HomeEntertainmentFilmNetflix ရဲ့ လူကြည့်အများဆုံး Top 5 ထဲမှာ ပါဝင်သွားပြီဖြစ်တဲ့ Glass Onion

Netflix ရဲ့ လူကြည့်အများဆုံး Top 5 ထဲမှာ ပါဝင်သွားပြီဖြစ်တဲ့ Glass Onion

Glass Onion: A Knives Out Mystery ကတော့ Netflix ရဲ့ လူကြည့်အများဆုံး Top 5 စာရင်းထဲမှာ ပါဝင်သွားပြီလို့ သိရပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Knives Out ရုပ်ရှင်ရဲ့ Standalone Sequel ဖြစ်ပြီး စုံထောက်ကြီး Benoit Blanc ဟာ ကျွန်းတစ်ခုပေါ်က လူသတ်မှုတစ်ခုကို စိတ်ဝင်စားဖွယ် ဖြေရှင်းတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Netflix မှာ စတင်ပြသကတည်းက အောင်မြင်မှုတွေ ရရှိထားပြီး ရွှေကမ္ဘာလုံးဆုနှစ်ခုအတွက် စံကာတင်စာရင်းလည်း ဝင်ထားပါသေးတယ်။

photo via screenrant

Netflix ဟာ ၂၀၂၁ ခုနှစ် မတ်လမှာ Knives Out ရုပ်ရှင်နှစ်ကားလုံးရဲ့ မူပိုင်ခွင့်ကို ဝယ်ယူခဲ့ပြီး ဒီရုပ်ရှင်နှစ်ကားလုံးကို Netflix မှာပဲ သီးသန့်ကြည့်ရှုနိုင်အောင် ပြုလုပ်လိုက်ပါတယ်။ ယခုအချိန်မှာတော့ Glass Onion ရဲ့ အောင်မြင်မှုတွေကြောင့် Netflix ဟာ နောက်ထပ် Sequel တစ်ကားအတွက် မူပိုင်ခွင့်ကို ထပ်မံဝယ်ယူထားပါသေးတယ်။ ဒါကြောင့်ပဲ Knives Out 3 ထပ်မံထွက်ရှိလာဦးမယ်ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။

Glass Onion ဟာ ထွက်ရှိပြီး ပထမဆုံး (၂၈)ရက်အတွင်းမှာပဲ Netflix ရဲ့ လူကြည့်အများဆုံး ရုပ်ရှင်ငါးကားထဲမှာ ပါဝင်နေပြီလို့ Netflix Top 10 က ဖော်ပြထားပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ ကြည့်ရှုသူပေါင်း (၂၇၃)သန်းကျော်နဲ့ Netflix ရဲ့ လူကြည့်အများဆုံးစာရင်းရဲ့ နံပါတ်(၄)နေရာမှာ ရပ်တည်နေပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ Netflix ရဲ့ အခြားနာမည်ကြီးရုပ်ရှင်တွေ ဖြစ်တဲ့ The Gray Man နဲ့ The Adam Project တို့ကို ကျော်တက်သွားပါပြီ။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Daniel Craig တစ်ယောက်သာ ပြန်လည်ပါဝင်ထားပြီး ဇာတ်ကောင်အသစ်တွေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Edward Norton ၊ Kathryn Hahn ၊ Kate Hudson ၊ Dave Bautista ၊ Madelyn Cline ၊ Jessica Henwick နဲ့ Janelle Monae တို့လည်း ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ အောင်မြင်မှုတွေ ရရှိထားတာကြောင့် မကြည့်ရသေးဘူးဆိုရင်တော့ ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular