HomeCelebs Update NewsInternationalတစ်ခါက Tom Cruise နဲ့ ပျော်ရွှင်ခဲ့ဖူးတဲ့ အိမ်ထောင်ရေးအကြောင်း ပြောပြလာတဲ့ Nicole Kidman 

တစ်ခါက Tom Cruise နဲ့ ပျော်ရွှင်ခဲ့ဖူးတဲ့ အိမ်ထောင်ရေးအကြောင်း ပြောပြလာတဲ့ Nicole Kidman 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချော Nicole Kidman ဟာ ခင်ပွန်းဟောင်း Tom Cruise နဲ့ လမ်းခွဲပြတ်စဲခဲ့တာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိပြီဖြစ်ပေမယ့် အတူတွဲသရုပ်ဆောင်ခဲ့ချိန်ကစလို့ လက်ထပ်ပြီးတဲ့အထိ ပျော်ရွှင်ခဲ့တဲ့အကြောင်း ပြန်ပြောင်း ပြောပြလာပါတယ်။

Nicole နဲ့ Tom တို့ဟာ မကွာရှင်းခင် နှစ်နှစ်အလိုမှာ Eyes Wide Shut ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ နောက်ဆုံးအဖြစ် အတူတွဲ သရုပ်ဆောင်ခဲ့ကြပါတယ်။ အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်းအကြောင်းအရာနဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ အရာအားလုံးကို စွန့်လွှတ်ပစ်ဖို့ အသင့်ရှိနေတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ The New York Times သတင်းစာနဲ့ အင်တာဗျူးမှာ Nicole က သူမရဲ့အဲ့ဒီ့အချိန်က အိမ်ထောင်ရေး အခြေအနေကိုပါ ပြန်လည် ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

“ဒီဇာတ်ကားကြောင့် ကျွန်မတို့ လမ်းခွဲရတယ်လို့တော့ မမြင်ဘူး။ ဒီဇာတ်ကားကို သရုပ်ဆောင်ပြီးတဲ့အထိ ကျွန်မတို့ ပျော်ရွှင်နေခဲ့တာပဲ။ အဲ့ဒီ့ကားထဲက ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်လို့ပြီးရင် ကျွန်မတို့ တိုက်ကားပြိုင်နေကျ။ နေရာတစ်ခုလုံးကို ငှားပြီး မနက်သုံးနာရီလောက်ကြီး ကျွန်မတို့နှစ်ယောက် တိုက်ကားပြိုင်ခဲ့ကြတာ။ တစ်ခြားဘာပြောရမှန်းတော့ မသိဘူး။ ကျွန်မအနေနဲ့ အတိတ်ကို ပြန်ကြည့်ပြီး အဖြေရှာနိုင်စွမ်း မရှိတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါမှမဟုတ် ကျွန်မရဲ့သိစိတ်ကိုက အဖြေမရှာချင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ …” လို့ Tom Cruise နဲ့ ကွာရှင်းဖို့ နှစ်အနည်းငယ်အလို Eyes Wide Shut ဇာတ်ကား ရိုက်ကူးရေးကာလက အိမ်ထောင်ရေး အခြေအနေကို Nicole က ပြောပြခဲ့ပါတယ်။

Photo via IMDb

အဆိုပါ Eyes Wide Shut ဇာတ်ကား ရိုက်ကူးနေတုန်းက ပျော်ရွှင်နေခဲ့တဲ့ ဇနီးမောင်နှံဟာ ဇာတ်ကားထွက်ရှိလာပြီး နှစ်နှစ်တောင် မပြည့်တဲ့ကာလမှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ပြီး ကွာရှင်းခဲ့ကြပါတယ်။ ၁၉၉၀ခုနှစ်က လက်ထပ်ခဲ့ကြတဲ့ သူတို့ဇနီးမောင်နှံဟာ အိမ်ထောင်သက် ဆယ့်တစ်နှစ်ပြည့်ကာနီး ၂၀၀၁ခုနှစ်မှာပဲ ကျောခိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ Nicole နဲ့ Tom တို့မှာ သားသမီးအရင်းအချာ မထွန်းကားခဲ့ပေမယ့် Isabella နဲ့ Connor ဆိုတဲ့ ကလေးနှစ်ယောက်ကို မွေးစားခဲ့ကြပါတယ်။ ကွာရှင်းပြီးနောက်မှာလည်း ကလေးနှစ်ယောက်လုံးကို ပူးတွဲအုပ်ထိန်းခဲ့ကြပေမယ့် ကလေးနှစ်ယောက်လုံးဟာ ဖခင် Tom Cruise ဘက်ကိုသာ လိုက်နေကြဖို့ ရွေးချယ်ခဲ့ကြပါတယ်။

Photo: nicoldkidman/ Instagram

Nicole ဟာ Tom Cruise နဲ့ လမ်းခွဲပြီး ငါးနှစ်ခန့်အကြာ ၂၀၀၆ခုနှစ်မှာတော့ country အဆိုတော် Keith Urban နဲ့ ထပ်မံလက်ထပ်ခဲ့တာ ယနေ့အထိပဲ ဖြစ်ပါတယ်။ Keith Urband နဲ့ အိမ်ထောင်ရေးမှာတော့ ယနေ့အချိန်အထိ ပျော်ရွှင်အေးချမ်းစွာ ရှိနေဆဲဖြစ်ပြီး (၁၂)နှစ်အရွယ် Sunday နဲ့ (၉)နှစ်အရွယ် Faith ဆိုတဲ့ ကလေးနှစ်ယောက်ကို ထွန်းကားထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

မင္းသမီးေခ်ာ Nicole Kidman ဟာ ခင္ပြန္းေဟာင္း Tom Cruise နဲ႔ လမ္းခြဲျပတ္စဲခဲ့တာ ဆယ္စုႏွစ္ ႏွစ္ခုနီးပါး ရွိၿပီျဖစ္ေပမယ့္ အတူတြဲသ႐ုပ္ေဆာင္ခဲ့ခ်ိန္ကစလို႔ လက္ထပ္ၿပီးတဲ့အထိ ေပ်ာ္႐ႊင္ခဲ့တဲ့အေၾကာင္း ျပန္ေျပာင္း ေျပာျပလာပါတယ္။

Nicole နဲ႔ Tom တို႔ဟာ မကြာရွင္းခင္ ႏွစ္ႏွစ္အလိုမွာ Eyes Wide Shut ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာ ေနာက္ဆုံးအျဖစ္ အတူတြဲ သ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။ အဆိုပါ ဇာတ္ကားရဲ႕ ဇာတ္လမ္းအေၾကာင္းအရာနဲ႔ အိမ္ေထာင္ေရး ေဖာက္ျပန္မႈ၊ အရာအားလုံးကို စြန႔္လႊတ္ပစ္ဖို႔ အသင့္ရွိေနတဲ့ ဇာတ္ေကာင္စ႐ိုက္ေတြနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ The New York Times သတင္းစာနဲ႔ အင္တာဗ်ဴးမွာ Nicole က သူမရဲ႕အဲ့ဒီ့အခ်ိန္က အိမ္ေထာင္ေရး အေျခအေနကိုပါ ျပန္လည္ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

“ဒီဇာတ္ကားေၾကာင့္ ကြၽန္မတို႔ လမ္းခြဲရတယ္လို႔ေတာ့ မျမင္ဘူး။ ဒီဇာတ္ကားကို သ႐ုပ္ေဆာင္ၿပီးတဲ့အထိ ကြၽန္မတို႔ ေပ်ာ္႐ႊင္ေနခဲ့တာပဲ။ အဲ့ဒီ့ကားထဲက ဇာတ္ဝင္ခန္းေတြ သ႐ုပ္ေဆာင္လို႔ၿပီးရင္ ကြၽန္မတို႔ တိုက္ကားၿပိဳင္ေနက်။ ေနရာတစ္ခုလုံးကို ငွားၿပီး မနက္သုံးနာရီေလာက္ႀကီး ကြၽန္မတို႔ႏွစ္ေယာက္ တိုက္ကားၿပိဳင္ခဲ့ၾကတာ။ တစ္ျခားဘာေျပာရမွန္းေတာ့ မသိဘူး။ ကြၽန္မအေနနဲ႔ အတိတ္ကို ျပန္ၾကည့္ၿပီး အေျဖရွာႏိုင္စြမ္း မရွိတာလည္း ျဖစ္ေကာင္းျဖစ္မွာေပါ့။ ဒါမွမဟုတ္ ကြၽန္မရဲ႕သိစိတ္ကိုက အေျဖမရွာခ်င္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ …” လို႔ Tom Cruise နဲ႔ ကြာရွင္းဖို႔ ႏွစ္အနည္းငယ္အလို Eyes Wide Shut ဇာတ္ကား ႐ိုက္ကူးေရးကာလက အိမ္ေထာင္ေရး အေျခအေနကို Nicole က ေျပာျပခဲ့ပါတယ္။

Photo via IMDb

အဆိုပါ Eyes Wide Shut ဇာတ္ကား ႐ိုက္ကူးေနတုန္းက ေပ်ာ္႐ႊင္ေနခဲ့တဲ့ ဇနီးေမာင္ႏွံဟာ ဇာတ္ကားထြက္ရွိလာၿပီး ႏွစ္ႏွစ္ေတာင္ မျပည့္တဲ့ကာလမွာပဲ လမ္းခြဲဖို႔ ဆုံးျဖတ္ၿပီး ကြာရွင္းခဲ့ၾကပါတယ္။ ၁၉၉၀ခုႏွစ္က လက္ထပ္ခဲ့ၾကတဲ့ သူတို႔ဇနီးေမာင္ႏွံဟာ အိမ္ေထာင္သက္ ဆယ့္တစ္ႏွစ္ျပည့္ကာနီး ၂၀၀၁ခုႏွစ္မွာပဲ ေက်ာခိုင္းခဲ့ၾကတာ ျဖစ္ပါတယ္။ Nicole နဲ႔ Tom တို႔မွာ သားသမီးအရင္းအခ်ာ မထြန္းကားခဲ့ေပမယ့္ Isabella နဲ႔ Connor ဆိုတဲ့ ကေလးႏွစ္ေယာက္ကို ေမြးစားခဲ့ၾကပါတယ္။ ကြာရွင္းၿပီးေနာက္မွာလည္း ကေလးႏွစ္ေယာက္လုံးကို ပူးတြဲအုပ္ထိန္းခဲ့ၾကေပမယ့္ ကေလးႏွစ္ေယာက္လုံးဟာ ဖခင္ Tom Cruise ဘက္ကိုသာ လိုက္ေနၾကဖို႔ ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။

Photo: nicoldkidman/ Instagram

Nicole ဟာ Tom Cruise နဲ႔ လမ္းခြဲၿပီး ငါးႏွစ္ခန႔္အၾကာ ၂၀၀၆ခုႏွစ္မွာေတာ့ country အဆိုေတာ္ Keith Urban နဲ႔ ထပ္မံလက္ထပ္ခဲ့တာ ယေန႔အထိပဲ ျဖစ္ပါတယ္။ Keith Urband နဲ႔ အိမ္ေထာင္ေရးမွာေတာ့ ယေန႔အခ်ိန္အထိ ေပ်ာ္႐ႊင္ေအးခ်မ္းစြာ ရွိေနဆဲျဖစ္ၿပီး (၁၂)ႏွစ္အ႐ြယ္ Sunday နဲ႔ (၉)ႏွစ္အ႐ြယ္ Faith ဆိုတဲ့ ကေလးႏွစ္ေယာက္ကို ထြန္းကားထားပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular