HomeEntertainmentFilmRating တွေ ဆက်တိုက် မြင့်တက်လာတဲ့ နန်းတွင်းဒရာမာသစ် Bossam: Steal The Fate 

Rating တွေ ဆက်တိုက် မြင့်တက်လာတဲ့ နန်းတွင်းဒရာမာသစ် Bossam: Steal The Fate 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MBN ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ နန်းတွင်းဒရာမာအသစ် Bossam: Steal The Fate ကတော့ တစထက်တစ် ကြည့်ရှုသူ rating တွေ မြင့်တက်နေပါတယ်။

မင်းသားချော Jung Il Woo နဲ့ Girls’ Generation အဖွဲ့ဝင် Yuri တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဒရာမာကတော့ အပိုင်းတစ်ပိုင်း ပြီးသွားတိုင်း ကြည့်ရှုသူတွေ ပိုမိုမြင့်တက်လာနေတာ ဖြစ်ပါတယ်။ မေလ(၁၅)ရက်နေ့ စနေနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းဟာဆိုရင်တော့ ထုတ်လွှင့်ပြီးခဲ့တဲ့ အပိုင်းအားလုံးထက် rating မြင့်တက်နေတာကို တွေ့ရပါတယ်။

Photo via mydramalist

တကယ်တော့ ဒီဒရာမာဟာ တစ်ပိုင်းပြီး တစ်ပိုင်း rating တွေ မြင့်တက်လာတာ သုံးပိုင်းဆက်တိုက် ရှိနေပြီဖြစ်ပြီး မေလ(၁၅)ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အပိုင်းကတော့ သူ့ရဲ့ကိုယ်ပိုင်စံချိန်တွေကို ထပ်မံ ချိုးဖြတ်သွားတာ‌ ဖြစ်ပါတယ်။ Nielsen Korea ရဲ့ ထုတ်ပြန်ချက်အရ မေလ(၁၅)ရက် စနေနေ့ညက ထုတ်လွှင့်ခဲ့တဲ့ အပိုင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရှုသူဦးရေ (၆.၃)ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

ဒါဟာ ဒီဒရာမာအနေနဲ့ ကြည့်ရှုသူ rating အမြင့်ဆုံး ရရှိထားတာတင်မကဘဲ ပြီးခဲ့တဲ့ စနေနေ့မှာ တစ်နိုင်ငံလုံးက ထုတ်လွှင့်ခဲ့တဲ့ တီဗွီအစီအစဉ်တွေထဲမှာ ကြည့်ရှုသူအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။

Photo via mydramalist

Bossam: Steal The Fate ရဲ့ ဇာတ်လမ်းပုံစံကတော့ ဖိနှိပ်ခံအမျိုးသမီးတွေမှာ ကြုံတွေ့လာရတဲ့ အချစ်နဲ့ ဘဝအကြောင်းကို ပုံဖော်ထားပါတယ်။ Ba Woo (Jung Il Woo) ဆိုတဲ့ လူဟာ အကျင့်စာရိတ္တ ညံ့ဖျင်းတဲ့ လူတစ်ယောက်ဖြစ်ပြီး လောင်းကစားမှုတွေ လုပ်လိုက်၊ ခိုးဝှက်လိုက်၊ ရန်ဖြစ်လိုက်နဲ့ နေတတ်သူပါ။ ဒါတင်မက သူဟာ ပိုက်ဆံရဖို့အတွက Bossam ဆိုတဲ့ လုပ်ရပ်တစ်ခုကိုလည်း လုပ်ဦးမှာ ဖြစ်ပါတယ်။

Bossam ဆိုတာကတော့ ဂျိုဆွန်းခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပြီး မုဆိုးမတစ်ယောက်က ပြန်ပေးဆွဲခံရတဲ့အခါ နောက်တစ်ကြိမ် လက်ထပ် ထိမ်းမြားပေးတဲ့ ထုံးတမ်းတစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ မုဆိုးမတွေဟာ လင်သား သေဆုံးပြီးသွားရင် နောက်တစ်ကြိမ် ပြန်လက်မထပ်နိုင်တော့တဲ့အတွက် လူလွတ်၊ ဒါမှမဟုတ် မုဆိုးဖိုတစ်ယောက်က ပြန်ပေးဆွဲပြီးမှ လက်ထပ်နိုင်လို့ပါပဲ။

Photo via mydramalist

Ba Woo ကတော့ အကျင့်စာရိတ္တမကောင်းဘဲ ကိုယ်ကျိုးရှိမယ်ဆို အကုန်လုပ်မယ့်သူ ဖြစ်ပေမယ့် တကယ်တမ်း သူ ဘယ်သူဆိုတာကိုတော့ ဖုံးကွယ်ထားပါတယ်။ ဒီလိုနဲ့ Bossam လုပ်ရင်း မင်းသမီး Soo Kyung (Yuri) ကို မှားပြီး ပြန်ပေးဆွဲမိသွားပါတယ်။ Soo Kyung ကတော့ မင်းသားကြီး Gwanghae ရဲ့ သမီးတော်ပါ။

Soo Kyung ကတော့ လျှို့ဝှက်နိုင်ငံရေး သဘောတူညီမှုတစ်ခုအတွက် သူမ တကယ်ချစ်တဲ့ လူရဲ့ အစ်ကိုကို လက်ထပ်လိုက်ရသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူမရဲ့ မင်္ဂလာပွဲနေ့မှာလည်း ခင်ပွန်းဖြစ်သူက သေဆုံးသွားတဲ့အတွက် သူမဟာ မုဆိုးမတစ်ယောက် ဖြစ်လာရပါတော့တယ်။

Photo via mydramalist

ဒါရိုက်တာ Kwon Seok Jang ရိုက်ကူးပေးထားတဲ့ ဒီဒရာမာထဲမှာတော့ Jung Il Woo ၊ Kwon Yuri ၊ Shin Hyun Soo ၊ Kim Tae Woo ၊ So Hee Jong နဲ့ Yang Hyun Min တို့က အဓိက ပါဝင်ထားပါတယ်။ MBN ရုပ်သံလိုင်းက အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်နေပါတယ်။ စုစုပေါင်း အပိုင်း(၂၀) ရှိပြီး အပိုင်းတစ်ပိုင်းကို တစ်နာရီနဲ့ ငါးမိနစ်ခန့် ကြာမြင့်ပါတယ်။

Linda December

Source: soompi

(Zawgyi Version)

MBN ႐ုပ္သံလိုင္းက ထုတ္လႊင့္ေနတဲ့ နန္းတြင္းဒရာမာအသစ္ Bossam: Steal The Fate ကေတာ့ တစထက္တစ္ ၾကည့္ရႈသူ rating ေတြ ျမင့္တက္ေနပါတယ္။

မင္းသားေခ်ာ Jung Il Woo နဲ႔ Girls’ Generation အဖြဲ႕ဝင္ Yuri တို႔ ဦးေဆာင္ပါဝင္ထားတဲ့ ဒီဒရာမာကေတာ့ အပိုင္းတစ္ပိုင္း ၿပီးသြားတိုင္း ၾကည့္ရႈသူေတြ ပိုမိုျမင့္တက္လာေနတာ ျဖစ္ပါတယ္။ ေမလ(၁၅)ရက္ေန႔ စေနေန႔မွာ ထုတ္လႊင့္ခဲ့တဲ့ အပိုင္းဟာဆိုရင္ေတာ့ ထုတ္လႊင့္ၿပီးခဲ့တဲ့ အပိုင္းအားလုံးထက္ rating ျမင့္တက္ေနတာကို ေတြ႕ရပါတယ္။

Photo via mydramalist

တကယ္ေတာ့ ဒီဒရာမာဟာ တစ္ပိုင္းၿပီး တစ္ပိုင္း rating ေတြ ျမင့္တက္လာတာ သုံးပိုင္းဆက္တိုက္ ရွိေနၿပီျဖစ္ၿပီး ေမလ(၁၅)ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ အပိုင္းကေတာ့ သူ႔ရဲ႕ကိုယ္ပိုင္စံခ်ိန္ေတြကို ထပ္မံ ခ်ိဳးျဖတ္သြားတာ‌ ျဖစ္ပါတယ္။ Nielsen Korea ရဲ႕ ထုတ္ျပန္ခ်က္အရ ေမလ(၁၅)ရက္ စေနေန႔ညက ထုတ္လႊင့္ခဲ့တဲ့ အပိုင္းဟာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၾကည့္ရႈသူဦးေရ (၆.၃)ရာခိုင္ႏႈန္း ရွိတယ္လို႔ သိရပါတယ္။

ဒါဟာ ဒီဒရာမာအေနနဲ႔ ၾကည့္ရႈသူ rating အျမင့္ဆုံး ရရွိထားတာတင္မကဘဲ ၿပီးခဲ့တဲ့ စေနေန႔မွာ တစ္ႏိုင္ငံလုံးက ထုတ္လႊင့္ခဲ့တဲ့ တီဗြီအစီအစဥ္ေတြထဲမွာ ၾကည့္ရႈသူအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ခဲ့ပါေသးတယ္။

Photo via mydramalist

Bossam: Steal The Fate ရဲ႕ ဇာတ္လမ္းပုံစံကေတာ့ ဖိႏွိပ္ခံအမ်ိဳးသမီးေတြမွာ ႀကဳံေတြ႕လာရတဲ့ အခ်စ္နဲ႔ ဘဝအေၾကာင္းကို ပုံေဖာ္ထားပါတယ္။ Ba Woo (Jung Il Woo) ဆိုတဲ့ လူဟာ အက်င့္စာရိတၱ ညံ့ဖ်င္းတဲ့ လူတစ္ေယာက္ျဖစ္ၿပီး ေလာင္းကစားမႈေတြ လုပ္လိုက္၊ ခိုးဝွက္လိုက္၊ ရန္ျဖစ္လိုက္နဲ႔ ေနတတ္သူပါ။ ဒါတင္မက သူဟာ ပိုက္ဆံရဖို႔အတြက Bossam ဆိုတဲ့ လုပ္ရပ္တစ္ခုကိုလည္း လုပ္ဦးမွာ ျဖစ္ပါတယ္။

Bossam ဆိုတာကေတာ့ ဂ်ိဳဆြန္းေခတ္မွာ ေပၚေပါက္ခဲ့တဲ့ ဓေလ့တစ္ခုျဖစ္ၿပီး မုဆိုးမတစ္ေယာက္က ျပန္ေပးဆြဲခံရတဲ့အခါ ေနာက္တစ္ႀကိမ္ လက္ထပ္ ထိမ္းျမားေပးတဲ့ ထုံးတမ္းတစ္ခု ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ မုဆိုးမေတြဟာ လင္သား ေသဆုံးၿပီးသြားရင္ ေနာက္တစ္ႀကိမ္ ျပန္လက္မထပ္ႏိုင္ေတာ့တဲ့အတြက္ လူလြတ္၊ ဒါမွမဟုတ္ မုဆိုးဖိုတစ္ေယာက္က ျပန္ေပးဆြဲၿပီးမွ လက္ထပ္ႏိုင္လို႔ပါပဲ။

Photo via mydramalist

Ba Woo ကေတာ့ အက်င့္စာရိတၱမေကာင္းဘဲ ကိုယ္က်ိဳးရွိမယ္ဆို အကုန္လုပ္မယ့္သူ ျဖစ္ေပမယ့္ တကယ္တမ္း သူ ဘယ္သူဆိုတာကိုေတာ့ ဖုံးကြယ္ထားပါတယ္။ ဒီလိုနဲ႔ Bossam လုပ္ရင္း မင္းသမီး Soo Kyung (Yuri) ကို မွားၿပီး ျပန္ေပးဆြဲမိသြားပါတယ္။ Soo Kyung ကေတာ့ မင္းသားႀကီး Gwanghae ရဲ႕ သမီးေတာ္ပါ။

Soo Kyung ကေတာ့ လွ်ိဳ႕ဝွက္ႏိုင္ငံေရး သေဘာတူညီမႈတစ္ခုအတြက္ သူမ တကယ္ခ်စ္တဲ့ လူရဲ႕ အစ္ကိုကို လက္ထပ္လိုက္ရသူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သူမရဲ႕ မဂၤလာပြဲေန႔မွာလည္း ခင္ပြန္းျဖစ္သူက ေသဆုံးသြားတဲ့အတြက္ သူမဟာ မုဆိုးမတစ္ေယာက္ ျဖစ္လာရပါေတာ့တယ္။

Photo via mydramalist

ဒါ႐ိုက္တာ Kwon Seok Jang ႐ိုက္ကူးေပးထားတဲ့ ဒီဒရာမာထဲမွာေတာ့ Jung Il Woo ၊ Kwon Yuri ၊ Shin Hyun Soo ၊ Kim Tae Woo ၊ So Hee Jong နဲ႔ Yang Hyun Min တို႔က အဓိက ပါဝင္ထားပါတယ္။ MBN ႐ုပ္သံလိုင္းက အပတ္စဥ္ စေန၊ တနဂၤေႏြေန႔တိုင္း ထုတ္လႊင့္ေနပါတယ္။ စုစုေပါင္း အပိုင္း(၂၀) ရွိၿပီး အပိုင္းတစ္ပိုင္းကို တစ္နာရီနဲ႔ ငါးမိနစ္ခန႔္ ၾကာျမင့္ပါတယ္။

Linda December

Source: soompi

 

RELATED ARTICLES

Most Popular