HomeCelebs Update NewsBollywood(၃၄)နှစ်ပြည့်မွေးနေ့ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့တဲ့ Deepika Padukone

(၃၄)နှစ်ပြည့်မွေးနေ့ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့တဲ့ Deepika Padukone

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘောလိဝုဒ်မင်းသမီးချော Deepika Padukone ရဲ့ မွေးနေ့ကတော့ ယနေ့ ဇန်နဝါရီလ(၅)ရက်နေ့မှာ ကျရောက်ပါတယ်။ အသက်(၃၄)နှစ်ပြည့်သွားတဲ့ မင်းသမီးချောဟာ သူမရဲ့မွေးနေ့ကို ချစ်ရသူနဲ့အတူ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့ပါတယ်။

လတ်တလောမှာ Chhapaak ဆိုတဲ့ရုပ်ရှင်ကို ပါဝင်ရိုက်ကူးထားပြီး ရုပ်ရှင်အတွက် ပရိုမိုးရှင်းလုပ်နေရပေမယ့် မွေးနေ့ကို ပျော်ရွှင်စွာ ကျင်းပဖို့လည်း မမေ့လျော့သူပါ။ Chhapaak ရုပ်ရှင်ရဲ့ ဖန်တီးသူ ဒါရိုက်တာနဲ့တကွ အဖွဲ့သားအားလုံးနဲ့အတူ မွေးနေ့အကြိုအဖြစ် မနေ့ကတည်းက မွေးနေ့ကိတ်ခွဲခဲ့ပြီး ဒီနေ့မှာတော့ ခင်ပွန်းသည် Ranveer Singh နဲ့အတူ မွေးနေ့ကို ကျင်းပခဲ့တာပါ။

Photo: deepikapadukone/ Instagram

ချစ်ခင်ပွန်းနဲ့အတူ မွေးနေ့ကို ကျင်းပတဲ့နေရာလေးကလည်း သိပ်ကိုအဓိပ္ပာယ်ရှိလှပါတယ်။ Lucknow ဆိုတဲ့ မြို့လေးမှာ အက်ဆစ်နဲ့ အပက်ခံရပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ဘဝရပ်တည်ရေးအတွက် ဖွင့်ပေးထားတဲ့ ကဖေးဆိုင်လေးတစ်ခု ရှိပါတယ်။ အဲ့ဒီ့ဆိုင်လေးကို အဆိုပါ အမျိုးသမီးတွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ Deepika ကတော့ သူမရဲ့မွေးနေ့ကျင်းပဖို့ နေရာကို ဇိမ်ခံကြယ်ငါးပွင့်ဟိုတယ်တွေမှာ မရွေးခဲ့ဘဲ အက်ဆစ်နဲ့ တိုက်ခိုက်ခံရလို့ ဘဝနာခဲ့ရတဲ့ အမျိုးသမီးတွေကို အားပေးတဲ့အနေနဲ့ အဆိုပါ ကဖေးဆိုင်လေးကို ရွေးခဲ့တာ ဖြစ်ပါတယ်။

Photo: deepikapadukone/ Instagram

မွေးနေ့မနက်မှာတော့ ကဖေးဆိုင်လေးရှိရာ Lucknow ကို လေယာဉ်နဲ့ တကူးတက မသွားခင် မွမ်ဘိုင်းမြို့လေဆိပ်မှာ စောင့်ဆိုင်းနေကြတဲ့ သူမရဲ့ပရိသတ်တွေနဲ့ မွေးနေ့ကိတ် တူတူခွဲခဲ့ပါသေးတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေမှာလည်း လုပ်ဖော်ကိုင်ဖက် ဘောလိဝုဒ် ဆယ်လီတွေက မွေးနေ့ဆုမွန်များစွာနဲ့ အချစ်တွေ ဖြန့်ဝေပေးခဲ့ပါသေးတယ်။ Alia Bhatt ၊ Madhuri Dixit ၊ Tamannaah Bhatia ၊ Katrina Kaif  စတဲ့ အကျော်အမော်များစွာက Deepika ကို မွေးနေ့ဆုမွန်များ တောင်းပေးထားကြတာ တွေ့ရပါတယ်။

Photo: deepikapadukone/ Instagram

လတ်တလောမှာတော့ Deepika ဟာ Chhapaak ရုပ်ရှင် ထွက်ရှိဖို့အတွက် အလုပ်တွေ ရှုပ်နေပါတယ်။ သူမဟာ အဆိုပါရုပ်ရှင်ထဲမှာ မာလ်တီလို့ခေါ်တဲ့ အက်ဆစ်နဲ့အပက်ခံရတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကျောရိုးဟာ အပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

မင်းသမီး Deepika အခုလက်ရှိထက်ပိုတဲ့ အောင်မြင်မှုများစွာကို ရရှိပါစေလို့ ဆုမွန်တောင်းပေးရင်း …။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေဘာလိဝုဒ္မင္းသမီးေခ်ာ Deepika Padukone ရဲ႕ ေမြးေန႔ကေတာ့ ယေန႔ ဇန္နဝါရီလ(၅)ရက္ေန႔မွာ က်ေရာက္ပါတယ္။ အသက္(၃၄)ႏွစ္ျပည့္သြားတဲ့ မင္းသမီးေခ်ာဟာ သူမရဲ႕ေမြးေန႔ကို ခ်စ္ရသူနဲ႔အတူ အဓိပၸာယ္ရွိရွိ ျဖတ္သန္းခဲ့ပါတယ္။

လတ္တေလာမွာ Chhapaak ဆိုတဲ့႐ုပ္ရွင္ကို ပါဝင္႐ိုက္ကူးထားၿပီး ႐ုပ္ရွင္အတြက္ ပ႐ိုမိုးရွင္းလုပ္ေနရေပမယ့္ ေမြးေန႔ကို ေပ်ာ္႐ႊင္စြာ က်င္းပဖို႔လည္း မေမ့ေလ်ာ့သူပါ။ Chhapaak ႐ုပ္ရွင္ရဲ႕ ဖန္တီးသူ ဒါ႐ိုက္တာနဲ႔တကြ အဖြဲ႕သားအားလုံးနဲ႔အတူ ေမြးေန႔အႀကိဳအျဖစ္ မေန႔ကတည္းက ေမြးေန႔ကိတ္ခြဲခဲ့ၿပီး ဒီေန႔မွာေတာ့ ခင္ပြန္းသည္ Ranveer Singh နဲ႔အတူ ေမြးေန႔ကို က်င္းပခဲ့တာပါ။

Photo: deepikapadukone/ Instagram

ခ်စ္ခင္ပြန္းနဲ႔အတူ ေမြးေန႔ကို က်င္းပတဲ့ေနရာေလးကလည္း သိပ္ကိုအဓိပၸာယ္ရွိလွပါတယ္။ Lucknow ဆိုတဲ့ ၿမိဳ႕ေလးမွာ အက္ဆစ္နဲ႔ အပက္ခံရၿပီး အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီးေတြရဲ႕ ဘဝရပ္တည္ေရးအတြက္ ဖြင့္ေပးထားတဲ့ ကေဖးဆိုင္ေလးတစ္ခု ရွိပါတယ္။ အဲ့ဒီ့ဆိုင္ေလးကို အဆိုပါ အမ်ိဳးသမီးေတြနဲ႔ လည္ပတ္ေနတာ ျဖစ္ပါတယ္။ Deepika ကေတာ့ သူမရဲ႕ေမြးေန႔က်င္းပဖို႔ ေနရာကို ဇိမ္ခံၾကယ္ငါးပြင့္ဟိုတယ္ေတြမွာ မေ႐ြးခဲ့ဘဲ အက္ဆစ္နဲ႔ တိုက္ခိုက္ခံရလို႔ ဘဝနာခဲ့ရတဲ့ အမ်ိဳးသမီးေတြကို အားေပးတဲ့အေနနဲ႔ အဆိုပါ ကေဖးဆိုင္ေလးကို ေ႐ြးခဲ့တာ ျဖစ္ပါတယ္။

Photo: deepikapadukone/ Instagram

ေမြးေန႔မနက္မွာေတာ့ ကေဖးဆိုင္ေလးရွိရာ Lucknow ကို ေလယာဥ္နဲ႔ တကူးတက မသြားခင္ မြမ္ဘိုင္းၿမိဳ႕ေလဆိပ္မွာ ေစာင့္ဆိုင္းေနၾကတဲ့ သူမရဲ႕ပရိသတ္ေတြနဲ႔ ေမြးေန႔ကိတ္ တူတူခြဲခဲ့ပါေသးတယ္။ ဒါ့အျပင္ ဆိုရွယ္မီဒီယာေတြမွာလည္း လုပ္ေဖာ္ကိုင္ဖက္ ေဘာလိဝုဒ္ ဆယ္လီေတြက ေမြးေန႔ဆုမြန္မ်ားစြာနဲ႔ အခ်စ္ေတြ ျဖန႔္ေဝေပးခဲ့ပါေသးတယ္။ Alia Bhatt ၊ Madhuri Dixit ၊ Tamannaah Bhatia ၊ Katrina Kaif  စတဲ့ အေက်ာ္အေမာ္မ်ားစြာက Deepika ကို ေမြးေန႔ဆုမြန္မ်ား ေတာင္းေပးထားၾကတာ ေတြ႕ရပါတယ္။

Photo: deepikapadukone/ Instagram

လတ္တေလာမွာေတာ့ Deepika ဟာ Chhapaak ႐ုပ္ရွင္ ထြက္ရွိဖို႔အတြက္ အလုပ္ေတြ ရႈပ္ေနပါတယ္။ သူမဟာ အဆိုပါ႐ုပ္ရွင္ထဲမွာ မာလ္တီလို႔ေခၚတဲ့ အက္ဆစ္နဲ႔အပက္ခံရတဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားတာပါ။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ရဲ႕ဇာတ္လမ္းေက်ာ႐ိုးဟာ အျပင္မွာ တကယ္ျဖစ္ခဲ့တဲ့ျဖစ္ရပ္ကို အေျခခံ႐ိုက္ကူးထားတာလည္း ျဖစ္ပါတယ္။

မင္းသမီး Deepika အခုလက္ရွိထက္ပိုတဲ့ ေအာင္ျမင္မႈမ်ားစြာကို ရရွိပါေစလို႔ ဆုမြန္ေတာင္းေပးရင္း …။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular