HomeCelebs Update NewsInternationalNetflix ရဲ့ Docuseries နဲ့ ပထမဆုံး Emmy ဆု ရရှိသွားတဲ့ သမ္မတဟောင်း Barack Obama

Netflix ရဲ့ Docuseries နဲ့ ပထမဆုံး Emmy ဆု ရရှိသွားတဲ့ သမ္မတဟောင်း Barack Obama

အမေရိကန်သမ္မတဟောင်း Barack Obama ကတော့ Netflix ရဲ့ Our Great National Parks လို့ အမည်ရတဲ့ docuseries နဲ့ ပထမဆုံး Emmy ရရှိသွားပြီ ဖြစ်ပါတယ်။ Obama ဟာ ဒီ docuseries ထဲမှာ နောက်ခံစကားပြောသူ Narrator အဖြစ် ပါဝင်ခဲ့ပြီး အခုလို Emmy ဆုကို ရရှိသွားတာ ဖြစ်ပါတယ်။

အသက်(၆၁)နှစ်အရွယ် သမ္မတဟောင်း Obama ဟာ သူ့ဘဝရဲ့ ပထမဆုံး Emmy ဆုကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။ Our Great National Parks ကတော့ အပိုင်း(၅)ပိုင်း ပါဝင်တဲ့ မှတ်တမ်းတင်စီးရီးတစ်ခု ဖြစ်ပြီး Netflix က ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ Obama ဟာ ဒီမှတ်တမ်းတင်စီးရီးနဲ့ Emmy ဆုပေးပွဲမှာ Outstanding Narrator ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo: barackobama/ Instagram

အဆိုပါ မှတ်တမ်းတင်စီးရီးကိုတော့ Obama နဲ့ ဇနီးဖြစ်သူ Michelle Obama တို့ ပူးတွဲပိုင်ဆိုင်တဲ့ Higher Ground Production ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတဟောင်း Obama အနေနဲ့ သူ့ရဲ့သမ္မတသက်တမ်း နှစ်ဆက်အတွင်းမှာ ကြိုးပမ်းခဲ့တဲ့ အများပြည်သူပိုင် မြေနေရာ (၅၅၀)ဧကနဲ့ ရေမြေတောတောင်တို့ကို ထိန်းသိမ်းဖို့ လုပ်ဆောင်မှု နောက်ပိုင်းမှာ Netflix နဲ့ သဘောတူစာချုပ်အဖြစ် ချုပ်ဆိုပြီး ထုတ်လုပ်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

“လူသားမျိုးနွယ်တွေဟာ ဒီအရိုင်းနယ်မြေတွေကို စတင်ကာကွယ်ခဲ့တုန်းက ဒီနေရာတွေဟာ ဘယ်လောက်ထိ အရေးပါလာမယ်မှန်း သဘောမပေါက်ခဲ့ကြပါဘူး။ ဒီနေရာတွေဟာ မျိုးသုဉ်းပျောက်ကွယ်မယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်မျိုးစိတ်တွေအတွက် ခိုလှုံရာဖြစ်ပြီး သိပ္ပံပညာရဲ့ လေ့လာမှုတွေအတွက် အရေးပါတဲ့နေရာလည်း ဖြစ်ပါတယ် …”လို့ အဆိုပါမှတ်တမ်းတင်စီးရီးရဲ့ ထွေလာထဲမှာ Barack Obama က နောက်ခံစကားပြောနဲ့ ပြောထားပါတယ်။

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

Emmy ရဲ့ Outstanding Narrator ဆုကိုတော့ Obama နဲ့အတူ Black Patriots: Heroes of the Civil War ကို နောက်ခံစကားပြောပေးခဲ့တဲ့ Kareem Abdul-Jabbar ၊ The Mating Game ကို နောက်ခံစကားပြောပေးခဲ့တဲ့ David Attenborough ၊ We Need To Talk About Cosby ကို နောက်ခံစကားပြောပေးခဲ့တဲ့ W. Kamau Bell နဲ့ Serengetti II ကို နောက်ခံစကားပြောပေးခဲ့တဲ့ Lupita Nyong’O တို့က စံကာတင်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ Barack Obama ဟာ Emmy ဆုအပြင် ဂရမ်မီဆုနှစ်ခုလည်း ရရှိထားပါသေးတယ်။ အဲဒါကတော့ Dreams from My Father: A Story of Race and Inheritance လို့အမည်ရတဲ့ သူ့ရဲ့ audio book မှာ ကိုယ်တိုင်စာဖတ်ပြထားပြီး ၂၀၀၆ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ Best Spoken Word Album ဆုကို ရရှိခဲ့ပါတယ်။ နောက်တစ်ဆုကတော့ The Audacity of Hope: Thoughts on Reclaiming the American Dream ဆိုတဲ့ audio book နဲ့ ၂၀၀၈ ခုနှစ်ရဲ့ ဂရမ်မီမှာ ထပ်မံဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular