HomeEntertainmentFilmJames Bond ဇာတ်ကားသစ် No Time To Die ရဲ့ ရုံတင်ရက် အသစ်ထွက်ရှိလာ 

James Bond ဇာတ်ကားသစ် No Time To Die ရဲ့ ရုံတင်ရက် အသစ်ထွက်ရှိလာ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

James Bond ဇာတ်ကားအသစ်ဖြစ်တဲ့ No Time To Die ဟာ ရုံတင်ရက် အပြောင်းအရွှေ့များစွာ ဖြစ်ပြီးနောက် တိကျတဲ့ ရုံတင်ရက်ကို သတ်မှတ်လိုက်ပြီဖြစ်ပြီး လာမယ့် နိုဝင်ဘာလ(၂၀)ရက်နေ့မှာ စတင်ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ ပြီးခဲ့တဲ့ စနေနေ့က James Bond ရဲ့ official Twitter စာမျက်နှာမှာ ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ Warner Bros. က King Kong vs. Godzilla ဇာတ်ကားသစ်ကို နိုဝင်ဘာလ (၂၀)ရက်နေ့ကနေ ၂၀၂၁ခုနှစ် မေလ(၂၁)ရက်နေ့ကို ရုံတင်ရက် ရွှေ့လိုက်ပြီးနောက်မှ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

Photo: @007/ Twitter

ကနဦးတုန်းက No Time To Die ဟာ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ ရုံတင်ဖို့ လျာထားခဲ့တာ ဖြစ်ပေမယ့် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲ့ဒီ့နောက် မူလတာဝန်ယူထားတဲ့ ဒါရိုက်တာ Danny Boyle ရဲ့ ထွက်ခွာမှုကြောင့် ၂၀၂၀ခုနှစ် ဧပြီလကို ထပ်မံ နောက်ဆုတ်သွားခဲ့ပါတယ်။

ဒီလိုနဲ့ ကပ်ရောဂါဖြစ်ပွားခဲ့တာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားခဲ့ရတဲ့နောက်မှာတော့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ မတိုင်ခင်အထိ ရုံတင်ပြသမှာ မဟုတ်ကြောင်း ကြေငြာခဲ့တာဖြစ်ပြီး ကပ်ရောဂါနဲ့ ပတ်သက်လို့ လူမှုဘဝပုံစံအသစ်ကို လူတွေ အသားကျကာစ ပြုလာတဲ့ လက်ရှိအချိန်မှာတော့ ရုံတင်ရက်ကို အတိအကျ ပြန်လည်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Photo Courtesy: Eon production/ Metro-Goldyn-Mayer Production

ယခုရုံတင်ပြသမယ့် No Time To Die ရုပ်ရှင်မှာတော့ James Bond ဟာ တာဝန်တွေကနေ အနားယူပြီး ဂျမေကာနိုင်ငံမှာ အေးအေးလူလူ သွားရောက်နေထိုင်နေတာပါ။ သို့ပေမယ့် စီအိုင်အေက မိတ်ဆွေဟောင်းကြီး Felix Leiter ရဲ့ အကူအညီတောင်းမှုကြောင့် သူ့ရဲ့ငြိမ်းချမ်းမှုဟာ အကြာကြီး မခံခဲ့ပါဘူး။ ဒီလိုနဲ့ Bond ဟာ ပြန်ပေးဆွဲခံရတဲ့ သိပ္ပံပညာရှင်တစ်ယောက်ကို ကယ်တင်ပေးဖို့ မစ်ရှင်အပေးခံလိုက်ရပါတယ်။ သိုပေမယ့် ထင်ထားသလောက် မရိုးရှင်းတာကတော့ သာမန်ပြန်ပေးဆွဲမှုမျိုး မဟုတ်ဘဲ အန္တရာယ်ရှိတဲ့ နည်းပညာအသစ်အဆန်းတွေကို လက်ဝယ်ပိုက်ထားတဲ့ ဗီလိန်တစ်ယောက်နဲ့ ရင်ဆိုင်တွေ့ရတဲ့အခါမှာတော့ James Bond တစ်ယောက် ပညာကုန် ထုတ်သုံးရပါတော့တယ်။

ဒီဇာတ်ကားထဲမှာတော့ Daniel Craig ၊ Rami Malek ၊ Lea Seydoux ၊ Ana de Armas ၊ Naomie Harris စတဲ့ နာမည်ကျော်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

LaNina

Source: people

(Zawgyi Version)

James Bond ဇာတ္ကားအသစ္ျဖစ္တဲ့ No Time To Die ဟာ ႐ုံတင္ရက္ အေျပာင္းအေ႐ႊ႕မ်ားစြာ ျဖစ္ၿပီးေနာက္ တိက်တဲ့ ႐ုံတင္ရက္ကို သတ္မွတ္လိုက္ၿပီျဖစ္ၿပီး လာမယ့္ ႏိုဝင္ဘာလ(၂၀)ရက္ေန႔မွာ စတင္႐ုံတင္ ျပသသြားမယ္လို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ ၿပီးခဲ့တဲ့ စေနေန႔က James Bond ရဲ႕ official Twitter စာမ်က္ႏွာမွာ ေၾကျငာလိုက္တာ ျဖစ္ပါတယ္။ ဒါဟာ Warner Bros. က King Kong vs. Godzilla ဇာတ္ကားသစ္ကို ႏိုဝင္ဘာလ (၂၀)ရက္ေန႔ကေန ၂၀၂၁ခုႏွစ္ ေမလ(၂၁)ရက္ေန႔ကို ႐ုံတင္ရက္ ေ႐ႊ႕လိုက္ၿပီးေနာက္မွ ခ်မွတ္လိုက္တဲ့ ဆုံးျဖတ္ခ်က္လည္း ျဖစ္ပါတယ္။

Photo: @007/ Twitter

ကနဦးတုန္းက No Time To Die ဟာ ၂၀၁၉ခုႏွစ္ ႏိုဝင္ဘာလမွာ ႐ုံတင္ဖို႔ လ်ာထားခဲ့တာ ျဖစ္ေပမယ့္ ၂၀၂၀ခုႏွစ္ ေဖေဖာ္ဝါရီလကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ မူလတာဝန္ယူထားတဲ့ ဒါ႐ိုက္တာ Danny Boyle ရဲ႕ ထြက္ခြာမႈေၾကာင့္ ၂၀၂၀ခုႏွစ္ ဧၿပီလကို ထပ္မံ ေနာက္ဆုတ္သြားခဲ့ပါတယ္။

ဒီလိုနဲ႔ ကပ္ေရာဂါျဖစ္ပြားခဲ့တာေၾကာင့္ ႐ုပ္ရွင္႐ုံေတြ ပိတ္ထားခဲ့ရတဲ့ေနာက္မွာေတာ့ ၂၀၂၀ခုႏွစ္ ႏိုဝင္ဘာလ မတိုင္ခင္အထိ ႐ုံတင္ျပသမွာ မဟုတ္ေၾကာင္း ေၾကျငာခဲ့တာျဖစ္ၿပီး ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ လူမႈဘဝပုံစံအသစ္ကို လူေတြ အသားက်ကာစ ျပဳလာတဲ့ လက္ရွိအခ်ိန္မွာေတာ့ ႐ုံတင္ရက္ကို အတိအက် ျပန္လည္သတ္မွတ္လိုက္တာ ျဖစ္ပါတယ္။

Photo Courtesy: Eon production/ Metro-Goldyn-Mayer Production

ယခု႐ုံတင္ျပသမယ့္ No Time To Die ႐ုပ္ရွင္မွာေတာ့ James Bond ဟာ တာဝန္ေတြကေန အနားယူၿပီး ဂ်ေမကာႏိုင္ငံမွာ ေအးေအးလူလူ သြားေရာက္ေနထိုင္ေနတာပါ။ သို႔ေပမယ့္ စီအိုင္ေအက မိတ္ေဆြေဟာင္းႀကီး Felix Leiter ရဲ႕ အကူအညီေတာင္းမႈေၾကာင့္ သူ႔ရဲ႕ၿငိမ္းခ်မ္းမႈဟာ အၾကာႀကီး မခံခဲ့ပါဘူး။ ဒီလိုနဲ႔ Bond ဟာ ျပန္ေပးဆြဲခံရတဲ့ သိပၸံပညာရွင္တစ္ေယာက္ကို ကယ္တင္ေပးဖို႔ မစ္ရွင္အေပးခံလိုက္ရပါတယ္။ သိုေပမယ့္ ထင္ထားသေလာက္ မ႐ိုးရွင္းတာကေတာ့ သာမန္ျပန္ေပးဆြဲမႈမ်ိဳး မဟုတ္ဘဲ အႏၲရာယ္ရွိတဲ့ နည္းပညာအသစ္အဆန္းေတြကို လက္ဝယ္ပိုက္ထားတဲ့ ဗီလိန္တစ္ေယာက္နဲ႔ ရင္ဆိုင္ေတြ႕ရတဲ့အခါမွာေတာ့ James Bond တစ္ေယာက္ ပညာကုန္ ထုတ္သုံးရပါေတာ့တယ္။

ဒီဇာတ္ကားထဲမွာေတာ့ Daniel Craig ၊ Rami Malek ၊ Lea Seydoux ၊ Ana de Armas ၊ Naomie Harris စတဲ့ နာမည္ေက်ာ္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

LaNina

Source: people

RELATED ARTICLES

Most Popular