HomeEntertainmentFilmဒေါ်လာ သုံးသန်းနီးပါးနဲ့ ရောင်းချလိုက်ရတဲ့ A Nightmare on Elm Street ထဲက အိမ်ကြီး

ဒေါ်လာ သုံးသန်းနီးပါးနဲ့ ရောင်းချလိုက်ရတဲ့ A Nightmare on Elm Street ထဲက အိမ်ကြီး

A Nightmare on Elm Street ဟာ နာမည်ကျော် Classic Horror ရုပ်ရှင်တစ်ကား ဖြစ်ပြီး ယခုအချိန်ထိ Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Original Franchise ထဲမှာ ပါဝင်ခဲ့တဲ့ အိမ်ကြီးကတော့ မကြာသေးခင်ကပဲ ဒေါ်လာ သုံးသန်းနီးပါးနဲ့ ရောင်းချလိုက်နိုင်တယ်လို့ သိရပါတယ်။ ဒီ Franchise ကတော့ ၁၉၈၀ ကျော်တုန်းက စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာလည်း Reboot ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။

photo via screenrant

အပေါ်မှာ ‌ဖော်ပြထားသလိုပဲ ဒီရုပ်ရှင်ဟာ Classic Horror ရုပ်ရှင်တစ်ကား ဖြစ်ပြီး Horror ပရိသတ်တွေကြားမှာလည်း Freddy Krueger ကို မသိသူ မရှိကြပါဘူး။ ဒါ့အပြင် နာမည်ကြီး မင်းသားတစ်လက် ဖြစ်တဲ့ Johnny Depp ဟာလည်း ဒီရုပ်ရှင်ကားနဲ့ ဟောလိဝုဒ် သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ Ohio ပြည်နယ်ထဲက စိတ်ကူးယဉ်မြို့တစ်ခုဖြစ်တဲ့ Springwood မှာ ဇာတ်အိမ်တည်ထားပေမယ့်လည်း ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ တကယ့်အိမ်ကြီးကတော့ Los Angeles မြို့မှာ တည်ရှိတာ ဖြစ်ပါတယ်။

Photo Credit: New Line Cinemas

Realtor.com ရဲ့ ဖော်ပြချက်အရ ဒီအိမ်ကြီးဟာ ဒေါ်လာ (၂.၉၈)သန်းနဲ့ ရောင်းထွက်သွားပြီလို့ သိရပါတယ်။ ဒီအိမ်ထဲမှာတော့ အိပ်ခန်းသုံးခန်းနဲ့ ရေချိုးခန်း လေးခန်း ပါဝင်ပြီး မူလကတော့ ဒါရိုက်တာ Lorene Scafaria က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီ Website ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ဒီအိမ်ကြီးဟာ သူ့အနီးအနား ပတ်ဝန်းကျင်က အိမ်ခြံမြေတွေထက် (၉၈)ရာခိုင်နှုန်း တန်ဖိုးမြင့်မားနေတယ်လို့ သိရပါတယ်။

photo via screenrant

တချို့ Horror ပရိသတ်တွေကတော့ ဒီရုပ်ရှင်တွေကို အလွန်ကြိုက်နှစ်သက်လွန်းတာကြောင့် ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ဝယ်ယူစုဆောင်းလေ့ရှိပါတယ်။ ပိုက်ဆံတတ်နိုင်သူတွေကတော့ ရိုက်ကွင်းပေါ်က ပစ္စည်းတွေကို လေလံဆွဲတာမျိူးတွေ ရှိသလို အဲ့ဒီရုပ်ရှင် ရိုက်ကူးခဲ့တဲ့ အိမ်တွေကိုလည်း ဝယ်ယူလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဒီအိမ်ကြီးဟာ အခုလောက်ထိ ဈေးကြီးနေတာ ဖြစ်ပြီး Horror ပရိသတ်တွေအတွက် ဆိုရင်တော့ ဒီအိမ်ကြီးဟာ Landmark တစ်ခုလို ဖြစ်နေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular