HomeCelebs Update NewsInternationalသုံးလအတွင်းမှာတင် Subscriber (၁)သန်းနီးပါးလောက် ဆုံးရှုံးသွားတဲ့ Netflix

သုံးလအတွင်းမှာတင် Subscriber (၁)သန်းနီးပါးလောက် ဆုံးရှုံးသွားတဲ့ Netflix

၂၀၂၂ ခုနှစ်ရဲ့ ဒုတိယမြောက် သုံးလအတွက် Netflix ရဲ့ Report ထဲမှာတော့ Netflix ဟာ ဒီသုံးလအတွင်းမှာတင် Subscriber (၁)သန်းနီးပါးခန့် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

Netflix ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်ခဲ့ပြီး အဲဒီအချိန်တုန်းကတော့ ကြည့်ရှုသူတွေဟာ နည်းပါးတဲ့ လစဉ်ကြေးကိုသာ ပေးဆောင်ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ Netflix ဟာ ကြည့်ရှုသူတွေရဲ့ အိမ်ကို အနီရောင်စာအိတ်နဲ့ ထည့်ထားတဲ့ DVD တွေကို လိုချင်သလောက် ပို့ပေးခဲ့တဲ့ ဝန်ဆောင်မှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိူး စတင်ခဲ့တဲ့ Netflix ကတော့ ယခုအချိန်မှာ အကြီးမားဆုံး Streaming Service တစ်ခုအဖြစ် ရပ်တည်နေပြီး အော်စကာရရှိထားတဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေများစွာကိုလည်း ဖန်တီးနေပြီ ဖြစ်ပါတယ်။

photo via screenrant

Netflix ဟာ ၂၀၁၄ ခုနှစ်မှာ စတင်ပြီး လစဉ်ကြေးတွေ အကြိမ်ကြိမ် ဈေးတက်ခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ Standard Plan ဟာ (၁၅.၄၉)ဒေါ်လာ ဖြစ်နေပါပြီ။ Streaming Service ကို စတင်ခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်တာကြောင့် Netflix ဟာ အခက်အခဲတွေများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ သို့သော်လည်း ယခုအချိန်မှာတော့ HBO Max ၊ Prime Video နဲ့ Disney+ တို့လို Streaming Service တွေနဲ့ ယှဉ်လိုက်ရင်တော့ Netflix ဟာ ဈေးအကြီးဆုံး ဖြစ်နေပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ အစမှာတော့ Netflix ဟာ Subscriber (၂)သိန်းလောက် ဆုံးရှုံးခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ Netflix ဟာ ကုန်ကျစရိတ်တွေကို လျှော့ချဖို့အတွက် ဝန်ထမ်းပေါင်း (၁၅၀)ကိုလည်း အလုပ်ကနေ ထုတ်ပစ်ခဲ့ပါသေးတယ်။ IndieWire သတင်းဌာနရဲ့ ဖော်ပြချက်အရ ယခုတစ်ခေါက်မှာလည်း Netflix ဟာ သုံးလအတွင်းမှာတင် Subscriber ပေါင်း (၉)သိန်း (၇)သောင်းခန့် ထပ်မံဆုံးရှုံးသွားပြီလို့ သိရပါတယ်။

photo via screenrant

ဒါပေမယ့်လည်း ဒီဆုံးရှုံးမှုဟာ ထင်ထားသလောက်တော့ မဆိုးသေးပါဘူး။ မူလကဆိုရင် Netflix ဟာ ဒီအချိန်မှာ Subscriber ပေါင်း (၂)သန်းလောက် ဆုံးရှုံးမယ်လို့ တွက်ချက်ထားတာ ဖြစ်ပါတယ်။ဒီလိုဆုံးရှုံးမှုတွေ ဖြစ်နေပေမယ့်လည်း ယခုအချိန်အထိ တစ်ကမ္ဘာလုံးမှာ Subscriber ပေါင်း (၂၂၀.၆၇)သန်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။

ဒီလိုဆုံးရှုံးမှုတွေ ဖြစ်လာရတဲ့ အဓိက အကြောင်းရင်းကတော့ ဈေးကြီးတဲ့ လစဉ်ကြေးတွေကြောင့် ဖြစ်နိုင်ပြီး Netflix ကလည်း ဒီဆုံးရှုုံးမှုတွေကို ပြန်လည် အဖတ်ဆယ်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့်ပဲ Netflix ဟာ Microsoft နဲ့ ပူးပေါင်းပြီး ဈေးနည်းနည်းနဲ့ ကြော်ငြာတွေ ပါဝင်မယ့် Plan အသစ်ကို ၂၀၂၃ ခုနှစ်အစောပိုင်းလောက်မှာ ထည့်သွင်းဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုဈေးနည်းတဲ့ Plan အသစ် ပေါ်လာဦးမယ် ဆိုရင်တော့ ယခုနှစ်အတွင်းမှာ ဆုံးရှုံးသွားတဲ့ Subscriber တွေကို ပြန်လည်ရရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular