HomeEntertainmentFilmထွေလာအသစ်မှာ မြင်တွေ့လိုက်ရတဲ့ Thor နဲ့ Gorr တို့ရဲ့တိုက်ပွဲ

ထွေလာအသစ်မှာ မြင်တွေ့လိုက်ရတဲ့ Thor နဲ့ Gorr တို့ရဲ့တိုက်ပွဲ

Marvel Studios ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ ရုံတင်ပြသတော့မယ့် Thor: Love and Thunder ရုပ်ရှင်အတွက် ထွေလာအသစ်တစ်ခုကို ထုတ်ပေးလာပါတယ်။ ဒီထွေလာထဲမှာတော့ Thor နဲ့ Gorr တို့ရဲ့ ရင်ဆိုင်တိုက်ပွဲကို ပြသသွားပါတယ်။

Love and Thunder ထဲမှာတော့ Thor ဟာ Endgame ထဲက အဖြစ်အပျက်တွေအပြီးမှာ ငြိမ်းချမ်းမှုကို ရှာဖွေနေခဲ့ပေမယ့် ဗီလိန်အသစ်ဖြစ်တဲ့ Gorr the God Butcher ပေါ်ပေါက်လာတဲ့အခါမှာတော့ တိုက်ခိုက်မှုတွေကို မေ့ထားလို့ မရတော့ဘဲ Gorr နဲ့ ရင်ဆိုင်ရတော့မယ့် အခြေအနေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ Natalie Portman ကိုလည်း Jane Foster အဖြစ် ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပြီး ကိုယ်တိုင်အစွမ်းတွေ ရရှိထားတဲ့ စူပါဟီးရိုး Mighty Thor ဖြစ်လာတာကိုပါ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Valkyrie အဖြစ် သရုပ်ဆောင်ထားတဲ့ Tessa Thompson ကိုလည်း ထပ်မံ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ယခုအသစ်ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ Thor နဲ့ Gorr တို့ရဲ့ ရင်ဆိုင်တိုက်ပွဲကိုလည်း ပြသထားပြီး ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းအသစ်တွေကို စက္ကန့်သုံးဆယ်စာ ပြသသွားပါတယ်။ မိုးကြိုးနတ်ဘုရားဖြစ်တဲ့ Thor ဟာ သူ့ရဲ့အစွမ်းတွေကို ယခင်ကနဲ့မတူတဲ့ ပုံစံတွေနဲ့ အသုံးပြုသွားတာကိုလည်း မြင်တွေ့လိုက်ရပါသေးတယ်။

Love and Thunder အတွက် တရားဝင် ထွက်ရှိထားတဲ့ footage တွေအရ Thor နဲ့ Gorr တို့ဟာ အနည်းဆုံး နှစ်ကြိမ် ရင်ဆိုင်ရမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ Thor ဟာ Gorr နဲ့ ပထမတစ်ကြိမ် ရင်ဆိုင်ပြီးနောက် Zeus ဆီကို သွားရောက်ကာ နတ်ဘုရားတွေကို လိုက်လံသတ်ဖြတ်နေတဲ့ Gorr ရဲ့အန္တရာယ်ကို သွားသတိပေးလောက်ပါတယ်။ အဲဒီနောက်မှာတော့ Thor နဲ့ Gorr တို့ ထပ်မံရင်ဆိုင်တွေ့ကြပါလိမ့်မယ်။

သို့သော်လည်း ထွေလာထဲမှာ ပြသသွားပုံအရ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲဟာ ဘယ်အချိန်မှာ ဖြစ်ပျက်မှာလည်းဆိုတာကိုတော့ ခန့်မှန်းရခက်ပါတယ်။ ဒါ့အပြင် ထွေလာထဲက တချို့ဇာတ်ဝင်ခန်းတွေဟာလည်း MCU ရဲ့ထုံးစံအတိုင်း ပရိသတ်တွေကို လှည့်စားထားတာတွေ ပါဝင်နေနိုင်ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Gorr ဟာ Thor ရင်ဆိုင်ခဲ့ဖူးတဲ့ အင်အားကြီး ဗီလိန်တွေထဲမှာ ပါဝင်နေတာကြောင့် သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ တကယ် စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေမယ်ဆိုတာ အသေအချာပါပဲ။ Thor: Love and Thunder ကတော့ လာမယ့် ဇူလိုင်လ(၇)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular