HomeCelebs Update NewsInternationalအယ္လ္ဘမ္သစ္မထြက္ခင္ လက္ထပ္ေတာ့မယ္ဆိုတဲ့ Nicki Minaj

အယ္လ္ဘမ္သစ္မထြက္ခင္ လက္ထပ္ေတာ့မယ္ဆိုတဲ့ Nicki Minaj

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Nicki Minaj တစ္ေယာက္ကေတာ့ မၾကာခင္မွာပဲ လက္ထပ္ေတာ့မယ္ဆိုတဲ့အေၾကာင္းေတြကို ေဖာက္သည္ခ်လိုက္ပါတယ္။ အသက္(၃၆)ႏွစ္အရြယ္ရိွ ရက္ပ္ပါ Nicki Minaj ဟာ ၾသဂုတ္လ(၁၂)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Queen Radio episode (12) မွာ Kenneth Petty နဲ႔ လက္ထပ္မယ့္အေၾကာင္းေတြကို ေျပာျပသြားခဲ့တာ ျဖစ္ပါတယ္။

https://www.instagram.com/p/BzQVkFAn_tb/

Apple Music radio show မွာ TS Madison နဲ႔ အစီအစဥ္အေၾကာင္းေတြ ေျပာေနရင္း ဘယ္အခ်ိန္မွာ လက္ထပ္ပြဲလုပ္မယ္ဆိုတဲ့ အေၾကာင္းေတြကို ေျပာျပသြားတာပါ။ လက္မထပ္ရေသးခင္မွာေတာ့ ခိုးေျပးမွာ မဟုတ္တဲ့အေၾကာင္းလည္း ေျပာသြားပါေသးတယ္။ “ကၽြန္မတို႔ လက္ထပ္ဖို႔ စာရြက္စာတမ္းေတြ ျပင္ဆင္ၿပီး ေလွ်ာက္ထားခဲ့ေပမယ့္ အဲ့ဒီ့အခ်ိန္က ခရီးသြားတာနဲ႔ တိုးေနေတာ့ စာရြက္စာတမ္းေတြကို အစကေန ျပန္လုပ္လိုက္ရပါတယ္။ ထိမ္းျမားခြင့္ ေလွ်ာက္ထားၿပီးေနာက္ ရက္(၉၀)အတြင္းမွာ တရား၀င္ လက္ထပ္ရပါတယ္။ အခု ေလွ်ာက္ၿပီးတာ တစ္ပတ္ေလာက္ ရိွၿပီဆိုေတာ့ ကၽြန္မမွာ ေနာက္ရက္ေပါင္း(၈၀)ေက်ာ္ေလာက္ ရိွေသးတာေပါ့” လို႔ ေျပာသြားပါတယ္။

https://www.instagram.com/p/BzOADg_nMr4/

ယခုရက္ပိုင္းေတြအတြင္းမွာ သူမရဲ႕ ဂီတအလုပ္ေတြက တကယ္ အာရုံစိုက္စရာေတြ မ်ားေနတာေၾကာင့္ ပထမဆုံးလုပ္မယ့္ မဂၤလာပြဲကေတာ့ ခပ္ေသးေသးပဲျဖစ္မယ္လို႔ ေျပာပါတယ္။ “အယ္လ္ဘမ္အသစ္ထြက္ဖို႔ လုပ္ေနတာေၾကာင့္ အဲ့ဒီ့ေပၚမွာပဲ တအားအာရုံစိုက္ထားရတယ္။ အဲ့ဒါေၾကာင့္ အခုေတာ့ မဂၤလာပြဲကို အႀကီးအက်ယ္ေတြ မလုပ္ႏိုင္ေသးပါဘူး။ ေနာက္မွပဲ ေသေသခ်ာခ်ာေလး ပြဲအႀကီး လုပ္ျဖစ္မယ္။ ကၽြန္မရဲ႕ အယ္လ္ဘမ္အသစ္ မထြက္လာေသးခင္မွာ လက္ထပ္ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ တကယ့္ မဂၤလာပြဲအႀကီးကေတာ့ အယ္လ္ဘမ္ထြက္ၿပီးမွပဲ လုပ္မွာပါ။ ရက္(၉၀) မကုန္ေသးခင္ လက္ထပ္မွာပါ။ ကၽြန္မကေလးေလးက ကၽြန္မကိုေပ်ာ္ရႊင္ရေအာင္ လုပ္ေပးႏိုင္တာေၾကာင့္ လက္ထပ္ဖို႔ကိုလည္း အရမ္းေပ်ာ္ေနပါတယ္” လို႔ ေျပာထားပါတယ္။

https://www.instagram.com/p/B0W1CmjHhR0/

ဒါ့အျပင္ သူမရဲ႕ ခင္ပြန္းေလာင္း Kenneth Petty နဲ႔ ပတ္သက္လို႔လည္း ေျပာျပထားတာ ရိွပါေသးတယ္။ “သူက လမ္းေဘးစရိုက္ ဆန္တယ္။ အဲ့ဒါေၾကာင့္ လူေတြက သူ႔ကို အလိုလိုေနရင္း အရိုင္းအစိုင္းတစ္ေယာက္လို႔ ထင္ၾကတယ္။ သူက ရိုင္းတာ မဟုတ္ပါဘူး။ ရွင္တို႔ေတြ ကစားေနက် ကစားပြဲေတြနဲ႔ အသားမက်တာပါ”လို႔ ဆိုပါတယ္။

Nicki လက္ထပ္ေတာ့မယ့္ Kenneth Petty ဆိုတာကေတာ့ အာဖရိကန္လူမ်ိဳး အေမရိကန္တစ္ေယာက္ျဖစ္ၿပီး အသက္(၄၀)၀န္းက်င္ ရိွပါၿပီ။ သူဟာ လိင္အၾကမ္းဖက္ ေစာ္ကားမႈ၊ လူသတ္မႈေတြနဲ႔ ျပစ္မႈမွတ္တမ္း ရိွခဲ့ဖူးသူလည္း ျဖစ္ပါတယ္။ သို႔ေပမယ့္ အခု Nicki နဲ႔ အခ်စ္ေရးမွာေတာ့ အတည္ျဖစ္ေၾကာင္း သိရပါတယ္။

Xei

Ref: hollywoodlife, gossipgist

 (Unicode Version)

Nicki Minaj တစ်ယောက်ကတော့ မကြာခင်မှာပဲ လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းတွေကို ဖောက်သည်ချလိုက်ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိ ရက်ပ်ပါ Nicki Minaj ဟာ သြဂုတ်လ(၁၂)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Queen Radio episode (12) မှာ Kenneth Petty နဲ့ လက်ထပ်မယ့်အကြောင်းတွေကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

https://www.instagram.com/p/BzQVkFAn_tb/

Apple Music radio show မှာ TS Madison နဲ့ အစီအစဉ်အကြောင်းတွေ ပြောနေရင်း ဘယ်အချိန်မှာ လက်ထပ်ပွဲလုပ်မယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားတာပါ။ လက်မထပ်ရသေးခင်မှာတော့ ခိုးပြေးမှာ မဟုတ်တဲ့အကြောင်းလည်း ပြောသွားပါသေးတယ်။ “ကျွန်မတို့ လက်ထပ်ဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်ပြီး လျှောက်ထားခဲ့ပေမယ့် အဲ့ဒီ့အချိန်က ခရီးသွားတာနဲ့ တိုးနေတော့ စာရွက်စာတမ်းတွေကို အစကနေ ပြန်လုပ်လိုက်ရပါတယ်။ ထိမ်းမြားခွင့် လျှောက်ထားပြီးနောက် ရက်(၉၀)အတွင်းမှာ တရားဝင် လက်ထပ်ရပါတယ်။ အခု လျှောက်ပြီးတာ တစ်ပတ်လောက် ရှိပြီဆိုတော့ ကျွန်မမှာ နောက်ရက်ပေါင်း(၈၀)ကျော်လောက် ရှိသေးတာပေါ့” လို့ ပြောသွားပါတယ်။

https://www.instagram.com/p/BzOADg_nMr4/

ယခုရက်ပိုင်းတွေအတွင်းမှာ သူမရဲ့ ဂီတအလုပ်တွေက တကယ် အာရုံစိုက်စရာတွေ များနေတာကြောင့် ပထမဆုံးလုပ်မယ့် မင်္ဂလာပွဲကတော့ ခပ်သေးသေးပဲဖြစ်မယ်လို့ ပြောပါတယ်။ “အယ်လ်ဘမ်အသစ်ထွက်ဖို့ လုပ်နေတာကြောင့် အဲ့ဒီ့ပေါ်မှာပဲ တအားအာရုံစိုက်ထားရတယ်။ အဲ့ဒါကြောင့် အခုတော့ မင်္ဂလာပွဲကို အကြီးအကျယ်တွေ မလုပ်နိုင်သေးပါဘူး။ နောက်မှပဲ သေသေချာချာလေး ပွဲအကြီး လုပ်ဖြစ်မယ်။ ကျွန်မရဲ့ အယ်လ်ဘမ်အသစ် မထွက်လာသေးခင်မှာ လက်ထပ်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တကယ့် မင်္ဂလာပွဲအကြီးကတော့ အယ်လ်ဘမ်ထွက်ပြီးမှပဲ လုပ်မှာပါ။ ရက်(၉၀) မကုန်သေးခင် လက်ထပ်မှာပါ။ ကျွန်မကလေးလေးက ကျွန်မကိုပျော်ရွှင်ရအောင် လုပ်ပေးနိုင်တာကြောင့် လက်ထပ်ဖို့ကိုလည်း အရမ်းပျော်နေပါတယ်” လို့ ပြောထားပါတယ်။

https://www.instagram.com/p/B0W1CmjHhR0/

ဒါ့အပြင် သူမရဲ့ ခင်ပွန်းလောင်း Kenneth Petty နဲ့ ပတ်သက်လို့လည်း ပြောပြထားတာ ရှိပါသေးတယ်။ “သူက လမ်းဘေးစရိုက် ဆန်တယ်။ အဲ့ဒါကြောင့် လူတွေက သူ့ကို အလိုလိုနေရင်း အရိုင်းအစိုင်းတစ်ယောက်လို့ ထင်ကြတယ်။ သူက ရိုင်းတာ မဟုတ်ပါဘူး။ ရှင်တို့တွေ ကစားနေကျ ကစားပွဲတွေနဲ့ အသားမကျတာပါ”လို့ ဆိုပါတယ်။

Nicki လက်ထပ်တော့မယ့် Kenneth Petty ဆိုတာကတော့ အာဖရိကန်လူမျိုး အမေရိကန်တစ်ယောက်ဖြစ်ပြီး အသက်(၄၀)ဝန်းကျင် ရှိပါပြီ။ သူဟာ လိင်အကြမ်းဖက် စော်ကားမှု၊ လူသတ်မှုတွေနဲ့ ပြစ်မှုမှတ်တမ်း ရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ သို့ပေမယ့် အခု Nicki နဲ့ အချစ်ရေးမှာတော့ အတည်ဖြစ်ကြောင်း သိရပါတယ်။

Xei

Ref: hollywoodlife, gossipgist

RELATED ARTICLES

Most Popular