HomeCharacterBatman ရဲ့ မွေးစားသား ဖြစ်တဲ့ Nightwing အကြောင်း စိတ်ဝင်စားစရာများ

Batman ရဲ့ မွေးစားသား ဖြစ်တဲ့ Nightwing အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dick Grayson ဟာ Robin အဖြစ်နဲ့ ၁၉၄၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ detective comics #38 မှာ စတင် ပါဝင်ခဲ့ပြီးတော့ ၁၉၈၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ tales of the teen titans #44 မှာတော့ ပထမဆုံးအကြိမ် Nightwing အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ သူဟာ Robin အဖြစ်နဲ့ စတင် ပါလာခဲ့ပေမယ့် တော်တော်များများကတော့ သူ့ကို Robin ထက် Nightwing ပုံစံကို ပိုပြီး သဘောကျ နှစ်သက် ကြပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ ပရိသတ်တွေအတွက် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

စွန့်စားရတာကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါ။
photo via cbr

တော်ရုံ စွန့်စားချင်တဲ့သူတွေ အတွက်ကတော့ ကိုယ့်အသက်ကို ပဓာန မထားဘဲ မှုခင်းတွေကို လိုက်လံနှိမ်နင်းရတာက တော်တော်လေးကို လုံလောက်နေပါပြီ။ ဒါပေမဲ့လည်း Dick Grayson အတွက်ကတော့ အဲ့လောက်နဲ့ မလုံလောက်သေးဘဲ အမြဲတမ်း စွန့်စားနေရတာကို သဘောကျသူ တစ်ဦး ဖြစ်ပါတယ်။ Nightwing issues #140 ကနေ #146 လောက်အထိမှာ သူက လေထီးခုန်ရတာကို ကြိုက်နှစ်သက်ပြီး စွဲလမ်းသွားခဲ့ပါတယ်။

သာမန် လေယာဉ်ပေါ်ကနေ လေထီးဝတ်ပြီး ခုန်ချရုံမဟုတ်ဘဲနဲ့ ဂင်းနစ်စံချိန် တင်နိုင်လောက်တဲ့အထိမြင့်တဲ့ အမြင့်ကနေကို ခုန်ချခဲ့ပါတယ်။ သူခုန်ချတဲ့ အမြင့်ဟာ အရမ်းကို မြင့်လွန်းတာကြောင့် ခုန်ချတဲ့အချိန်မှာ အောက်စီဂျင် မျက်နှာဖုံးနဲ့ အကာအကွယ် ဝတ်စုံတွေကို ဝတ်ပြီးမှ ခုန်ချရပါတယ်။ အခုလိုမျိုး သူ့ရဲ့ဝါသနာအသစ်ကို သူ့ရဲ့မိသားစုတွေက မကြိုက်ကြပေမယ့်လည်း သူဟာ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ရဲ့ဝါသနာကို ဆက်ပြီး လုပ်နေခဲ့ပါတယ်။

သူဟာ မော်ဒယ် တစ်ယောက်အဖြစ်လည်း လုပ်ခဲ့ဖူးပါသေးတယ်။
photo via cbr

Infinite Crisis အဖြစ်အပျက်တွေ ပြီးသွားတဲ့နောက်မှာတော့ သူဟာ စိတ်သစ်လူသစ်နဲ့ နေဖို့အတွက် နယူးယော့ခ်မြို့ကို ပြောင်းလာခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဖက်ရှင် ဒီဇိုင်းနာ တစ်ယောက်ဖြစ်တဲ့ Cheyenne နဲ့ တွဲမိသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ သူဟာ အဲ့ဒီကောင်မလေးရဲ့ ရုံးခန်းကို သွားပြီးလည်တဲ့အခါမှာ ဓာတ်ပုံ ရိုက်ကွင်းနဲ့ သွားပြီး တိုးမိပါတယ်။

အဲ့ဒီအချိန်မှာ ဓာတ်ပုံဆရာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဖက်ရှင် မော်ဒယ် တစ်ယောက် ဖြစ်ဖို့အတွက် လုံးဝကို ပြည့်စုံတယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အဲ့ဒီအချိန်က စပြီး ဖက်ရှင် မော်ဒယ် တစ်ယောက် လုပ်ခဲ့ပါတယ်။ Nightwing issue #120 မှာ ဆိုရင် ဖက်ရှင်ရှိုးပွဲမှာတောင် မော်ဒယ် တစ်ယောက်အနေနဲ့ လျှောက်ခဲ့ပါသေးတယ်။

DEATHSTROKE ရဲ့ သမီးကိုလည်း သင်ကြားပေးခဲ့ဖူးပါတယ်။
photo via cbr

သူဟာ Titan အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီးတော့ The Outsiders အဖွဲ့တို့မှာ ပါဝင်ခဲ့ဖူးတာကြောင့် နောက်ထပ် မျိုးဆက်သစ်တွေကို ဘယ်လိုမျိုး သင်ပြရမလဲဆိုတာကို ကောင်းကောင်း နားလည်ပါတယ်။ သူသင်ပေးခဲ့တဲ့ထဲက Rose ဆိုတဲ့ တစ်ယောက်ကတော့ အကုန်လုံးထဲမှာ အထူးခြားဆုံး ဖြစ်ပြီးတော့ သူ့ရဲ့ပြိုင်ဘက်ရဲ့ သမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

Deathstroke ဟာ သားသမီးကံ မကောင်းတဲ့သူ တစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့သားနှစ်ယောက်လုံး သေသွားတဲ့အချိန်မှာ Dick Grayson နဲ့အတူရှိနေတဲ့ သူ့ရဲ့သမီး Rose ကို လိုက်ရှာဖွေပါတော့တယ်။ ဒါပေမဲ့လည်း Dick Grayson ဟာ ဒီအတိုင်းလေး ပေးလိုက်မှာ မဟုတ်တာကို သိနေတာကြောင့် သူ့ရဲ့သမီးကိုပဲ ဖြောင်းဖျပြောဆိုဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့သမီးသာ Dick Grayson နဲ့အတူ ဆက်ပြီး ရှိနေမယ်ဆိုရင် ပြဿနာတွေရဲ့ကြားထဲမှာ ညပ်သွားပြီး သေရလိမ့်မယ်ဆိုပြီးတော့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒါတွေကြောင့်ပဲ သူတို့နှစ်ယောက်ဟာ အရင်ကထက်ပိုပြီး အခြေအနေတွေက တင်းမာလာခဲ့ပါတယ်။

Robin အဖြစ်ကနေ ခဏ အနားယူခဲ့ဖူးပါတယ်။
photo via cbr

၁၉၆၀ ခုနှစ်နှောင်းပိုင်းတွေမှာ Batman comic တွေဟာ အနည်းငယ် ဒရာမာဆန်တဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေထဲက တစ်ခုဟာ Dick Grayson ရဲ့ Robin အဖြစ်ကနေ အနားယူခဲ့တဲ့ အဖြစ်အပျက်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ဂေါ့သမ်မြို့ရဲ့ အထက်ကျောင်းကနေ အောင်မြင်သွားပြီးတော့ Hudson တက္ကသိုလ်ဟာ သူ့ရဲ့လျှောက်လွှာကို လက်ခံခဲ့တာကြောင့် ဂေါ့သမ်မြို့ကနေ ထွက်ခွာသွားခဲ့ပါတယ်။

အဲ့ဒီတက္ကသိုလ်ဟာ Dr. Martin Stein (Firestorm) ၊ Caitlin Snow (Killer Frost) တို့လို သိပ္ပံပညာရှင်တွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ သူထွက်ခွာသွားတဲ့အချိန်မှာ Batman comic တွေကတော့ ဆက်လက်ထွက်နေပြီးတော့ သူကတော့ မပါဝင်တော့ဘဲ Robin နေရာကနေ ခဏလောက် အနားယူခဲ့ပါတယ်။

Nightwing ဟာ Kryptonian ဟီးရိုး တစ်ယောက်ပါ။
photo via cbr

ခေါင်းစဉ်ကို ဖတ်ပြီး မအံ့ဩသွားဘဲနဲ့ အဆုံးထိ ဆက်ဖတ်ကြည့်ပါဦး။ Dick Grayson ဟာ Tian အဖွဲ့နဲ့ Batman တို့နဲ့အမြင်မတူမှုတွေကြောင့် ပြဿနာတွေ တက်ခဲ့ပြီးတော့ စိတ်ဓာတ်ကျနေခဲ့ပါတယ်။ အဲ့ဒါတွေကြောင့် သူဟာ Batman ရဲ့ လောင်းရိပ်အောက်ကနေ ထွက်နိုင်အောင် Robin အဖြစ်ကနေ ရုန်းထွက်ပြီးတော့ သူဟာ တကယ်တော့ ဘာကို လိုချင်နေခဲ့တာလဲဆိုတာကို ရှာဖွေနေခဲ့ပါတယ်။

အဲ့နောက်မှာတော့ သူက Superman ဆီကနေ အကြံဉာဏ် တောင်းခဲ့ပါတယ်။ Superman က လူတွေအားလုံး အားကျရတဲ့ Kryptonian ဟီးရိုး တစ်ယောက် ဖြစ်တဲ့ Nightwing ဆိုတဲ့သူအကြောင်းကို ပြောပြခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Dick Grayson ဟာ Superman ပြောပြတဲ့ ဇာတ်လမ်းကို ကြိုက်သွားပြီးတော့ သူ့ကိုယ်သူ Nightwing ဆိုတဲ့ နာမည်ခံပြီးတော့ ဟီးရိုးတစ်ယောက် အဖြစ်နဲ့ ပြန်လာခဲ့ပါတယ်။

သူက Batman အဖြစ်နဲ့ နှစ်ခါတောင် မှုခင်းတွေကို တိုက်ဖျက်ခဲ့ဖူးပါတယ်။
photo via cbr

သူဟာ Batman ဖြစ်ခဲ့ဖူးပေမယ့် အဲ့လိုမျိုး Nightwing အဖြစ်ကို စွန့်လွှတ်ပြီး Batman လုပ်ရတာကို သဘောမကျပါဘူး။ Batman: Knightfall ဆိုတဲ့ comic မှာ Batman အဖြစ် လူစားဝင်ဖို့ ဖြစ်လာခဲ့ပြီးတော့ Dick Grayson က Batman ၊ Tim Drake က Robin အဖြစ်နဲ့ Azrael ကို ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ Bruce က ပြန်ရောက်လာခဲ့ပြီးတော့ Batman နေရာကို ပြန်ယူပြီးတော့ Dick Grayson ကတော့ Nightwing အဖြစ်နဲ့ ဆယ်စုနှစ် တစ်ခုလောက် ပြန်ပြီး နေခဲ့ရပါတယ်။

ဒါပေမဲ့လည်း Final Crisis ဖြစ်လာတဲ့အချိန်မှာတော့ Dick Grayson ဟာ နောက်ထပ်တစ်ကြိမ် Batman နေရာကို ယူခဲ့ရပြီးတော့ Damian Wayne ကတော့ Robin အဖြစ်နဲ့ နှစ်ယောက်ပေါင်းပြီး ပြဿနာတွေကို အတတ်နိုင်ဆုံး ဖြေရှင်းခဲ့ကြပါတယ်။ Bruce ဟာ နောက်တစ်ကြိမ် ပြန်ပေါ်လာပေမယ့် Justice League နဲ့ပဲ အလုပ်တွေ ရှုပ်နေတာကြောင့် Dick Grayson ဟာ ဂေါ့သမ်မြို့ရဲ့ Batman အဖြစ်နဲ့ လအတော်ကြာ နေခဲ့ရပါသေးတယ်။ အဲ့နောက်မှာမှ Flashpoint ဖြစ်ပေါ်လာပြီးတော့ DC Universe တစ်ခုလုံးရဲ့ timeline ဟာ အစက ပြန်ပြီးစခဲ့ပါတယ်။

ရဲတပ်ဖွဲ့ထဲကိုလည်း ဝင်ခဲ့ဖူးပါသေးတယ်။
photo via cbr

သူဟာ ဒီအတိုင်းကြီး ဟီးရိုးလုပ်နေရတာကို အားမရတာကြောင့် မြို့ကို ၂၄ နာရီလုံး ကာကွယ် စောင့်ရှောက်ဖို့အတွက် Bludhaven မြို့ရဲ့ ရဲတပ်ဖွဲ့ထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Bruce ဟာ မလုပ်ဖို့အတွက် တားဆီးခဲ့ပေမယ့်လည်း သူဟာ အဲ့ဒီမြို့ရဲ့ ရဲတပ်ဖွဲ့ထဲကို ဝင်ဖို့အတွက် လျှောက်ခဲ့ပါတယ်။ ရဲတစ်ယောက် ဖြစ်ဖို့အတွက် လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက သူ့အတွက် အခက်အခဲ မရှိပေမယ့်လည်း တစ်ခြားသူတွေရဲ့ သံသယဝင်ခြင်း မခံရအောင် လေ့ကျင့်ခန်းတွေကို ခက်ခဲသလို လုပ်ပြပြီး အောင်မှတ်ရရုံလေးနဲ့ ရဲတပ်ဖွဲ့ထဲကို ဝင်ခွင့်ရအောင် လုပ်ခဲ့ပါတယ်။

သူဟာ တရားဝင်ရဲ တစ်ယောက် ဖြစ်သွားပြီးချိန်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ သာမန်လူတစ်ယောက်လိုပဲ နေထိုင်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းတွေကို ဖုံးကွယ်ထားခဲ့ပါတယ်။ ဒီလိုတွေကြောင့်ပဲ Bruce နဲ့သူရဲ့ ကြားမှာ အမြင်မတူတာတွေ ဖြစ်လာပြီး ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထဲမှာ ခက်ခက်ခဲခဲ ဟန်ဆောင်ပြီး နေခဲ့ရတာက သူ့အတွက် ခက်ခဲခဲ့ပေမယ့်လည်း သူဟာ ရဲတစ်ယောက် အဖြစ် နေရတဲ့အချိန်တွေကို ကြိုက်နှစ်သက်ခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Dick Grayson ဟာ Robin အျဖစ္နဲ႔ ၁၉၄၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ detective comics #38 မွာ စတင္ ပါဝင္ခဲ့ၿပီးေတာ့ ၁၉၈၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ tales of the teen titans #44 မွာေတာ့ ပထမဆုံးအႀကိမ္ Nightwing အျဖစ္နဲ႔ ပါဝင္ခဲ့ပါတယ္။ သူဟာ Robin အျဖစ္နဲ႔ စတင္ ပါလာခဲ့ေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႔ကို Robin ထက္ Nightwing ပုံစံကို ပိုၿပီး သေဘာက် ႏွစ္သက္ ၾကပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ ပရိသတ္ေတြအတြက္ သိသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

စြန႔္စားရတာကို ႀကိဳက္ႏွစ္သက္သူ တစ္ေယာက္ပါ။
photo via cbr

ေတာ္႐ုံ စြန႔္စားခ်င္တဲ့သူေတြ အတြက္ကေတာ့ ကိုယ့္အသက္ကို ပဓာန မထားဘဲ မႈခင္းေတြကို လိုက္လံႏွိမ္နင္းရတာက ေတာ္ေတာ္ေလးကို လုံေလာက္ေနပါၿပီ။ ဒါေပမဲ့လည္း Dick Grayson အတြက္ကေတာ့ အဲ့ေလာက္နဲ႔ မလုံေလာက္ေသးဘဲ အၿမဲတမ္း စြန႔္စားေနရတာကို သေဘာက်သူ တစ္ဦး ျဖစ္ပါတယ္။ Nightwing issues #140 ကေန #146 ေလာက္အထိမွာ သူက ေလထီးခုန္ရတာကို ႀကိဳက္ႏွစ္သက္ၿပီး စြဲလမ္းသြားခဲ့ပါတယ္။

သာမန္ ေလယာဥ္ေပၚကေန ေလထီးဝတ္ၿပီး ခုန္ခ်႐ုံမဟုတ္ဘဲနဲ႔ ဂင္းနစ္စံခ်ိန္ တင္ႏိုင္ေလာက္တဲ့အထိျမင့္တဲ့ အျမင့္ကေနကို ခုန္ခ်ခဲ့ပါတယ္။ သူခုန္ခ်တဲ့ အျမင့္ဟာ အရမ္းကို ျမင့္လြန္းတာေၾကာင့္ ခုန္ခ်တဲ့အခ်ိန္မွာ ေအာက္စီဂ်င္ မ်က္ႏွာဖုံးနဲ႔ အကာအကြယ္ ဝတ္စုံေတြကို ဝတ္ၿပီးမွ ခုန္ခ်ရပါတယ္။ အခုလိုမ်ိဳး သူ႔ရဲ႕ဝါသနာအသစ္ကို သူ႔ရဲ႕မိသားစုေတြက မႀကိဳက္ၾကေပမယ့္လည္း သူဟာ ဘာကိုမွ ဂ႐ုမစိုက္ဘဲ သူ႔ရဲ႕ဝါသနာကို ဆက္ၿပီး လုပ္ေနခဲ့ပါတယ္။

သူဟာ ေမာ္ဒယ္ တစ္ေယာက္အျဖစ္လည္း လုပ္ခဲ့ဖူးပါေသးတယ္။
photo via cbr

Infinite Crisis အျဖစ္အပ်က္ေတြ ၿပီးသြားတဲ့ေနာက္မွာေတာ့ သူဟာ စိတ္သစ္လူသစ္နဲ႔ ေနဖို႔အတြက္ နယူးေယာ့ခ္ၿမိဳ႕ကို ေျပာင္းလာခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ ဖက္ရွင္ ဒီဇိုင္းနာ တစ္ေယာက္ျဖစ္တဲ့ Cheyenne နဲ႔ တြဲမိသြားခဲ့ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ အဲ့ဒီေကာင္မေလးရဲ႕ ႐ုံးခန္းကို သြားၿပီးလည္တဲ့အခါမွာ ဓာတ္ပုံ ႐ိုက္ကြင္းနဲ႔ သြားၿပီး တိုးမိပါတယ္။

အဲ့ဒီအခ်ိန္မွာ ဓာတ္ပုံဆရာက သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဖက္ရွင္ ေမာ္ဒယ္ တစ္ေယာက္ ျဖစ္ဖို႔အတြက္ လုံးဝကို ျပည့္စုံတယ္လို႔ ေျပာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီအခ်ိန္က စၿပီး ဖက္ရွင္ ေမာ္ဒယ္ တစ္ေယာက္ လုပ္ခဲ့ပါတယ္။ Nightwing issue #120 မွာ ဆိုရင္ ဖက္ရွင္ရႈိးပြဲမွာေတာင္ ေမာ္ဒယ္ တစ္ေယာက္အေနနဲ႔ ေလွ်ာက္ခဲ့ပါေသးတယ္။

DEATHSTROKE ရဲ႕ သမီးကိုလည္း သင္ၾကားေပးခဲ့ဖူးပါတယ္။
photo via cbr

သူဟာ Titan အဖြဲ႕ရဲ႕ ေခါင္းေဆာင္ တစ္ေယာက္ ျဖစ္ၿပီးေတာ့ The Outsiders အဖြဲ႕တို႔မွာ ပါဝင္ခဲ့ဖူးတာေၾကာင့္ ေနာက္ထပ္ မ်ိဳးဆက္သစ္ေတြကို ဘယ္လိုမ်ိဳး သင္ျပရမလဲဆိုတာကို ေကာင္းေကာင္း နားလည္ပါတယ္။ သူသင္ေပးခဲ့တဲ့ထဲက Rose ဆိုတဲ့ တစ္ေယာက္ကေတာ့ အကုန္လုံးထဲမွာ အထူးျခားဆုံး ျဖစ္ၿပီးေတာ့ သူ႔ရဲ႕ၿပိဳင္ဘက္ရဲ႕ သမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။

Deathstroke ဟာ သားသမီးကံ မေကာင္းတဲ့သူ တစ္ေယာက္ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕သားႏွစ္ေယာက္လုံး ေသသြားတဲ့အခ်ိန္မွာ Dick Grayson နဲ႔အတူရွိေနတဲ့ သူ႔ရဲ႕သမီး Rose ကို လိုက္ရွာေဖြပါေတာ့တယ္။ ဒါေပမဲ့လည္း Dick Grayson ဟာ ဒီအတိုင္းေလး ေပးလိုက္မွာ မဟုတ္တာကို သိေနတာေၾကာင့္ သူ႔ရဲ႕သမီးကိုပဲ ေျဖာင္းဖ်ေျပာဆိုဖို႔ ႀကိဳးစားပါေတာ့တယ္။ သူ႔ရဲ႕သမီးသာ Dick Grayson နဲ႔အတူ ဆက္ၿပီး ရွိေနမယ္ဆိုရင္ ျပႆနာေတြရဲ႕ၾကားထဲမွာ ညပ္သြားၿပီး ေသရလိမ့္မယ္ဆိုၿပီးေတာ့ ေျပာဆိုခဲ့ပါတယ္။ အဲ့ဒါေတြေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ အရင္ကထက္ပိုၿပီး အေျခအေနေတြက တင္းမာလာခဲ့ပါတယ္။

Robin အျဖစ္ကေန ခဏ အနားယူခဲ့ဖူးပါတယ္။
photo via cbr

၁၉၆၀ ခုႏွစ္ေႏွာင္းပိုင္းေတြမွာ Batman comic ေတြဟာ အနည္းငယ္ ဒရာမာဆန္တဲ့ အျဖစ္အပ်က္ေတြ ျဖစ္ခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေတြထဲက တစ္ခုဟာ Dick Grayson ရဲ႕ Robin အျဖစ္ကေန အနားယူခဲ့တဲ့ အျဖစ္အပ်က္လည္း ပါဝင္ခဲ့ပါတယ္။ သူဟာ ေဂါ့သမ္ၿမိဳ႕ရဲ႕ အထက္ေက်ာင္းကေန ေအာင္ျမင္သြားၿပီးေတာ့ Hudson တကၠသိုလ္ဟာ သူ႔ရဲ႕ေလွ်ာက္လႊာကို လက္ခံခဲ့တာေၾကာင့္ ေဂါ့သမ္ၿမိဳ႕ကေန ထြက္ခြာသြားခဲ့ပါတယ္။

အဲ့ဒီတကၠသိုလ္ဟာ Dr. Martin Stein (Firestorm) ၊ Caitlin Snow (Killer Frost) တို႔လို သိပၸံပညာရွင္ေတြကို ေမြးထုတ္ေပးႏိုင္ခဲ့တဲ့ တကၠသိုလ္ တစ္ခုျဖစ္ပါတယ္။ သူထြက္ခြာသြားတဲ့အခ်ိန္မွာ Batman comic ေတြကေတာ့ ဆက္လက္ထြက္ေနၿပီးေတာ့ သူကေတာ့ မပါဝင္ေတာ့ဘဲ Robin ေနရာကေန ခဏေလာက္ အနားယူခဲ့ပါတယ္။

Nightwing ဟာ Kryptonian ဟီး႐ိုး တစ္ေယာက္ပါ။
photo via cbr

ေခါင္းစဥ္ကို ဖတ္ၿပီး မအံ့ဩသြားဘဲနဲ႔ အဆုံးထိ ဆက္ဖတ္ၾကည့္ပါဦး။ Dick Grayson ဟာ Tian အဖြဲ႕နဲ႔ Batman တို႔နဲ႔အျမင္မတူမႈေတြေၾကာင့္ ျပႆနာေတြ တက္ခဲ့ၿပီးေတာ့ စိတ္ဓာတ္က်ေနခဲ့ပါတယ္။ အဲ့ဒါေတြေၾကာင့္ သူဟာ Batman ရဲ႕ ေလာင္းရိပ္ေအာက္ကေန ထြက္ႏိုင္ေအာင္ Robin အျဖစ္ကေန ႐ုန္းထြက္ၿပီးေတာ့ သူဟာ တကယ္ေတာ့ ဘာကို လိုခ်င္ေနခဲ့တာလဲဆိုတာကို ရွာေဖြေနခဲ့ပါတယ္။

အဲ့ေနာက္မွာေတာ့ သူက Superman ဆီကေန အႀကံဉာဏ္ ေတာင္းခဲ့ပါတယ္။ Superman က လူေတြအားလုံး အားက်ရတဲ့ Kryptonian ဟီး႐ိုး တစ္ေယာက္ ျဖစ္တဲ့ Nightwing ဆိုတဲ့သူအေၾကာင္းကို ေျပာျပခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Dick Grayson ဟာ Superman ေျပာျပတဲ့ ဇာတ္လမ္းကို ႀကိဳက္သြားၿပီးေတာ့ သူ႔ကိုယ္သူ Nightwing ဆိုတဲ့ နာမည္ခံၿပီးေတာ့ ဟီး႐ိုးတစ္ေယာက္ အျဖစ္နဲ႔ ျပန္လာခဲ့ပါတယ္။

သူက Batman အျဖစ္နဲ႔ ႏွစ္ခါေတာင္ မႈခင္းေတြကို တိုက္ဖ်က္ခဲ့ဖူးပါတယ္။
photo via cbr

သူဟာ Batman ျဖစ္ခဲ့ဖူးေပမယ့္ အဲ့လိုမ်ိဳး Nightwing အျဖစ္ကို စြန႔္လႊတ္ၿပီး Batman လုပ္ရတာကို သေဘာမက်ပါဘူး။ Batman: Knightfall ဆိုတဲ့ comic မွာ Batman အျဖစ္ လူစားဝင္ဖို႔ ျဖစ္လာခဲ့ၿပီးေတာ့ Dick Grayson က Batman ၊ Tim Drake က Robin အျဖစ္နဲ႔ Azrael ကို ရင္ဆိုင္ခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ Bruce က ျပန္ေရာက္လာခဲ့ၿပီးေတာ့ Batman ေနရာကို ျပန္ယူၿပီးေတာ့ Dick Grayson ကေတာ့ Nightwing အျဖစ္နဲ႔ ဆယ္စုႏွစ္ တစ္ခုေလာက္ ျပန္ၿပီး ေနခဲ့ရပါတယ္။

ဒါေပမဲ့လည္း Final Crisis ျဖစ္လာတဲ့အခ်ိန္မွာေတာ့ Dick Grayson ဟာ ေနာက္ထပ္တစ္ႀကိမ္ Batman ေနရာကို ယူခဲ့ရၿပီးေတာ့ Damian Wayne ကေတာ့ Robin အျဖစ္နဲ႔ ႏွစ္ေယာက္ေပါင္းၿပီး ျပႆနာေတြကို အတတ္ႏိုင္ဆုံး ေျဖရွင္းခဲ့ၾကပါတယ္။ Bruce ဟာ ေနာက္တစ္ႀကိမ္ ျပန္ေပၚလာေပမယ့္ Justice League နဲ႔ပဲ အလုပ္ေတြ ရႈပ္ေနတာေၾကာင့္ Dick Grayson ဟာ ေဂါ့သမ္ၿမိဳ႕ရဲ႕ Batman အျဖစ္နဲ႔ လအေတာ္ၾကာ ေနခဲ့ရပါေသးတယ္။ အဲ့ေနာက္မွာမွ Flashpoint ျဖစ္ေပၚလာၿပီးေတာ့ DC Universe တစ္ခုလုံးရဲ႕ timeline ဟာ အစက ျပန္ၿပီးစခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ထဲကိုလည္း ဝင္ခဲ့ဖူးပါေသးတယ္။
photo via cbr

သူဟာ ဒီအတိုင္းႀကီး ဟီး႐ိုးလုပ္ေနရတာကို အားမရတာေၾကာင့္ ၿမိဳ႕ကို ၂၄ နာရီလုံး ကာကြယ္ ေစာင့္ေရွာက္ဖို႔အတြက္ Bludhaven ၿမိဳ႕ရဲ႕ ရဲတပ္ဖြဲ႕ထဲကို ဝင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ Bruce ဟာ မလုပ္ဖို႔အတြက္ တားဆီးခဲ့ေပမယ့္လည္း သူဟာ အဲ့ဒီၿမိဳ႕ရဲ႕ ရဲတပ္ဖြဲ႕ထဲကို ဝင္ဖို႔အတြက္ ေလွ်ာက္ခဲ့ပါတယ္။ ရဲတစ္ေယာက္ ျဖစ္ဖို႔အတြက္ လုပ္ရတဲ့ ေလ့က်င့္ခန္းေတြက သူ႔အတြက္ အခက္အခဲ မရွိေပမယ့္လည္း တစ္ျခားသူေတြရဲ႕ သံသယဝင္ျခင္း မခံရေအာင္ ေလ့က်င့္ခန္းေတြကို ခက္ခဲသလို လုပ္ျပၿပီး ေအာင္မွတ္ရ႐ုံေလးနဲ႔ ရဲတပ္ဖြဲ႕ထဲကို ဝင္ခြင့္ရေအာင္ လုပ္ခဲ့ပါတယ္။

သူဟာ တရားဝင္ရဲ တစ္ေယာက္ ျဖစ္သြားၿပီးခ်ိန္မွာလည္း ရဲတပ္ဖြဲ႕ဝင္ေတြေရွ႕မွာ သာမန္လူတစ္ေယာက္လိုပဲ ေနထိုင္ၿပီး သူ႔ရဲ႕လုပ္ႏိုင္စြမ္းေတြကို ဖုံးကြယ္ထားခဲ့ပါတယ္။ ဒီလိုေတြေၾကာင့္ပဲ Bruce နဲ႔သူရဲ႕ ၾကားမွာ အျမင္မတူတာေတြ ျဖစ္လာၿပီး ျပႆနာေတြ ျဖစ္လာခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ထဲမွာ ခက္ခက္ခဲခဲ ဟန္ေဆာင္ၿပီး ေနခဲ့ရတာက သူ႔အတြက္ ခက္ခဲခဲ့ေပမယ့္လည္း သူဟာ ရဲတစ္ေယာက္ အျဖစ္ ေနရတဲ့အခ်ိန္ေတြကို ႀကိဳက္ႏွစ္သက္ခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular