HomeCelebs Update NewsBollywoodမေလမှာ ရုံတင်ပြသတော့မယ့် Salman Khan ရဲ့ ဇာတ်ကားသစ် Radhe 

မေလမှာ ရုံတင်ပြသတော့မယ့် Salman Khan ရဲ့ ဇာတ်ကားသစ် Radhe 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘောလိဝုဒ်ရုပ်ရှင် ပရိသတ်တွေ စောင့်စားနေကြတဲ့ Radhe ရုပ်ရှင်ဇာတ်ကားကြီးဟာ လာမယ့် မေလမှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ မင်းသား Salman Khan က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အသိပေးလိုက်တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Prabhudheva ရိုက်ကူးပေးထားတဲ့ ဒီအက်ရှင်ကားကိုတော့ မူလက ၂၀၂၀ခုနှစ် မေလမှာ ရုံတင်ပြသနိုင်ဖို့ လျာထားခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် အစီအစဉ်တွေ ရွှေ့ဆိုင်းခဲ့ရပြီး အခုလို ၂၀၂၁ခုနှစ် မေလမှာမှ တစ်နှစ်နောက်ကျပြီး ရုံတင်နိုင်တော့မှာ ဖြစ်ပါတယ်။

Photo via IMDb

အဆိုးထဲက အကောင်းဆိုသလိုပဲ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်တွေ စောင့်မျှော်နေရတဲ့ Radhe ဇာတ်ကားကြီးဟာ ရုံတင်ပြီး ပြသမယ်လို့ သိရပါတယ်။ ခေါင်းဆောင်မင်းသားအဖြစ်ရော ထုတ်လုပ်ရေးအပိုင်းမှာရော တာဝန်ယူထားတဲ့ Salman Khan ကတော့ ရုပ်ရှင်လောကကို ပြန်လည်အသက်ဝင်လာစေချင်တဲ့အတွက် အခုလို ရုံတင်ပြသဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ရုပ်ရှင်ရုံပိုင်ရှင်တွေကို အချိန်တွေအကြာကြီးယူပြီး ငြင်းဆိုခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ အခုလို အချိန်မျိုးမှာ ဒီလိုဆုံးဖြတ်ချက်ကို ချရတာဟာ တကယ် ကြီးလေးပါတယ်။ လက်ရှိမှာ ရုံပိုင်ရှင်တွေရော၊ စတူဒီယိုပိုင်းက လူတွေမှာရော ငွေကြေးကြပ်တည်း ခက်ခဲမှုတွေ ဖြစ်နေတာကို နားလည်ပါတယ်။ အဲ့ဒါကြောင့် အားလုံးကို အကူအညီဖြစ်စေဖို့ ဒီရုပ်ရှင်ကို ရုံမှာပဲ ရုံတင်ပြသဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ် …” လို့ Salman Khan က ဆိုထားပါတယ်။

Photo: beingsalmankhan/ Instagram

“အပြန်အလှန်အနေနဲ့ ကျွန်တော် ဖြစ်စေချင်တာကတော့ Radhe ကို ရုံမှာလာကြည့်မယ့် ပရိသတ်တွေအတွက် ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုနဲ့ ဂရုစိုက်မှုတွေကို အမြင့်ဆုံးအနေအထားမှာ ပြင်ဆင်ပေးထားစေချင်ပါတယ်။ ရုပ်ရှင်ထွက်မယ့် အချိန်ကတော့ အိဒ်ပွဲတော်ကာလမှာပါ။ ဒီနှစ်ရဲ့ အိဒ်ကာလမှာ Radhe ကို ရုံမှာ ကြည့်ရမယ်ဆိုတာ တကယ် စိတ်လှုပ်ရှားစရာပါပဲ … ” လို့ Salman Khan က ဖြည့်စွက်ပြောထားပါသေးတယ်။

ဒီဇာတ်ကားထဲမှာတော့ Salman Khan နဲ့အတူ Disha Patani ၊ Jackie Shroff ၊ Zarina Wahab နဲ့ Randeep Hooda  တို့ကလည်း အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ကိုတော့ Salman Khan Films ၊ Sohali Khan Production နဲ့ Reel Life Production တို့က ပူးပေါင်းထုတ်လုပ်ပေးထားကြပါတယ်။

Linda December

Source: indian express

(Zawgyi Version)

ေဘာလိဝုဒ္႐ုပ္ရွင္ ပရိသတ္ေတြ ေစာင့္စားေနၾကတဲ့ Radhe ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ လာမယ့္ ေမလမွာ ႐ုံတင္ျပသေတာ့မယ္လို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔မွာ မင္းသား Salman Khan က သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ အသိေပးလိုက္တာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Prabhudheva ႐ိုက္ကူးေပးထားတဲ့ ဒီအက္ရွင္ကားကိုေတာ့ မူလက ၂၀၂၀ခုႏွစ္ ေမလမွာ ႐ုံတင္ျပသႏိုင္ဖို႔ လ်ာထားခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ အစီအစဥ္ေတြ ေ႐ႊ႕ဆိုင္းခဲ့ရၿပီး အခုလို ၂၀၂၁ခုႏွစ္ ေမလမွာမွ တစ္ႏွစ္ေနာက္က်ၿပီး ႐ုံတင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Photo via IMDb

အဆိုးထဲက အေကာင္းဆိုသလိုပဲ ေဘာလိဝုဒ္႐ုပ္ရွင္ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနရတဲ့ Radhe ဇာတ္ကားႀကီးဟာ ႐ုံတင္ၿပီး ျပသမယ္လို႔ သိရပါတယ္။ ေခါင္းေဆာင္မင္းသားအျဖစ္ေရာ ထုတ္လုပ္ေရးအပိုင္းမွာေရာ တာဝန္ယူထားတဲ့ Salman Khan ကေတာ့ ႐ုပ္ရွင္ေလာကကို ျပန္လည္အသက္ဝင္လာေစခ်င္တဲ့အတြက္ အခုလို ႐ုံတင္ျပသဖို႔ ဆုံးျဖတ္ခဲ့တာလို႔ ဆိုပါတယ္။

“႐ုပ္ရွင္႐ုံပိုင္ရွင္ေတြကို အခ်ိန္ေတြအၾကာႀကီးယူၿပီး ျငင္းဆိုခဲ့ရတဲ့အတြက္ ေတာင္းပန္ပါတယ္။ အခုလို အခ်ိန္မ်ိဳးမွာ ဒီလိုဆုံးျဖတ္ခ်က္ကို ခ်ရတာဟာ တကယ္ ႀကီးေလးပါတယ္။ လက္ရွိမွာ ႐ုံပိုင္ရွင္ေတြေရာ၊ စတူဒီယိုပိုင္းက လူေတြမွာေရာ ေငြေၾကးၾကပ္တည္း ခက္ခဲမႈေတြ ျဖစ္ေနတာကို နားလည္ပါတယ္။ အဲ့ဒါေၾကာင့္ အားလုံးကို အကူအညီျဖစ္ေစဖို႔ ဒီ႐ုပ္ရွင္ကို ႐ုံမွာပဲ ႐ုံတင္ျပသဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္ …” လို႔ Salman Khan က ဆိုထားပါတယ္။

Photo: beingsalmankhan/ Instagram

“အျပန္အလွန္အေနနဲ႔ ကြၽန္ေတာ္ ျဖစ္ေစခ်င္တာကေတာ့ Radhe ကို ႐ုံမွာလာၾကည့္မယ့္ ပရိသတ္ေတြအတြက္ က်န္းမာေရးဆိုင္ရာ ကာကြယ္မႈနဲ႔ ဂ႐ုစိုက္မႈေတြကို အျမင့္ဆုံးအေနအထားမွာ ျပင္ဆင္ေပးထားေစခ်င္ပါတယ္။ ႐ုပ္ရွင္ထြက္မယ့္ အခ်ိန္ကေတာ့ အိဒ္ပြဲေတာ္ကာလမွာပါ။ ဒီႏွစ္ရဲ႕ အိဒ္ကာလမွာ Radhe ကို ႐ုံမွာ ၾကည့္ရမယ္ဆိုတာ တကယ္ စိတ္လႈပ္ရွားစရာပါပဲ … ” လို႔ Salman Khan က ျဖည့္စြက္ေျပာထားပါေသးတယ္။

ဒီဇာတ္ကားထဲမွာေတာ့ Salman Khan နဲ႔အတူ Disha Patani ၊ Jackie Shroff ၊ Zarina Wahab နဲ႔ Randeep Hooda  တို႔ကလည္း အဓိကေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ Salman Khan Films ၊ Sohali Khan Production နဲ႔ Reel Life Production တို႔က ပူးေပါင္းထုတ္လုပ္ေပးထားၾကပါတယ္။

Linda December

Source: indian express

RELATED ARTICLES

Most Popular