HomeEntertainmentFilmNo Way Home အပြီးမှာ MJ ဟာ Peter Parker ကို မှတ်မိနေနိုင်ပါသေးတယ်။

No Way Home အပြီးမှာ MJ ဟာ Peter Parker ကို မှတ်မိနေနိုင်ပါသေးတယ်။

Spider-Man: No Way Home ရဲ့ တရားဝင် ဇာတ်ညွှန်းထဲမှာတော့ ဒီဇာတ်လမ်းရဲ့ အဆုံးသတ်မှာ MJ ဟာ Peter Parker ကို မှတ်မိနေနိုင်ပါသေးတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

No Way Home ထွက်ရှိပြီး တစ်လကျော် အကြာမှာတော့ Marvel နဲ့ Sony စတူဒီယိုတို့ဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို အွန်လိုင်းပေါ်မှာ မျှဝေပေးခဲ့ပါတယ်။ အဲ့ဒီဇာတ်ညွှန်းကိုတော့ Chris McKenna နဲ့ Erik Sommers တို့က ပူးတွဲရေးသားထားတာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ Peter Parker ဟာ Spider-Man ဖြစ်နေကြောင်း တစ်ကမ္ဘာလုံးက သိရှိသွားအပြီးမှာတော့ Peter ဟာ သူ့ရဲ့ Secret Identity ကို ပြန်လည်ရရှိဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ Doctor Strange ဟာ Spell တစ်ခုကို အသုံးပြုခဲ့ပြီး Peter Parker က Spider-Man ဆိုတာကို လူတွေအားလုံး မေ့သွားအောင် ပြုလုပ်ပေးခဲ့ပါတယ်။ MJ ဟာလည်း လူအများနည်းတူ Peter ကို မေ့သွားတာ မြင်တွေ့ခဲ့ရပါတယ်။

အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာတဲ့ ဇာတ်ညွှန်းထဲမှာတော့ MJ ဟာ Peter Parker ကို မှတ်မိနေနိုင်သေးကြောင်း အရိပ်အမြွက် ပြသထားပါတယ်။ ယခုထွက်ရှိလာတဲ့ ဇာတ်ညွှန်းထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် MIT အကြောင်းနဲ့ ပတ်သက်ပြီး Peter က MJ ကို မေးမြန်းတဲ့ ဇာတ်ဝင်ခန်းမှာတော့ MJ ဟာ “Deja Vu” ဖြစ်သွားတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် Peter ဆိုင်ထဲက ထွက်သွားတဲ့အချိန်မှာတော့ MJ ဟာ သူ့ကို မှတ်မိသွားမှာလားဆိုပြီး ရေးထားတာလည်း တွေ့ရပါသေးတယ်။

photo via screenrant

ဒီဇာတ်ညွှန်းထဲမှာ အသုံးပြုထားတဲ့ စကားလုံးတွေကတော့ “Deja Vu” နဲ့ “Recognition” ပဲ ဖြစ်ပြီး အဲ့ဒီအချက်တွေကြောင့်ပဲ MJ ဟာ Peter ကို ပြန်လည်မှတ်မိသွားနိုင်တယ်လို့ ယူဆရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ MJ ဟာ Peter ပေးထားတဲ့ လည်ဆွဲလေးကို ဝတ်ဆင်ထားတုန်းပဲ ဖြစ်ပြီး သူမရဲ့ မသိစိတ်ထဲမှာတော့ Peter ကို မှတ်မိနေဆဲပဲလို့ ယူဆနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ နောက်ပိုင်းမှာ MJ က Peter ကို ပြန်မှတ်မိသွားမှာလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular