HomeEntertainmentFilmလျှို့ဝှက်မှုခင်းဇာတ်ကား ကြိုက်သူတိုင်း ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းများ 

လျှို့ဝှက်မှုခင်းဇာတ်ကား ကြိုက်သူတိုင်း ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မှုခင်းစုံထောက် ဇာတ်လမ်းတွေကိုလည်း ကြိုက်မယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ လျှို့ဝှက်ချက်တွေ၊ ပဟေဠိတွေနဲ့ ပြည့်နှက်နေတဲ့ အရသာကိုလည်း နှစ်သက်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လျှို့ဝှက်မှုခင်းဇာတ်ကား(၇)ကားကို သေချာပေါက် ကြည့်ရှုသင့်ပါတယ်။

(7) A Simple Favor – IMDb 6.8
Photo via screenrant

ဒီကားကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ထားပြီး မင်းသမီးချောတွေဖြစ်တဲ့ Blake Lively နဲ့ Anna Kendrick တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ တစ်ကိုယ်တော်မိခင်တစ်ယောက်ဟာ သူ့ကလေး တက်နေတဲ့ကျောင်းက တစ်ခြား မိဘတစ်ယောက်နဲ့ မိတ်ဆွေတွေ ဖြစ်သွားခဲ့ပါတယ်။ အဲ့နောက် သိပ်မကြာခင်မှာပဲ သူ့ရဲ့ မိတ်ဆွေဟာ ပျောက်ဆုံးသွားတာကြောင့် စတင်ပြီး စုံစမ်းခန်း ဖွင့်ခဲ့ပါတယ်။ ဟာသ မှုခင်းဒရာမာအမျိုးအစားမို့ ကြည့်လို့ကောင်းတဲ့ ကားတစ်ကားပါပဲ။

(6) Gosford Park – IMDb 7.2
Photo via screenrant

ဒီကားကတော့ ၂၀၀၁ခုနှစ်မှာ ထွက်ထားတဲ့ မှုခင်းဟာသဇာတ်လမ်း အမျိုးအစား ဖြစ်ပါတယ်။ အော်စကာဆု(၁)ဆု ရထားပြီးတော့ အခြားဆုပေါင်း(၃၅)ဆုကိုလည်း ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၃၂ခုနှစ်က ပါတီပွဲတစ်ခုပေါ်မှာ အခြေခံထားပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်နယ်ဘက်က အိမ်ကြီးတစ်အိမ်မှာ ပါတီပွဲတစ်ခု ကျင်းပရာက လူသတ်မှုတစ်ခု ဖြစ်ပွားလာတဲ့အခါ ပွဲတက်လာတဲ့ လူတွေထဲက တရားခံကို ရှာဖွေရပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ပဟေဠိတွေ ဖြေရှင်းရတဲ့ ခံစားချက်မျိုး ကြိုက်သူတိုင်း ကြည့်သင့်တဲ့ဇာတ်ကား ဖြစ်ပါတယ်။

(5) Death On The Nile – IMDb 7.3
Photo via screenrant

ဒီကားကတော့ ၁၉၇၈ခုနှစ်က ထွက်ထားတဲ့ မှုခင်းဒရာမာ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ဖြစ်ပါတယ်။ အော်စကာဆု(၁)ဆုလည်း ရထားပြီးတော့ အခြားဆုပေါင်း(၄)ဆုလည်း ရထားပါသေးတယ်။ ဒီဇာတ်ကားကိုပဲ မင်းသမီး Gal Gadot နဲ့အတူ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားကလည်း ထွက်လာဖို့ ရှိနေပါသေးတယ်။

ဇာတ်လမ်းကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ Hercule Poirot ဟာ အပန်းဖြေသင်္ဘောကြီးနဲ့ နိုင်းမြစ်တစ်လျှောက်မှာ ခရီးထွက်နေခဲ့ပါတယ်။ အဲ့လိုသွားနေရင်းနဲ့ သင်္ဘောပေါ်က လက်ထပ်ပြီးကာစ အမျိုးသမီးတစ်ယောက်ဟာ အသတ်ခံလိုက်ရပါတယ်။ ဒီအမှုကို ခရီးစဉ်မဆုံးခင်မှာ Hercule Poirot က တရားခံ ဘယ်သူလည်းဆိုတာ ရှာနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။

(4) Clue – IMDb 7.3
Photo via screenrant

ဒီကားကတော့ ၁၉၈၅ခုနှစ်မှာ ထွက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် မှုခင်းဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူတစ်ယောက်က သူ့ရဲ့အိမ်မှာ ညစာစားဖို့ လူခြောက်ယောက်ကို ဖိတ်ခေါ်ခဲ့ရာက စပါတယ်။ ဒီလိုနဲ့ ညစာစားတဲ့ညမှာတော့ အိမ်ရှင်ဖြစ်သူဟာ အသတ်ခံလိုက်ရပါတယ်။ ညစာလာစားတဲ့ ဧည့်သည်တွေနဲ့ အိမ်က အလုပ်သမားတွေအားလုံးဟာ သံသယရှိစရာကောင်းနေပြီး ဘယ်သူက တရားခံအစစ်လည်းဆိုတာကို ဖော်ထုတ်ရပါတော့တယ်။

(3) Sherlock Holmes – IMDb 7.6
Photo via screenrant

ဒီဇာတ်ကားက ၂၀၀၉ခုနှစ်မှာ ထွက်ထားပြီး Robert Downey Jr. ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်ကားလည်း ဖြစ်ပါတယ်။ အော်စကာဆု(၂) ဆုအတွက် စံကာတင်စာရင်း ဝင်ထားပြီးတော့ အခြားဆုပေါင်း(၁၀)ဆုလည်း ရရှိထားပါတယ်။ Robert သရုပ်ဆောင်ထားတဲ့ Sherlock Holmes ဇာတ်ကားကတော့ စုစုပေါင်း နှစ်ကားထွက်ထားပြီး ၂၀၂၁ခုနှစ်မှာလည်း နောက်ထပ်တစ်ကား ထွက်ဖို့ ရှိပါတယ်။ မှုခင်းတွေ စုံစမ်းရာမှာ တွဲဖက်ညီလွန်းတဲ့ Sherlock Holmes နဲ့ Dr Watson တို့နှစ်ယောက်ရဲ့ ပါရမီမြောက်လွန်းတဲ့ အမှုလိုက်ခန်းတွေကို အရသာရှိရှိ ကြည့်ရှုရမှာပါ။

(2) Knives Out – IMDb 7.9
Photo via screenrant

ဒီကားကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ထားပြီး IMDb (7.9) ရထားတဲ့ မှုခင်းဒရာမာ ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ အော်စကာဆုတစ်ဆုအတွက်လည်း စံကာတင်စာရင်း ဝင်ခဲ့ပြီးတော့ အခြားဆုပေါင်း(၄၅)ဆုလည်း ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်ခုက အိမ်ထောင်ဦးစီးအမျိုးသားကြီး သေဆုံးသွားပြီးနောက် အလွတ်စုံထောက်တစ်ယောက်ကို အမည်မသိသူတစ်ယောက်က ငှားရမ်းပြီး အမှုလိုက်ခိုင်းခဲ့ပါတယ်။ ဒီမှာတင် လောဘကြီးပြီး ခန့်မှန်းရခက်တဲ့ မိသားစုဝင်တွေနဲ့ စုံထောက်တို့ ထိပ်တိုက်တွေ့ကြပါတော့တယ်။

ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ မင်းသားချောတွေ ဖြစ်ကြတဲ့ Chris Evans ၊ Daniel Craig ၊ Joseph Gordon-Levitt တို့နဲ့ မင်းသမီးအဖြစ် Ana de Armas တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ပရိသတ်အချစ်တော်တွေဖြစ်တဲ့ 13 Reasons Why မင်းသမီးလေး Katherine Langford နဲ့ IT ဇာတ်ကားထဲမှာ Bill အဖြစ် သရုပ်ဆောင်ထားတဲ့ Jaden Martell တို့လည်း ပါဝင်ပါသေးတယ်။

(1) The Invisible Guest – IMDb 8.1
Photo via screenrant

ဒီကားကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ထားပြီး လျှို့ဝှက်ဆန်းကြယ် မှုခင်းအမျိုးအစား ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်က ဟိုတယ်ခန်းတစ်ခုထဲမှာ နိုးလာပြီးတော့ သူ့ရဲ့ဘေးမှာ အသက်မရှိတော့တဲ့ သူ့ရဲ့ချစ်သူကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ လူသတ်မှုနဲ့ အစွပ်စွဲခံရပြီး အဖမ်းခံလိုက်ရပါတယ်။ ဒီအမှုရဲ့ တကယ့်တရားခံအစစ်က ဘယ်သူလည်းဆိုတာကို သိချင်စိတ်နဲ့ ကြည့်နေတဲ့အချိန်မှာ တီဗီရှေ့ကနေကို မခွာချင် ဖြစ်နေစေမယ့် ဇာတ်ကားလေးပါ။

ဖတ်ပြီးလို့ ဒီဇာတ်ကားတွေကို စိတ်ဝင်စားတယ်ဆိုရင် မိတ်ဆွေတွေလည်း သိရအောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

မႈခင္းစုံေထာက္ ဇာတ္လမ္းေတြကိုလည္း ႀကိဳက္မယ္။ ဇာတ္လမ္းတစ္ေလွ်ာက္လုံးမွာ လွ်ိဳ႕ဝွက္ခ်က္ေတြ၊ ပေဟဠိေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အရသာကိုလည္း ႏွစ္သက္မယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ လွ်ိဳ႕ဝွက္မႈခင္းဇာတ္ကား(၇)ကားကို ေသခ်ာေပါက္ ၾကည့္ရႈသင့္ပါတယ္။

(7) A Simple Favor – IMDb 6.8
Photo via screenrant

ဒီကားကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ထားၿပီး မင္းသမီးေခ်ာေတြျဖစ္တဲ့ Blake Lively နဲ႔ Anna Kendrick တို႔က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။ တစ္ကိုယ္ေတာ္မိခင္တစ္ေယာက္ဟာ သူ႔ကေလး တက္ေနတဲ့ေက်ာင္းက တစ္ျခား မိဘတစ္ေယာက္နဲ႔ မိတ္ေဆြေတြ ျဖစ္သြားခဲ့ပါတယ္။ အဲ့ေနာက္ သိပ္မၾကာခင္မွာပဲ သူ႔ရဲ႕ မိတ္ေဆြဟာ ေပ်ာက္ဆုံးသြားတာေၾကာင့္ စတင္ၿပီး စုံစမ္းခန္း ဖြင့္ခဲ့ပါတယ္။ ဟာသ မႈခင္းဒရာမာအမ်ိဳးအစားမို႔ ၾကည့္လို႔ေကာင္းတဲ့ ကားတစ္ကားပါပဲ။

(6) Gosford Park – IMDb 7.2
Photo via screenrant

ဒီကားကေတာ့ ၂၀၀၁ခုႏွစ္မွာ ထြက္ထားတဲ့ မႈခင္းဟာသဇာတ္လမ္း အမ်ိဳးအစား ျဖစ္ပါတယ္။ ေအာ္စကာဆု(၁)ဆု ရထားၿပီးေတာ့ အျခားဆုေပါင္း(၃၅)ဆုကိုလည္း ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၃၂ခုႏွစ္က ပါတီပြဲတစ္ခုေပၚမွာ အေျခခံထားပါတယ္။ အဂၤလန္ႏိုင္ငံရဲ႕ ေက်းလက္နယ္ဘက္က အိမ္ႀကီးတစ္အိမ္မွာ ပါတီပြဲတစ္ခု က်င္းပရာက လူသတ္မႈတစ္ခု ျဖစ္ပြားလာတဲ့အခါ ပြဲတက္လာတဲ့ လူေတြထဲက တရားခံကို ရွာေဖြရပါေတာ့တယ္။ ရင္တထိတ္ထိတ္နဲ႔ ပေဟဠိေတြ ေျဖရွင္းရတဲ့ ခံစားခ်က္မ်ိဳး ႀကိဳက္သူတိုင္း ၾကည့္သင့္တဲ့ဇာတ္ကား ျဖစ္ပါတယ္။

(5) Death On The Nile – IMDb 7.3
Photo via screenrant

ဒီကားကေတာ့ ၁၉၇၈ခုႏွစ္က ထြက္ထားတဲ့ မႈခင္းဒရာမာ လွ်ိဳ႕ဝွက္ဆန္းၾကယ္အမ်ိဳးအစား ျဖစ္ပါတယ္။ ေအာ္စကာဆု(၁)ဆုလည္း ရထားၿပီးေတာ့ အျခားဆုေပါင္း(၄)ဆုလည္း ရထားပါေသးတယ္။ ဒီဇာတ္ကားကိုပဲ မင္းသမီး Gal Gadot နဲ႔အတူ ျပန္လည္႐ိုက္ကူးထားတဲ့ ဇာတ္ကားကလည္း ထြက္လာဖို႔ ရွိေနပါေသးတယ္။

ဇာတ္လမ္းကေတာ့ စုံေထာက္တစ္ေယာက္ျဖစ္တဲ့ Hercule Poirot ဟာ အပန္းေျဖသေဘၤာႀကီးနဲ႔ ႏိုင္းျမစ္တစ္ေလွ်ာက္မွာ ခရီးထြက္ေနခဲ့ပါတယ္။ အဲ့လိုသြားေနရင္းနဲ႔ သေဘၤာေပၚက လက္ထပ္ၿပီးကာစ အမ်ိဳးသမီးတစ္ေယာက္ဟာ အသတ္ခံလိုက္ရပါတယ္။ ဒီအမႈကို ခရီးစဥ္မဆုံးခင္မွာ Hercule Poirot က တရားခံ ဘယ္သူလည္းဆိုတာ ရွာႏိုင္ပါ့မလားဆိုတာ ၾကည့္ရႈရမွာပါ။

(4) Clue – IMDb 7.3
Photo via screenrant

ဒီကားကေတာ့ ၁၉၈၅ခုႏွစ္မွာ ထြက္ထားတဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္ မႈခင္းဇာတ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ လူတစ္ေယာက္က သူ႔ရဲ႕အိမ္မွာ ညစာစားဖို႔ လူေျခာက္ေယာက္ကို ဖိတ္ေခၚခဲ့ရာက စပါတယ္။ ဒီလိုနဲ႔ ညစာစားတဲ့ညမွာေတာ့ အိမ္ရွင္ျဖစ္သူဟာ အသတ္ခံလိုက္ရပါတယ္။ ညစာလာစားတဲ့ ဧည့္သည္ေတြနဲ႔ အိမ္က အလုပ္သမားေတြအားလုံးဟာ သံသယရွိစရာေကာင္းေနၿပီး ဘယ္သူက တရားခံအစစ္လည္းဆိုတာကို ေဖာ္ထုတ္ရပါေတာ့တယ္။

(3) Sherlock Holmes – IMDb 7.6
Photo via screenrant

ဒီဇာတ္ကားက ၂၀၀၉ခုႏွစ္မွာ ထြက္ထားၿပီး Robert Downey Jr. ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ နာမည္ႀကီးဇာတ္ကားလည္း ျဖစ္ပါတယ္။ ေအာ္စကာဆု(၂) ဆုအတြက္ စံကာတင္စာရင္း ဝင္ထားၿပီးေတာ့ အျခားဆုေပါင္း(၁၀)ဆုလည္း ရရွိထားပါတယ္။ Robert သ႐ုပ္ေဆာင္ထားတဲ့ Sherlock Holmes ဇာတ္ကားကေတာ့ စုစုေပါင္း ႏွစ္ကားထြက္ထားၿပီး ၂၀၂၁ခုႏွစ္မွာလည္း ေနာက္ထပ္တစ္ကား ထြက္ဖို႔ ရွိပါတယ္။ မႈခင္းေတြ စုံစမ္းရာမွာ တြဲဖက္ညီလြန္းတဲ့ Sherlock Holmes နဲ႔ Dr Watson တို႔ႏွစ္ေယာက္ရဲ႕ ပါရမီေျမာက္လြန္းတဲ့ အမႈလိုက္ခန္းေတြကို အရသာရွိရွိ ၾကည့္ရႈရမွာပါ။

(2) Knives Out – IMDb 7.9
Photo via screenrant

ဒီကားကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ထားၿပီး IMDb (7.9) ရထားတဲ့ မႈခင္းဒရာမာ ဇာတ္လမ္းအမ်ိဳးအစား ျဖစ္ပါတယ္။ ေအာ္စကာဆုတစ္ဆုအတြက္လည္း စံကာတင္စာရင္း ဝင္ခဲ့ၿပီးေတာ့ အျခားဆုေပါင္း(၄၅)ဆုလည္း ရရွိထားပါတယ္။

ဇာတ္လမ္းကေတာ့ ခ်မ္းသာႂကြယ္ဝတဲ့ မိသားစုတစ္ခုက အိမ္ေထာင္ဦးစီးအမ်ိဳးသားႀကီး ေသဆုံးသြားၿပီးေနာက္ အလြတ္စုံေထာက္တစ္ေယာက္ကို အမည္မသိသူတစ္ေယာက္က ငွားရမ္းၿပီး အမႈလိုက္ခိုင္းခဲ့ပါတယ္။ ဒီမွာတင္ ေလာဘႀကီးၿပီး ခန႔္မွန္းရခက္တဲ့ မိသားစုဝင္ေတြနဲ႔ စုံေထာက္တို႔ ထိပ္တိုက္ေတြ႕ၾကပါေတာ့တယ္။

ဒီကားထဲမွာေတာ့ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ အမ်ားႀကီး ပါဝင္ထားပါတယ္။ မင္းသားေခ်ာေတြ ျဖစ္ၾကတဲ့ Chris Evans ၊ Daniel Craig ၊ Joseph Gordon-Levitt တို႔နဲ႔ မင္းသမီးအျဖစ္ Ana de Armas တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒါ့အျပင္ ပရိသတ္အခ်စ္ေတာ္ေတြျဖစ္တဲ့ 13 Reasons Why မင္းသမီးေလး Katherine Langford နဲ႔ IT ဇာတ္ကားထဲမွာ Bill အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Jaden Martell တို႔လည္း ပါဝင္ပါေသးတယ္။

(1) The Invisible Guest – IMDb 8.1
Photo via screenrant

ဒီကားကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ထားၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္ မႈခင္းအမ်ိဳးအစား ျဖစ္ပါတယ္။ ေအာင္ျမင္ေနတဲ့ စီးပြားေရးသမားတစ္ေယာက္က ဟိုတယ္ခန္းတစ္ခုထဲမွာ ႏိုးလာၿပီးေတာ့ သူ႔ရဲ႕ေဘးမွာ အသက္မရွိေတာ့တဲ့ သူ႔ရဲ႕ခ်စ္သူကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ လူသတ္မႈနဲ႔ အစြပ္စြဲခံရၿပီး အဖမ္းခံလိုက္ရပါတယ္။ ဒီအမႈရဲ႕ တကယ့္တရားခံအစစ္က ဘယ္သူလည္းဆိုတာကို သိခ်င္စိတ္နဲ႔ ၾကည့္ေနတဲ့အခ်ိန္မွာ တီဗီေရွ႕ကေနကို မခြာခ်င္ ျဖစ္ေနေစမယ့္ ဇာတ္ကားေလးပါ။

ဖတ္ၿပီးလို႔ ဒီဇာတ္ကားေတြကို စိတ္ဝင္စားတယ္ဆိုရင္ မိတ္ေဆြေတြလည္း သိရေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular