HomeEntertainmentFilmBoss အသစ်နဲ့ အသက်ပြန်ငယ်စေတဲ့ ဖော်မြူလာကို မိတ်ဆက်ပေးလိုက်တဲ့ Boss Baby 2 ထွေလာ

Boss အသစ်နဲ့ အသက်ပြန်ငယ်စေတဲ့ ဖော်မြူလာကို မိတ်ဆက်ပေးလိုက်တဲ့ Boss Baby 2 ထွေလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Boss Baby: Family Business ရဲ့ အသစ်ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ ဇာတ်ကောင်အသစ်တွေလည်း ပါဝင်လာသလို boss အသစ်လည်း ပါဝင်လာပြီး အသက်ပြန်ငယ်နိုင်တဲ့ ဖော်မြူလာကို မြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ Universal ဟာ Boss Baby ဇာတ်ကားကို ထုတ်လုပ်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ (၅၂၇)သန်းရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းကတော့ Tim Templeton ဆိုတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

photo via screenrant

အစတုန်းကတော့ Tim ဟာ သူ့မိဘတွေရဲ့ အချစ်တွေ အကုန်လုံးကို ရရှိနေပေမယ့်လည်း နောက်ထပ် ကလေးလေးတစ်ယောက်က သူတို့အိမ်ကို ရောက်လာတဲ့အချိန်မှာတော့ Tim ဟာ ဒုတိယနေရာကို ရောက်သွားပါတယ်။ အဲ့ဒီဇာတ်လမ်းဟာ ၂၀၂၁ခုနှစ်မှာ sequel ထွက်လာဖို့ အစီအစဉ်ရှိပြီးတော့ ထွေလာတောင် ထွက်ရှိလာပြီ ဖြစ်ပါတယ်။ အခုအသစ်ထွက်ရှိလာမယ့် Boss Baby 2 ထဲမှာတော့ Ted နဲ့ Tim တို့ဟာ အရွယ်ရောက်သူတွေ ဖြစ်နေကြပြီးတော့ Tim ဆိုရင် သားသမီးတောင် ရရှိနေပြီ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Tim ရဲ့ မွေးခါစသမီးလေး Tina ဟာလည်း BabyCorp ကနေ အမှုတစ်ခုကို စုံစမ်းဖို့အတွက် လွှတ်လိုက်တဲ့ အေးဂျင့်တစ်ယောက် ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ Tina ဟာ Tim နဲ့ Ted တို့ကိုပါ သူမရဲ့ စွန့်စားခန်းထဲမှာ ပါဝင်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း လူကြီးပုံစံတွေနဲ့ဆိုရင် သူမရဲ့မစ်ရှင်ကို ပြုလုပ်ဖို့ အဆင်မပြေတာကြောင့် သူတို့နှစ်ယောက်လုံးကို ကလေးတွေအဖြစ် ပြန်လည်ပြောင်းလဲပေးခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အသက်ပြန်ငယ်ခြင်း ဖော်မြူလာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Universal နဲ့ Dreamworks တို့ဟာ Boss Baby 2 ရဲ့ ထွေလာအသစ်နဲ့ ပိုစတာအသစ်တို့ကို မနေ့က အင်္ဂါနေ့က ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီထွေလာထဲမှာပဲ ဇာတ်ကောင်အသစ်တွေ အများကြီး ပါဝင်လာသလို အသက်ပြန်ငယ်ခြင်း ဖော်မြူလာနဲ့ ကလေးနင်ဂျာတွေကိုတောင် မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းရဲ့ အဓိကဗီလိန်တစ်ယောက် ဖြစ်တဲ့ Dr. Edwin Armstrong ကိုလည်း မြင်တွေ့ခဲ့ရပြီး သူဟာ ကလေးတွေကို မကောင်းတဲ့အရာတွေကို သင်ပေးနေတာ တွေ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ Tina ၊ Ted နဲ့ Tim တို့ဟာ သူ့ကို တားဆီးဖို့အတွက် ကြိုးစားတာကို ထုံးစံအတိုင်း ဟာသလေးတွေနှောပြီးတော့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ချစ်သူတွေအတွက်တော့ ၂၀၂၁ခုနှစ်ဟာ တကယ်ကို ကောင်းတဲ့ခုနှစ် ဖြစ်ပြီး ရုပ်ရှင်ကားကောင်းတွေ အများကြီး ထွက်လာမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Boss Baby: Family Business ရဲ႕ အသစ္ထြက္ရွိလာတဲ့ ေထြလာထဲမွာေတာ့ ဇာတ္ေကာင္အသစ္ေတြလည္း ပါဝင္လာသလို boss အသစ္လည္း ပါဝင္လာၿပီး အသက္ျပန္ငယ္ႏိုင္တဲ့ ေဖာ္ျမဴလာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ၂၀၁၇ခုႏွစ္မွာေတာ့ Universal ဟာ Boss Baby ဇာတ္ကားကို ထုတ္လုပ္ခဲ့ၿပီး ဝင္ေငြ ေဒၚလာ (၅၂၇)သန္းရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းကေတာ့ Tim Templeton ဆိုတဲ့ လူငယ္ေလးတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

photo via screenrant

အစတုန္းကေတာ့ Tim ဟာ သူ႔မိဘေတြရဲ႕ အခ်စ္ေတြ အကုန္လုံးကို ရရွိေနေပမယ့္လည္း ေနာက္ထပ္ ကေလးေလးတစ္ေယာက္က သူတို႔အိမ္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ Tim ဟာ ဒုတိယေနရာကို ေရာက္သြားပါတယ္။ အဲ့ဒီဇာတ္လမ္းဟာ ၂၀၂၁ခုႏွစ္မွာ sequel ထြက္လာဖို႔ အစီအစဥ္ရွိၿပီးေတာ့ ေထြလာေတာင္ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ အခုအသစ္ထြက္ရွိလာမယ့္ Boss Baby 2 ထဲမွာေတာ့ Ted နဲ႔ Tim တို႔ဟာ အ႐ြယ္ေရာက္သူေတြ ျဖစ္ေနၾကၿပီးေတာ့ Tim ဆိုရင္ သားသမီးေတာင္ ရရွိေနၿပီ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Tim ရဲ႕ ေမြးခါစသမီးေလး Tina ဟာလည္း BabyCorp ကေန အမႈတစ္ခုကို စုံစမ္းဖို႔အတြက္ လႊတ္လိုက္တဲ့ ေအးဂ်င့္တစ္ေယာက္ ျဖစ္ေနတာကို သိလိုက္ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Tina ဟာ Tim နဲ႔ Ted တို႔ကိုပါ သူမရဲ႕ စြန႔္စားခန္းထဲမွာ ပါဝင္ေစခဲ့ပါတယ္။ ဒါေပမယ့္လည္း လူႀကီးပုံစံေတြနဲ႔ဆိုရင္ သူမရဲ႕မစ္ရွင္ကို ျပဳလုပ္ဖို႔ အဆင္မေျပတာေၾကာင့္ သူတို႔ႏွစ္ေယာက္လုံးကို ကေလးေတြအျဖစ္ ျပန္လည္ေျပာင္းလဲေပးခဲ့ပါတယ္။ အဲ့ဒီေနရာမွာ အသက္ျပန္ငယ္ျခင္း ေဖာ္ျမဴလာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ Universal နဲ႔ Dreamworks တို႔ဟာ Boss Baby 2 ရဲ႕ ေထြလာအသစ္နဲ႔ ပိုစတာအသစ္တို႔ကို မေန႔က အဂၤါေန႔က ထုတ္ေပးလိုက္တာ ျဖစ္ပါတယ္။

အဲ့ဒီေထြလာထဲမွာပဲ ဇာတ္ေကာင္အသစ္ေတြ အမ်ားႀကီး ပါဝင္လာသလို အသက္ျပန္ငယ္ျခင္း ေဖာ္ျမဴလာနဲ႔ ကေလးနင္ဂ်ာေတြကိုေတာင္ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းရဲ႕ အဓိကဗီလိန္တစ္ေယာက္ ျဖစ္တဲ့ Dr. Edwin Armstrong ကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး သူဟာ ကေလးေတြကို မေကာင္းတဲ့အရာေတြကို သင္ေပးေနတာ ေတြ႕ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ Tina ၊ Ted နဲ႔ Tim တို႔ဟာ သူ႔ကို တားဆီးဖို႔အတြက္ ႀကိဳးစားတာကို ထုံးစံအတိုင္း ဟာသေလးေတြေႏွာၿပီးေတာ့ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ခ်စ္သူေတြအတြက္ေတာ့ ၂၀၂၁ခုႏွစ္ဟာ တကယ္ကို ေကာင္းတဲ့ခုႏွစ္ ျဖစ္ၿပီး ႐ုပ္ရွင္ကားေကာင္းေတြ အမ်ားႀကီး ထြက္လာမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular