HomeEntertainmentFilmThe Lord of the Rings ရုပ်ရှင်အသစ်တွေ ထပ်မံဖန်တီးသွားမယ့် New Line Cinema

The Lord of the Rings ရုပ်ရှင်အသစ်တွေ ထပ်မံဖန်တီးသွားမယ့် New Line Cinema

မူလ The Lord of the Rings Trilogy ကို ဖန်တီးခဲ့တဲ့ New Line Cinema စတူဒီယိုဟာ Middle-Earth Enterprises နဲ့ ပူးပေါင်းပြီး LOTR ရုပ်ရှင်အသစ်တွေ ဖန်တီးသွားဦးမယ်လို့ သိရပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ The Lord of the Rings Trilogy ကတော့ စာရေးဆရာကြီး J.R.R. Tolkien ရဲ့ ဝတ္ထုဇာတ်လမ်းတွေကို Live Action အဖြစ် ပထမဆုံးအကြိမ် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ LOTR Universe ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ပရောဂျက်ကတော့ The Lord of the Rings: The Rings of Power ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

photo credit warner bros

ယခုဆိုရင်တော့ New Line Cinema နဲ့ Middle-Earth Enterprises တို့ ပူးပေါင်းပြီး LOTR Universe ရဲ့ အခြားရုပ်ရှင်တွေများစွာကို ဖန်တီးသွားမယ်လို့ Warner Bros. Pictures က ကြေညာလိုက်ပါတယ်။ New Line Cinema က Middle-Earth Enterprises ကို ဝယ်ယူပြီးနောက်မှာ ယခုလိုမျိူး ပူးပေါင်းဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဒီရုပ်ရှင်တွေကတော့ The Lord of the Rings နဲ့ The Hobbit ဝတ္ထုတို့ကိုပဲ အခြေခံပြီး ဖန်တီးသွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ New Line Cinema ဟာ The Lord of the Rings: The War of the Rohirrim ဆိုတဲ့ Animation Movie တစ်ခုကိုလည်း ဖန်တီးနေပါသေးတယ်။ အသစ်ထွက်ရှိလာမယ့် LOTR ရုပ်ရှင်တွေကတော့ ဘယ်ဇာတ်လမ်းတွေကို ဖန်တီးသွားမယ်ဆိုတာ မသိရသေးပါဘူး။ သို့သော်လည်း LOTR စာအုပ်တွေထဲမှာတော့ ဇာတ်ကောင်တွေများစွာနဲ့ ဇာတ်လမ်းများစွာ ပါဝင်နေတာကြောင့် အခုဖန်တီးမယ့်ရုပ်ရှင်တွေဟာ Live Action မှာ မမြင်ရသေးတဲ့ ဇာတ်လမ်းတွေထဲက စိတ်ကြိုက်ရွေးချယ်သွားနိုင်ပါတယ်။

photo credit warner bros

ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်တွေထဲမှာတော့ LOTR Universe ရဲ့ အထင်ကရ ဇာတ်ကောင်တွေဖြစ်တဲ့ Frodo ၊ Aragorn ၊ Gandalf နဲ့ Legolas တို့ မပါဝင်လာဘူး ဆိုရင်တောင် စာအုပ်ထဲက အခြားစိတ်ဝင်စားစရာ ဇာတ်ကောင်တွေကို မြင်တွေ့ရဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ LOTR ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပြီး ဒီရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး သတင်းအသစ်တွေ သိရရင်လည်း ထပ်မံတင်ဆက်ပေးသွားပါဦးမယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular