HomeCharacterMCU ထဲက Black Widow ရဲ့ ဝမ်းနည်းစရာ အကောင်းဆုံးအချက်များ

MCU ထဲက Black Widow ရဲ့ ဝမ်းနည်းစရာ အကောင်းဆုံးအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Widow ဟာ MCU ရဲ့ ရေပန်းအစားဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ၂၀၁၀ခုနှစ်တည်းက MCU ထဲကို ဝင်ရောက်လာတာ ဖြစ်ပြီး တစ်ခြား Avengers အဖွဲ့ဝင်တွေနဲ့အတူ ဗီလိန်တွေရဲ့ ရန်က ကာကွယ်ပေးနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် Natasha ဟာ စပိုင်တစ်ယောက် ဖြစ်တာကြောင့် သူမရဲ့ကျွမ်းကျင်မှုတွေဟာ Avengers အဖွဲ့ဝင် ဖြစ်လာတဲ့အချိန်မှာလည်း အသုံးဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာပဲ သူမရဲ့ အတိတ်ဟာ ဝမ်းနည်းစရာဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ MCU ထဲက Black Widow နဲ့ ပတ်သက်ပြီး ဝမ်းနည်းစရာအကောင်းဆုံး အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

မအောင်မြင်လိုက်တဲ့ အချစ်ရေး
photo via screenrant

Natasha နဲ့ Bruce Banner တို့ နှစ်ယောက်ကြားက အချစ်ရေးဟာ ပရိသတ်တွေအတွက်တော့ အဆင်မပြေခဲ့ပါဘူး။ ပရိသတ်အချို့ကတော့ သူတို့နှစ်ယောက်ကို သဘောတူကြပေမယ့်လည်း တချိူ့ကတော့ အပြင်းအထန် ကန့်ကွက်ခဲ့တာမျိူးတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာလည်း ကြာကြာမခံခဲ့ဘဲ အကြောင်းအမျိူးမျိူးကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ သို့ပေမယ့်လည်း သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း ဂရုစိုက်ပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ အဆင်ပြေသွားနိုင်ခဲ့ပေမယ့်လည်း Natasha က သေဆုံးသွားတာကြောင့် နှစ်ယောက်ရဲ့ အချစ်အိပ်မက်ဟာ တကယ်ဖြစ်မလာခဲ့ပါဘူး။

သူမရဲ့ သေဆုံးမှု
photo via screenrant

Avengers: Endgame မထွက်ရှိခင်မှာ ပရိသတ်အများစုဟာ Tony Stark သေဆုံးမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် Natasha ပါ သေဆုံးမယ်လို့ ခန့်မှန်းထားသူတွေကတော့ မရှိသလောက် ရှားပါတယ်။ Tony ဟာ အစောကြီး ထွက်ခွာသွားရတယ်ဆိုပေမယ့် သူချစ်ရတဲ့သူတွေ ဘေးနားမှာ ဝန်းရံပြီးတော့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Natasha ကတော့ Clint ကလွဲရင် သူမ ချစ်ရတဲ့ တစ်ခြားသူတွေ ဘယ်သူမှ အနားမှာ မရှိဘဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Natasha ဟာ Soul Stone ကို ယူဖို့အတွက် Clint နဲ့အတူ Vormir ကို သွားရောက်ရင်း သူ့ကိုယ်သူ အနစ်နာခံသွားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ Clint ဟာ သူမထက် ပိုပြီးတော့ အသက်ရှင်သန်ဖို့အတွက် အကြောင်းပြချက်တွေ ရှိတယ်လို့ ယူဆခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီထက်ပိုကောင်းတဲ့ ဇာတ်သိမ်းကို ထိုက်တန်ပေမယ့်လည်း သူတို့ရဲ့ တိုက်ပွဲအတွက် အနစ်နာခံခဲ့တာ ဖြစ်ပါတယ်။

Budapest
photo via screenrant

MCU ရုပ်ရှင်တွေဟာ ဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့သလို Natasha ဟာလည်း ရုပ်ရှင်အများစုမှာ ပါဝင်ခဲ့ပေမယ့် ပရိသတ်တွေဟာ အခုချိန်ထိ Budapest မြို့မှာ ဘာတွေဖြစ်ခဲ့လည်းဆိုတာ မသိရသေးပါဘူး။ အသစ်ထွက်ရှိလာမယ့် Black Widow ဆိုလိုရုပ်ရှင်ထဲမှာတော့ အဲ့ဒီအချက်ကို ဖော်ပြသွားနိုင်ချေ ရှိပါတယ်။ အဲ့ဒီ Budapest ကလည်း MCU ရဲ့ အကြီးမားဆုံး မေးခွန်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီမြို့မှာတော့ Natasha ဟာ Clint နဲ့အတူတူ မစ်ရှင်တစ်ခုကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ အဲ့ဒီ Budapest မြို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလည်း ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်မှာပါ။

သူမဟာ ကလေးမရနိုင်ပါဘူး။
photo via screenrant

Natasha ကိုယ်တိုင်က ကလေးမလိုချင်ရင်တော့ ဒီအချက်ဟာ ဘာမှဝမ်းနည်းစရာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Avengers: Age of Ultron ထဲက Natasha နဲ့ Bruce တို့ ပြောခဲ့တဲ့စကားအရ ဆိုရင်တော့ Natasha ဟာ Red Room ထဲမှာ သူမကို ကလေးမရနိုင်အောင် ပြုလုပ်ခဲ့တဲ့အချက်ကို လုံးဝ မနှစ်မြို့ခဲ့ဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။ သူမဟာ ကလေးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ထူထောင်ချင်ခဲ့တာ ဖြစ်ပေမယ့်လည်း ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ပါဘူး။

သူမရဲ့ ကြမ်းတမ်းလွန်းတဲ့ လေ့ကျင့်ရေးတွေ
photo via screenrant

Natasha ရဲ့ အတိတ်နဲ့ Red Room တို့နဲ့ ပတ်သက်ပြီး ပြောရရင် သူမရဲ့ အတိတ်ကလည်း ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခု မဟုတ်ခဲ့ပါဘူး။ စပိုင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ မလွယ်ကူတာကြောင့် သူမဟာ အလွန်ကြမ်းတမ်းလွန်းတဲ့ လေ့ကျင့်ရေးတွေကို ပြုလုပ်ခဲ့ရပါတယ်။ သူမဟာ Black Widow လေ့ကျင့်ရေးတွေကို ပြုလုပ်ခဲ့ရတဲ့ အချိန်မှာလည်း တကယ်ကြမ်းတမ်းတဲ့ လေ့ကျင့်ရေးတွေနဲ့ အခြေအနေတွေကြားမှာ နေထိုင်ခဲ့ရပြီး သူမရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ဒဏ်ရာဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် Agent Carter ဇာတ်လမ်းတွဲထဲမှာလည်း အဲ့ဒီလေ့ကျင့်ရေးတွေဟာ ဘယ်လောက်ထိ ကြမ်းတမ်းလည်းဆိုတာကို ပြသသွားခဲ့ပါတယ်။

ရုပ်ရှင်တွေထဲမှာ လိင်အသားပေး ပုံရိပ်တစ်ခုအဖြစ် ဖန်တီးခံခဲ့ရခြင်း
photo via screenrant

ဒီအချက်ကတော့ MCU ထဲကို Natasha ပထမဆုံး ဝင်ရောက်လာတဲ့ ရုပ်ရှင်ဖြစ်တဲ့ Iron Man 2 ထဲမှာ ပိုပြီးတော့ သိသာခဲ့ပါတယ်။ အစပိုင်းမှာတော့ သူမဟာ Pepper Potts ရဲ့ လက်ထောက်အဖြစ်နဲ့ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ နောက်ပိုင်းမှာတော့ သူမဟာ ရန်သူတွေအများကြီးကို အနိုင်ယူခဲ့သလို Happy ကိုလည်း လက်ဝှေ့ကွင်းထဲမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်ရဲ့အစပိုင်းမှာတော့ သူမဟာ လိုအပ်တာထက် ပိုပြီးဆက်ဆီကျတဲ့ ဝတ်စုံမျိူးတွေကို ဝတ်ဆင်ခဲ့ရတာ တွေ့ရပါတယ်။

ဒါ့အပြင် Tony ဟာ သူမရဲ့နောက်ကြောင်းတွေကို ရှာဖွေတဲ့အချိန်မှာလည်း အတွင်းခံနဲ့ ရိုက်ကူးထားတဲ့ ပုံတွေကိုတောင် ပြသသွားခဲ့ပါတယ်။ Tony ကလည်း Pepper နဲ့ တွဲနေပေမယ့် Natasha ကို ပေါ်တင်ကြီး ပရောပရည် လုပ်ခဲ့ပါသေးတယ်။ နောက်ပိုင်းရုပ်ရှင်တွေကျမှသာ Natasha ဟာ ပိုပြီးတော့ ဟီးရိုးတစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်လာပေမယ့် အစပိုင်းရုပ်ရှင်တွေထဲမှာတော့ သူမရဲ့ ဟီးရိုးပုံစံကြောင့် မဟုတ်ဘဲ ဆက်ဆီကျတယ်ဆိုတဲ့ အချက်နဲ့ လူကြိုက်များအောင် ပြုလုပ်ခဲ့သလို ဖြစ်နေပါတယ်။ ဒါဟာ သူမလို အမျိုးသမီးဟီးရိုးတစ်ယောက်အတွက် စိတ်မကောင်းစရာ အချက်တစ်ခု ဖြစ်ပါတယ်။

ဒါကတော့ MCU ထဲက ဟီးရိုးတစ်ယောက်ဖြစ်တဲ့ Black Widow (ခေါ်) Natasha Romanoff နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူကရော သူမရဲ့ ဘယ်အချက်တွေကို သဘောကျမိတာလည်းဆိုတာ အမြင်လေးတွေ မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Black Widow ဟာ MCU ရဲ႕ ေရပန္းအစားဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ ၂၀၁၀ခုႏွစ္တည္းက MCU ထဲကို ဝင္ေရာက္လာတာ ျဖစ္ၿပီး တစ္ျခား Avengers အဖြဲ႕ဝင္ေတြနဲ႔အတူ ဗီလိန္ေတြရဲ႕ ရန္က ကာကြယ္ေပးေနသူ ျဖစ္ပါတယ္။ ဒါ့အျပင္ Natasha ဟာ စပိုင္တစ္ေယာက္ ျဖစ္တာေၾကာင့္ သူမရဲ႕ကြၽမ္းက်င္မႈေတြဟာ Avengers အဖြဲ႕ဝင္ ျဖစ္လာတဲ့အခ်ိန္မွာလည္း အသုံးဝင္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာပဲ သူမရဲ႕ အတိတ္ဟာ ဝမ္းနည္းစရာျဖစ္ရပ္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ MCU ထဲက Black Widow နဲ႔ ပတ္သက္ၿပီး ဝမ္းနည္းစရာအေကာင္းဆုံး အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

မေအာင္ျမင္လိုက္တဲ့ အခ်စ္ေရး
photo via screenrant

Natasha နဲ႔ Bruce Banner တို႔ ႏွစ္ေယာက္ၾကားက အခ်စ္ေရးဟာ ပရိသတ္ေတြအတြက္ေတာ့ အဆင္မေျပခဲ့ပါဘူး။ ပရိသတ္အခ်ိဳ႕ကေတာ့ သူတို႔ႏွစ္ေယာက္ကို သေဘာတူၾကေပမယ့္လည္း တခ်ိဴ႕ကေတာ့ အျပင္းအထန္ ကန႔္ကြက္ခဲ့တာမ်ိဴးေတြ ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးဟာလည္း ၾကာၾကာမခံခဲ့ဘဲ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ပ်က္စီးသြားခဲ့ရပါတယ္။ သို႔ေပမယ့္လည္း သူတို႔ႏွစ္ဦးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အၿမဲတမ္း ဂ႐ုစိုက္ေပးခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အဆင္ေျပသြားႏိုင္ခဲ့ေပမယ့္လည္း Natasha က ေသဆုံးသြားတာေၾကာင့္ ႏွစ္ေယာက္ရဲ႕ အခ်စ္အိပ္မက္ဟာ တကယ္ျဖစ္မလာခဲ့ပါဘူး။

သူမရဲ႕ ေသဆုံးမႈ
photo via screenrant

Avengers: Endgame မထြက္ရွိခင္မွာ ပရိသတ္အမ်ားစုဟာ Tony Stark ေသဆုံးမယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ Natasha ပါ ေသဆုံးမယ္လို႔ ခန႔္မွန္းထားသူေတြကေတာ့ မရွိသေလာက္ ရွားပါတယ္။ Tony ဟာ အေစာႀကီး ထြက္ခြာသြားရတယ္ဆိုေပမယ့္ သူခ်စ္ရတဲ့သူေတြ ေဘးနားမွာ ဝန္းရံၿပီးေတာ့ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Natasha ကေတာ့ Clint ကလြဲရင္ သူမ ခ်စ္ရတဲ့ တစ္ျခားသူေတြ ဘယ္သူမွ အနားမွာ မရွိဘဲ ေသဆုံးခဲ့ရတာ ျဖစ္ပါတယ္။

Natasha ဟာ Soul Stone ကို ယူဖို႔အတြက္ Clint နဲ႔အတူ Vormir ကို သြားေရာက္ရင္း သူ႔ကိုယ္သူ အနစ္နာခံသြားတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Clint ဟာ သူမထက္ ပိုၿပီးေတာ့ အသက္ရွင္သန္ဖို႔အတြက္ အေၾကာင္းျပခ်က္ေတြ ရွိတယ္လို႔ ယူဆခဲ့လို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ ဒီထက္ပိုေကာင္းတဲ့ ဇာတ္သိမ္းကို ထိုက္တန္ေပမယ့္လည္း သူတို႔ရဲ႕ တိုက္ပြဲအတြက္ အနစ္နာခံခဲ့တာ ျဖစ္ပါတယ္။

Budapest
photo via screenrant

MCU ႐ုပ္ရွင္ေတြဟာ ဇာတ္ကားေပါင္းမ်ားစြာ ထြက္ရွိခဲ့သလို Natasha ဟာလည္း ႐ုပ္ရွင္အမ်ားစုမွာ ပါဝင္ခဲ့ေပမယ့္ ပရိသတ္ေတြဟာ အခုခ်ိန္ထိ Budapest ၿမိဳ႕မွာ ဘာေတြျဖစ္ခဲ့လည္းဆိုတာ မသိရေသးပါဘူး။ အသစ္ထြက္ရွိလာမယ့္ Black Widow ဆိုလို႐ုပ္ရွင္ထဲမွာေတာ့ အဲ့ဒီအခ်က္ကို ေဖာ္ျပသြားႏိုင္ေခ် ရွိပါတယ္။ အဲ့ဒီ Budapest ကလည္း MCU ရဲ႕ အႀကီးမားဆုံး ေမးခြန္းေတြထဲကတစ္ခု ျဖစ္ပါတယ္။ အဲ့ဒီၿမိဳ႕မွာေတာ့ Natasha ဟာ Clint နဲ႔အတူတူ မစ္ရွင္တစ္ခုကို ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ အဲ့ဒီ Budapest ၿမိဳ႕မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ကလည္း ဝမ္းနည္းစရာေကာင္းတဲ့ အျဖစ္အပ်က္တစ္ခုပဲ ျဖစ္မွာပါ။

သူမဟာ ကေလးမရႏိုင္ပါဘူး။
photo via screenrant

Natasha ကိုယ္တိုင္က ကေလးမလိုခ်င္ရင္ေတာ့ ဒီအခ်က္ဟာ ဘာမွဝမ္းနည္းစရာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း Avengers: Age of Ultron ထဲက Natasha နဲ႔ Bruce တို႔ ေျပာခဲ့တဲ့စကားအရ ဆိုရင္ေတာ့ Natasha ဟာ Red Room ထဲမွာ သူမကို ကေလးမရႏိုင္ေအာင္ ျပဳလုပ္ခဲ့တဲ့အခ်က္ကို လုံးဝ မႏွစ္ၿမိဳ႕ခဲ့ဘူးလို႔ ယူဆရမွာ ျဖစ္ပါတယ္။ သူမဟာ ကေလးေတြနဲ႔ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ထူေထာင္ခ်င္ခဲ့တာ ျဖစ္ေပမယ့္လည္း ဘယ္တုန္းကမွ အခြင့္အေရးမရခဲ့ပါဘူး။

သူမရဲ႕ ၾကမ္းတမ္းလြန္းတဲ့ ေလ့က်င့္ေရးေတြ
photo via screenrant

Natasha ရဲ႕ အတိတ္နဲ႔ Red Room တို႔နဲ႔ ပတ္သက္ၿပီး ေျပာရရင္ သူမရဲ႕ အတိတ္ကလည္း ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဘဝတစ္ခု မဟုတ္ခဲ့ပါဘူး။ စပိုင္တစ္ေယာက္ ျဖစ္လာဖို႔ဆိုတာ မလြယ္ကူတာေၾကာင့္ သူမဟာ အလြန္ၾကမ္းတမ္းလြန္းတဲ့ ေလ့က်င့္ေရးေတြကို ျပဳလုပ္ခဲ့ရပါတယ္။ သူမဟာ Black Widow ေလ့က်င့္ေရးေတြကို ျပဳလုပ္ခဲ့ရတဲ့ အခ်ိန္မွာလည္း တကယ္ၾကမ္းတမ္းတဲ့ ေလ့က်င့္ေရးေတြနဲ႔ အေျခအေနေတြၾကားမွာ ေနထိုင္ခဲ့ရၿပီး သူမရဲ႕ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာကိုပါ ဒဏ္ရာျဖစ္ေစခဲ့ပါတယ္။ ဒါ့အျပင္ Agent Carter ဇာတ္လမ္းတြဲထဲမွာလည္း အဲ့ဒီေလ့က်င့္ေရးေတြဟာ ဘယ္ေလာက္ထိ ၾကမ္းတမ္းလည္းဆိုတာကို ျပသသြားခဲ့ပါတယ္။

႐ုပ္ရွင္ေတြထဲမွာ လိင္အသားေပး ပုံရိပ္တစ္ခုအျဖစ္ ဖန္တီးခံခဲ့ရျခင္း
photo via screenrant

ဒီအခ်က္ကေတာ့ MCU ထဲကို Natasha ပထမဆုံး ဝင္ေရာက္လာတဲ့ ႐ုပ္ရွင္ျဖစ္တဲ့ Iron Man 2 ထဲမွာ ပိုၿပီးေတာ့ သိသာခဲ့ပါတယ္။ အစပိုင္းမွာေတာ့ သူမဟာ Pepper Potts ရဲ႕ လက္ေထာက္အျဖစ္နဲ႔ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ရဲ႕ ေနာက္ပိုင္းမွာေတာ့ သူမဟာ ရန္သူေတြအမ်ားႀကီးကို အႏိုင္ယူခဲ့သလို Happy ကိုလည္း လက္ေဝွ႔ကြင္းထဲမွာ အႏိုင္ရခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုပ္ရွင္ရဲ႕အစပိုင္းမွာေတာ့ သူမဟာ လိုအပ္တာထက္ ပိုၿပီးဆက္ဆီက်တဲ့ ဝတ္စုံမ်ိဴးေတြကို ဝတ္ဆင္ခဲ့ရတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ Tony ဟာ သူမရဲ႕ေနာက္ေၾကာင္းေတြကို ရွာေဖြတဲ့အခ်ိန္မွာလည္း အတြင္းခံနဲ႔ ႐ိုက္ကူးထားတဲ့ ပုံေတြကိုေတာင္ ျပသသြားခဲ့ပါတယ္။ Tony ကလည္း Pepper နဲ႔ တြဲေနေပမယ့္ Natasha ကို ေပၚတင္ႀကီး ပေရာပရည္ လုပ္ခဲ့ပါေသးတယ္။ ေနာက္ပိုင္း႐ုပ္ရွင္ေတြက်မွသာ Natasha ဟာ ပိုၿပီးေတာ့ ဟီး႐ိုးတစ္ေယာက္ရဲ႕ ပုံစံမ်ိဳး ျဖစ္လာေပမယ့္ အစပိုင္း႐ုပ္ရွင္ေတြထဲမွာေတာ့ သူမရဲ႕ ဟီး႐ိုးပုံစံေၾကာင့္ မဟုတ္ဘဲ ဆက္ဆီက်တယ္ဆိုတဲ့ အခ်က္နဲ႔ လူႀကိဳက္မ်ားေအာင္ ျပဳလုပ္ခဲ့သလို ျဖစ္ေနပါတယ္။ ဒါဟာ သူမလို အမ်ိဳးသမီးဟီး႐ိုးတစ္ေယာက္အတြက္ စိတ္မေကာင္းစရာ အခ်က္တစ္ခု ျဖစ္ပါတယ္။

ဒါကေတာ့ MCU ထဲက ဟီး႐ိုးတစ္ေယာက္ျဖစ္တဲ့ Black Widow (ေခၚ) Natasha Romanoff နဲ႔ ပတ္သက္ၿပီး စိတ္မေကာင္းစရာ အခ်က္တခ်ိဳ႕ပဲ ျဖစ္ပါတယ္။ စာဖတ္သူကေရာ သူမရဲ႕ ဘယ္အခ်က္ေတြကို သေဘာက်မိတာလည္းဆိုတာ အျမင္ေလးေတြ မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular