HomeEntertainmentFilmBlack Noir ဝတ်စုံဟာ ဒဏ်ပိစေတယ်ဆိုတဲ့ သရုပ်ဆောင် Nathan Mitchell

Black Noir ဝတ်စုံဟာ ဒဏ်ပိစေတယ်ဆိုတဲ့ သရုပ်ဆောင် Nathan Mitchell

The Boys ဇာတ်လမ်းတွဲထဲမှာ Black Noir အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Nathan Mitchell ကတော့ သူဝတ်ဆင်ရတဲ့ စူပါဟီးရိုးဝတ်စုံကြောင့် အလွန်ပင်ပန်း နာကျင်ရတဲ့အကြောင်း ပြောပြထားပါတယ်။ Black Noir ဟာ The Seven အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး ထွက်ရှိထားသမျှ Season သုံးခုလုံးမှာ ပါဝင်ထားပါတယ်။ သရုပ်ဆောင် Nathan Mitchell ကတော့ ဒီ Season သုံးခုလုံးမှာ အဲဒီဝတ်စုံကို ဝတ်ဆင်ထားပြီး သရုပ်ဆောင်ခဲ့ရပါတယ်။

Black Noir ဟာ အမြဲတမ်း မျက်နှာဖုံး ဝတ်ထားပြီး ဘယ်တော့မှလည်း စကားမပြောတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ အစတုန်းကတော့ သူဟာ ဘာကြောင့် ဒီလိုနေနေတာလည်းဆိုတာ မသိရပေမယ့်လည်း Season 3 ထဲမှာတော့ ဘာကြောင့် ဒီလိုနေနေရတယ်ဆိုတာ ပြသသွားပါတယ်။ အဲဒါကတော့ သူဟာ Soldier Boy ကြောင့် အတိတ်မှာ အတော်လေး ဆိုးရွားတဲ့ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

photo via screenrant

The Movie Dweeb နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Nathan Mitchell ဟာ Black Noir ဝတ်စုံကြောင့် အိပ်ရာထဲလဲခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

“Black Noir ဝတ်စုံကို ဝတ်ထားရင် ကျွန်တော့်ရဲ့ ပုခုံးနဲ့ ကျောကုန်းကို ဖိထားသလိုပဲဗျ။ အဲ့လိုမျိူး ၈နာရီ၊ ၁၀နာရီ၊ ၁၂နာရီလောက် ဝတ်ထားရတော့ ငြီးတွားမိတာပေါ့။ ကျွန်တော် မှတ်မိပါသေးတယ်။ တစ်ရက်ဆိုရင် ရိုက်ပြီး နောက်တစ်နေ့လည်းကျရော ကျွန်တော် အရမ်းပင်ပန်းသွားတာ။ အဲဒီနေ့တစ်နေ့လုံးဆို အိပ်ရာထဲမှာပဲ နေခဲ့ရတာပေါ့။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အားပြန်ယူနေရတာလေ။”

photo via itsnatemitchell/instagram

ဒါ့အပြင် Season 3 ထဲမှာတော့ Homelander ဟာ Black Noir ကို သတ်လိုက်ပေမယ့်လည်း သူဟာ Season 4 ထဲမှာ ပြန်လည်ပါဝင်လာဦးမယ်လို့ အတည်ပြုထားပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ Nathan Mitchell ကပဲ ဆက်လက် သရုပ်ဆောင်သွားဦးမှာပါ။ ကောမစ်ထဲမှာတော့ Black Noir ဟာ Homelander ရဲ့ Clone ပဲ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာ‌တော့ အဲဒီအချက်ကို ပြောင်းလဲထားပါတယ်။ ဒါကြောင့်ပဲ Vought ဟာ Black Noir မသေခင်မှာ Clone ပွားယူထားတယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular