ပါတယ်။
photo via screenrant

Ochaco ဟာ သူ့ရဲ့ရည်မွန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးကြောင့် တော်တော်လေးလည်း လူကြိုက်များတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့စွမ်းအားကတော့ သူ့ရဲ့လက်နဲ့ထိလိုက်တဲ့အရာအားလုံးကို မြေဆွဲအားကင်းမဲ့သွားအောင် ပြုလုပ်ပြီး လေပေါ်မှာ ပေါလောဖြစ်နေအောင် ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမကို စတင်ဖန်တီးဖို့ စဉ်းစားခဲ့တဲ့အချိန်တုန်းကတော့ သူ့ရဲ့စွမ်းအားဟာ အခုလိုမဟုတ်တဲ့အပြင် သူ့ရဲ့နာမည်ကလည်း အခုနာမည် မဟုတ်ခဲ့ပါဘူး။

အစတုန်းက သူ့ရဲ့နာမည်ကတော့ Takeyama Yu ဖြစ်ပြီးတော့ သူ့ရဲ့စွမ်းအားကတော့ သူရဲ့ခန္ဓာကိုယ်ကို အကြီးကြီးဖြစ်သွားအောင် ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ Horikoshi Kohei ဟာ စိတ်ပြောင်းသွားပြီး သူမရဲ့နာမည်ကို ပြောင်းလဲလိုက်တာ စွမ်းအားကိုလည်း ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ကို အကြီးကြီးဖြစ်သွားအောင် ပြုလုပ်နိုင်တဲ့အစွမ်းကို အသုံးပြုပြီးတော့ နောက်ထပ် ဇာတ်ကောင်အသစ်တစ်ယောက် ထပ်မံဖန်တီးကာ Mt. Lady ဆိုပြီး နာမည်ပေးခဲ့ပါတယ်။

Bakugo Katsuki ကိုစတင်ဖန်တီးခဲ့တုန်းက ယဉ်ယဉ်ကျေးကျေးနဲ့ ကြင်နာတတ်သူ ဖြစ်ပါတယ်။
photo via screenrant

သူဟာလည်း Ochaco လိုပဲ စတင်ဖန်တီးခဲ့တုန်းက ပုံစံနဲ့ တကယ်ဖြစ်လာတဲ့ပုံစံဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒါကတော့ သူကအခုလိုမျိုး ရန်လိုပြီး ဒေါသကြီးတဲ့ပုံစံမဟုတ်ဘဲနဲ့ Deku လိုမျိုး ကြင်ကြင်နာနာနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ပုံစံမျိုးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Horikoshi Kohei ဟာ သူ့ကို အဲ့လိုမျိုးဖန်တီးလိုက်ရင် ဒီဇာတ်ကောင်ဟာ လူစိတ်ဝင်စားမှု သိပ်ပြီးတော့ ရှိမှာမဟုတ်ဘူးလို့ ထင်တာကြောင့် အခုလိုမျိုး ပြောင်းလဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲသွားတဲ့အချက်ကတော့ တော်တော်လေးကောင်းတယ်လို့ ယူဆလို့ရပြီး Bakugo ကို အဲ့လိုပုံစံမျိုးထက် အခုတိုင်းဟာ ပိုပြီးတော့ လူကြိုက်များစေတာ ဖြစ်ပါတယ်။

Midoriya Izuku ရဲ့နာမည်ပြောင်
photo via screenrant

သူ့ရဲ့နာမည်ပြောင်ကတော့ Deku ဖြစ်ပြီးတော့ ကလေးဘဝကတည်းက Bakugo ကခေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့လိုမျိုးခေါ်ရတဲ့ အကြောင်းအရင်းကတော့ တစ်ခြားသူတွေအားလုံးမှာ ကိုယ်ပိုင်စွမ်းအားတွေရှိနေပေမယ့်လည်း သူဟာ ဘာစွမ်းအားမှ မပါဘဲ မွေးဖွားလာတာကြောင့် ဖြစ်ပါတယ်။ Deku ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်က ရုပ်သေးရုပ်လို့ အဓိပ္ပာယ်ရတဲ့အပြင် အသုံးမကျတဲ့သူတွေကို ခေါ်တဲ့ ဗန်းစကားတစ်ခုလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်စကားပြောနဲ့ ဗားရှင်းထဲမှာတော့ Deku ကို Defenseless Izuku လို့ သုံးသွားခဲ့ပါတယ်။ အဲ့ဒီနှစ်မျိုးဟာ Izuku မှာ စွမ်းအားမရှိလို့ နှိမ်ချပြီး ခေါ်ဝေါ်တဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီစကားလုံးကို Ochaco ကြားသွားတဲ့အချိန်မှာတော့ သူမဟာ dekiru ဆိုတဲ့ ဂျပန်စကားလုံးကို သတိရသွားစေခဲ့ပါတယ်။ အဲ့ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကတော့ လုပ်နိုင်တယ်လို့ အဓိပ္ပာယ်ရတာကြောင့် Izuku ဟာ အဲ့ဒီနာမည်ကပဲ သူ့ကိုခွန်အားတွေပေးသလို ခံစားခဲ့ရတာကြောင့် သူ့ရဲ့ဟီးရိုးနာမည်ကိုလည်း Deku လို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

My Hero Academia ဟာ ၂၀၁၆ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့တဲ့ anime တစ္ခုျဖစ္ၿပီးေတာ့ ေတာ္ေတာ္ေလးလည္း ေအာင္ျမင္ကာ လူႀကိဳက္မ်ားလာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ season ေပါင္း(၄)ခုနဲ႔ ႐ုပ္ရွင္ႏွစ္ကား ထြက္ထားၿပီး ongoing အျဖစ္ ဆက္လက္ထြက္ရွိေနဆဲ ျဖစ္ပါတယ္။ ဒီ anime ဟာ ပရိသတ္ေတြအမ်ားအျပားရဲ႕ အာ႐ုံစိုက္မႈနဲ႔ အားေပးမႈေတြကို ရရွိထားတာေၾကာင့္ ဒီတစ္ခါမွာေတာ့ Class 1-A ထဲကသူေတြရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Asui Tsuyu နဲ႔ Hagakure Toro တို႔ဟာ အစတုန္းက ေယာက္်ားေလးေတြအျဖစ္ ပုံေဖာ္ဖို႔ စီစဥ္ခဲ့တာပါ။
photo via screenrant

သူတို႔ႏွစ္ေယာက္လုံးဟာ အဓိကဇာတ္ေကာင္ေတြ မဟုတ္ၾကေပမယ့္လည္း အဓိကဇာတ္ေကာင္နီးပါး အားေပးမႈေတြ ရထားတဲ့ ဇာတ္ေကာင္ေတြ ျဖစ္ပါတယ္။ မိန္းကေလးဇာတ္ေကာင္ေတြထဲမွာဆိုရင္လည္း သူတို႔ဟာ လူႀကိဳက္မ်ားတဲ့အထဲမွာ ပါဝင္ပါတယ္။ ဒါေပမယ့္လည္း My Hero Academia manga ရဲ႕ ဖန္တီးသူ Horikoshi Kohei ဟာ သူတို႔ႏွစ္ေယာက္ကို အစတုန္းက ေယာက္်ားေလးေတြအျဖစ္ ဖန္တီးဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕စိတ္ကို ေျပာင္းလဲသြားေစတဲ့ အခ်က္ကေတာ့ Class 1-A မွာရွိတဲ့ ေက်ာင္းသားေက်ာင္းသူေတြထဲမွာ ေယာက္်ားေလးေတြအရမ္းမ်ားေနၿပီး မိန္းကေလးအေရအတြက္ဟာ ေလးေယာက္ပဲ ရွိတာေၾကာင့္ ျဖစ္ပါတယ္။

Uraraka Ochaco ရဲ႕ စြမ္းအားဟာ ေျပာင္းလဲသြားခဲ့ပါတယ္။
photo via screenrant

Ochaco ဟာ သူ႔ရဲ႕ရည္မြန္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့ပုံစံေလးေၾကာင့္ ေတာ္ေတာ္ေလးလည္း လူႀကိဳက္မ်ားတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕စြမ္းအားကေတာ့ သူ႔ရဲ႕လက္နဲ႔ထိလိုက္တဲ့အရာအားလုံးကို ေျမဆြဲအားကင္းမဲ့သြားေအာင္ ျပဳလုပ္ၿပီး ေလေပၚမွာ ေပါေလာျဖစ္ေနေအာင္ ျပဳလုပ္ႏိုင္တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူမကို စတင္ဖန္တီးဖို႔ စဥ္းစားခဲ့တဲ့အခ်ိန္တုန္းကေတာ့ သူ႔ရဲ႕စြမ္းအားဟာ အခုလိုမဟုတ္တဲ့အျပင္ သူ႔ရဲ႕နာမည္ကလည္း အခုနာမည္ မဟုတ္ခဲ့ပါဘူး။

အစတုန္းက သူ႔ရဲ႕နာမည္ကေတာ့ Takeyama Yu ျဖစ္ၿပီးေတာ့ သူ႔ရဲ႕စြမ္းအားကေတာ့ သူရဲ႕ခႏၶာကိုယ္ကို အႀကီးႀကီးျဖစ္သြားေအာင္ ျပဳလုပ္ႏိုင္တာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းက်မွ Horikoshi Kohei ဟာ စိတ္ေျပာင္းသြားၿပီး သူမရဲ႕နာမည္ကို ေျပာင္းလဲလိုက္တာ စြမ္းအားကိုလည္း ေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခႏၶာကိုယ္ကို အႀကီးႀကီးျဖစ္သြားေအာင္ ျပဳလုပ္ႏိုင္တဲ့အစြမ္းကို အသုံးျပဳၿပီးေတာ့ ေနာက္ထပ္ ဇာတ္ေကာင္အသစ္တစ္ေယာက္ ထပ္မံဖန္တီးကာ Mt. Lady ဆိုၿပီး နာမည္ေပးခဲ့ပါတယ္။

Bakugo Katsuki ကိုစတင္ဖန္တီးခဲ့တုန္းက ယဥ္ယဥ္ေက်းေက်းနဲ႔ ၾကင္နာတတ္သူ ျဖစ္ပါတယ္။
photo via screenrant

သူဟာလည္း Ochaco လိုပဲ စတင္ဖန္တီးခဲ့တုန္းက ပုံစံနဲ႔ တကယ္ျဖစ္လာတဲ့ပုံစံဟာ အေျပာင္းအလဲႀကီး ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူကအခုလိုမ်ိဳး ရန္လိုၿပီး ေဒါသႀကီးတဲ့ပုံစံမဟုတ္ဘဲနဲ႔ Deku လိုမ်ိဳး ၾကင္ၾကင္နာနာနဲ႔ ယဥ္ေက်းသိမ္ေမြ႕တဲ့ ပုံစံမ်ိဳးကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Horikoshi Kohei ဟာ သူ႔ကို အဲ့လိုမ်ိဳးဖန္တီးလိုက္ရင္ ဒီဇာတ္ေကာင္ဟာ လူစိတ္ဝင္စားမႈ သိပ္ၿပီးေတာ့ ရွိမွာမဟုတ္ဘူးလို႔ ထင္တာေၾကာင့္ အခုလိုမ်ိဳး ေျပာင္းလဲဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒီလိုေျပာင္းလဲသြားတဲ့အခ်က္ကေတာ့ ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ယူဆလို႔ရၿပီး Bakugo ကို အဲ့လိုပုံစံမ်ိဳးထက္ အခုတိုင္းဟာ ပိုၿပီးေတာ့ လူႀကိဳက္မ်ားေစတာ ျဖစ္ပါတယ္။

Midoriya Izuku ရဲ႕နာမည္ေျပာင္
photo via screenrant

သူ႔ရဲ႕နာမည္ေျပာင္ကေတာ့ Deku ျဖစ္ၿပီးေတာ့ ကေလးဘဝကတည္းက Bakugo ကေခၚခဲ့တာ ျဖစ္ပါတယ္။ အဲ့လိုမ်ိဳးေခၚရတဲ့ အေၾကာင္းအရင္းကေတာ့ တစ္ျခားသူေတြအားလုံးမွာ ကိုယ္ပိုင္စြမ္းအားေတြရွိေနေပမယ့္လည္း သူဟာ ဘာစြမ္းအားမွ မပါဘဲ ေမြးဖြားလာတာေၾကာင့္ ျဖစ္ပါတယ္။ Deku ဆိုတဲ့ စကားရဲ႕အဓိပၸာယ္က ႐ုပ္ေသး႐ုပ္လို႔ အဓိပၸာယ္ရတဲ့အျပင္ အသုံးမက်တဲ့သူေတြကို ေခၚတဲ့ ဗန္းစကားတစ္ခုလည္း ျဖစ္ပါတယ္။

အဂၤလိပ္စကားေျပာနဲ႔ ဗားရွင္းထဲမွာေတာ့ Deku ကို Defenseless Izuku လို႔ သုံးသြားခဲ့ပါတယ္။ အဲ့ဒီႏွစ္မ်ိဳးဟာ Izuku မွာ စြမ္းအားမရွိလို႔ ႏွိမ္ခ်ၿပီး ေခၚေဝၚတဲ့သေဘာမ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီစကားလုံးကို Ochaco ၾကားသြားတဲ့အခ်ိန္မွာေတာ့ သူမဟာ dekiru ဆိုတဲ့ ဂ်ပန္စကားလုံးကို သတိရသြားေစခဲ့ပါတယ္။ အဲ့ဒီစကားလုံးရဲ႕ အဓိပၸာယ္ကေတာ့ လုပ္ႏိုင္တယ္လို႔ အဓိပၸာယ္ရတာေၾကာင့္ Izuku ဟာ အဲ့ဒီနာမည္ကပဲ သူ႔ကိုခြန္အားေတြေပးသလို ခံစားခဲ့ရတာေၾကာင့္ သူ႔ရဲ႕ဟီး႐ိုးနာမည္ကိုလည္း Deku လို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular