HomeEntertainmentFilmအပိုင်း(၁)မှာတင် ပရိသတ်အားပေးမှုကို ရရှိနေတဲ့ It's Okay To Not Be Okay

အပိုင်း(၁)မှာတင် ပရိသတ်အားပေးမှုကို ရရှိနေတဲ့ It’s Okay To Not Be Okay

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပြီးခဲ့တဲ့ ဇွန်လ(၂၀)ရက်နေ့မှာ tvN ရုပ်သံလိုင်းက ဒရာမာအသစ်တစ်ခုကို စတင်ထုတ်လွှင့်လိုက်ပါတယ်။ စနေ၊ တနင်္ဂနွေပိတ်ရက်မှာ ပြသမယ့် ဒရာမာအသစ်ဖြစ်ပြီး It’s Okay To Not Be Okay လို့ အမည်ရပါတယ်။ ပထမဆုံးထုတ်လွှင့်တဲ့ အပိုင်း(၁)မှာတင် ကြည့်ရှုသူ(၇)ရာခိုင်နှုန်းနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ စိတ်ရောဂါကုဆေးရုံတစ်ရုံက ဝန်ထမ်းတစ်ယောက်နဲ့ လူမှုရေးစံလွဲနေတဲ့ စိတ်ရောဂါတစ်မျိုး ခံစားနေရတဲ့ နာမည်ကြီး ကလေးပုံပြင်စာရေးဆရာတစ်ယောက်တို့ကြားက ဇာတ်လမ်း ဖြစ်ပါတယ်။

Photo: koreaboo

Moon Kang-Tae ဟာ စိတ်ရောဂါကုဆေးရုံတစ်ရုံမှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ လူနာတွေရဲ့ အခြေအနေတွေကို ရေးမှတ်ထားဖို့ဖြစ်ပြီး တကယ်လို့ လူနာတွေ ထွက်ပြေးတာ၊ တိုက်ခိုက်လာတာမျိုးလို မထင်မှတ်ထားတဲ့ အခြေအနေတွေ ဖြစ်လာရင် ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာ အလုပ်တာဝန်တွေကို ယူထားရပေမယ့် Moon Kang-Tae ရဲ့ လစာဟာ တစ်လကိုမှ ဝမ်(၁၈)သိန်းပဲ ရပါတယ်။

ကလေးစာပေတွေ ရေးတဲ့ နာမည်ကြီး စာရေးဆရာမ Go Moon-Young ကတော့ သိပ်ကိုအတ္တကြီးတဲ့အပြင် မောက်မာရိုင်းစိုင်းတတ်တဲ့ စရိုက်ရှိသူလည်း ဖြစ်ပါတယ်။ Moon Kang-Tae နဲ့ Go Moon-Young တို့ကြားမှာ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်လာပြီး ဇာတ်လမ်းဆက်မလည်းဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Photo: koreaboo

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Seo Ye Ji ၊ Kim Soo Hyun ၊ Park Kyu Young နဲ့ Oh Jung Se တို့ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ် ဖြစ်တဲ့အပြင် Seo Ye Ji နဲ့ Kim Soo Hyun တို့ကြားက ဆက်နွှယ်မှုနဲ့ မျက်စိပသာဒဖြစ်လွန်းတဲ့ visual တွေကြောင့် ပရိသတ်တွေကတော့ နောက်ထပ်အပိုင်းတွေကို ဆက်လက် စောင့်မျှော်နေကြပါပြီ။

စုစုပေါင်း အပိုင်း(၁၆)ပိုင်းရှိပြီး စနေ၊တနင်္ဂနွေတိုင်းမှာ tvN ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ Netflix မှာလည်း ကြည့်ရှုနိုင်ပါသေးတယ်။

LaNina

Source: koreaboo, asianwiki

(Zawgyi Version)

ၿပီးခဲ့တဲ့ ဇြန္လ(၂၀)ရက္ေန႔မွာ tvN ႐ုပ္သံလိုင္းက ဒရာမာအသစ္တစ္ခုကို စတင္ထုတ္လႊင့္လိုက္ပါတယ္။ စေန၊ တနဂၤေႏြပိတ္ရက္မွာ ျပသမယ့္ ဒရာမာအသစ္ျဖစ္ၿပီး It’s Okay To Not Be Okay လို႔ အမည္ရပါတယ္။ ပထမဆုံးထုတ္လႊင့္တဲ့ အပိုင္း(၁)မွာတင္ ၾကည့္ရႈသူ(၇)ရာခိုင္ႏႈန္းနဲ႔ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိထားပါတယ္။

ဇာတ္လမ္းကေတာ့ စိတ္ေရာဂါကုေဆး႐ုံတစ္႐ုံက ဝန္ထမ္းတစ္ေယာက္နဲ႔ လူမႈေရးစံလြဲေနတဲ့ စိတ္ေရာဂါတစ္မ်ိဳး ခံစားေနရတဲ့ နာမည္ႀကီး ကေလးပုံျပင္စာေရးဆရာတစ္ေယာက္တို႔ၾကားက ဇာတ္လမ္း ျဖစ္ပါတယ္။

Photo: koreaboo

Moon Kang-Tae ဟာ စိတ္ေရာဂါကုေဆး႐ုံတစ္႐ုံမွာ အလုပ္လုပ္သူ ျဖစ္ပါတယ္။ သူ႔ရဲ႕တာဝန္ကေတာ့ လူနာေတြရဲ႕ အေျခအေနေတြကို ေရးမွတ္ထားဖို႔ျဖစ္ၿပီး တကယ္လို႔ လူနာေတြ ထြက္ေျပးတာ၊ တိုက္ခိုက္လာတာမ်ိဳးလို မထင္မွတ္ထားတဲ့ အေျခအေနေတြ ျဖစ္လာရင္ ထိန္းသိမ္းဖို႔ ျဖစ္ပါတယ္။ စိတ္ပင္ပန္းစရာ အလုပ္တာဝန္ေတြကို ယူထားရေပမယ့္ Moon Kang-Tae ရဲ႕ လစာဟာ တစ္လကိုမွ ဝမ္(၁၈)သိန္းပဲ ရပါတယ္။

ကေလးစာေပေတြ ေရးတဲ့ နာမည္ႀကီး စာေရးဆရာမ Go Moon-Young ကေတာ့ သိပ္ကိုအတၱႀကီးတဲ့အျပင္ ေမာက္မာ႐ိုင္းစိုင္းတတ္တဲ့ စ႐ိုက္ရွိသူလည္း ျဖစ္ပါတယ္။ Moon Kang-Tae နဲ႔ Go Moon-Young တို႔ၾကားမွာ ဘယ္လိုအျဖစ္အပ်က္ေတြ ျဖစ္လာၿပီး ဇာတ္လမ္းဆက္မလည္းဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Photo: koreaboo

ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Seo Ye Ji ၊ Kim Soo Hyun ၊ Park Kyu Young နဲ႔ Oh Jung Se တို႔ ျဖစ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းတဲ့ ဇာတ္လမ္းဇာတ္အိမ္ ျဖစ္တဲ့အျပင္ Seo Ye Ji နဲ႔ Kim Soo Hyun တို႔ၾကားက ဆက္ႏႊယ္မႈနဲ႔ မ်က္စိပသာဒျဖစ္လြန္းတဲ့ visual ေတြေၾကာင့္ ပရိသတ္ေတြကေတာ့ ေနာက္ထပ္အပိုင္းေတြကို ဆက္လက္ ေစာင့္ေမွ်ာ္ေနၾကပါၿပီ။

စုစုေပါင္း အပိုင္း(၁၆)ပိုင္းရွိၿပီး စေန၊တနဂၤေႏြတိုင္းမွာ tvN ကေန ျပသသြားမွာ ျဖစ္ပါတယ္။ Netflix မွာလည္း ၾကည့္ရႈႏိုင္ပါေသးတယ္။

LaNina

Source: koreaboo, asianwiki

RELATED ARTICLES

Most Popular