HomeEntertainmentFilmOfficial ထွေလာ ထွက်ရှိလာတဲ့ Avatar: The Way of Water

Official ထွေလာ ထွက်ရှိလာတဲ့ Avatar: The Way of Water

Avatar ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဖြစ်တဲ့ The Way of Water ဟာ မကြာသေးခင်ကပဲ Official ထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အချိန်ယူပြီး ဖန်တီးပြီးတဲ့နောက်မှာတော့ The Way of Water ရုပ်ရှင်ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Pandora ရဲ့ ရေအောက်လောကကိုပါ မြင်တွေ့ရမှာ ဖြစ်ပြီး ဒီဇာတ်ဝင်ခန်းတွေကို ဖန်တီးဖို့အတွက် ဒါရိုက်တာ James Cameron ဟာ နည်းပညာအသစ်တွေကို ဖန်တီးခဲ့ရတယ်လို့လည်း သိရပါတယ်။

photo via screenrant

Disney စတူဒီယိုကတော့ ဒီရုပ်ရှင်ရဲ့ ထွေလာကို ၂၀၂၂ ခုနှစ် CinemaCon မှာ အရင်ဆုံး ပြသခဲ့တာ ဖြစ်ပြီး အဲဒီပွဲကို တက်ရောက်သူတွေပဲ ကြည့်ရှုခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒီထွေလာကို ရုပ်ရှင်ရုံတွေမှာပဲ ပြသခဲ့ပြီး ယခုအချိန်မှသာ အွန်လိုင်းပေါ်မှာ တင်ပေးလာတာ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Pandora ရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှအပတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့အတွက် ဒါရိုက်တာ James Cameron ဟာ နည်းပညာအသစ်တွေကိုတောင် ဖန်တီးခဲ့ရတာကြောင့် ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Visual တွေကတော့ တကယ်ကို သေသပ်လှပလွန်းပါတယ်။ Pandora ဟာ နဂိုကတည်းက လှပပြီးသား ဖြစ်သလို ဒီရုပ်ရှင်ထဲမှာတော့ Pandora ရဲ့ ရေအောက်ကမ္ဘာ အလှအပတွေကို ဖန်တီးထားတာလည်း တကယ်ကို ရှုမငြီးစရာပဲ ဖြစ်ပါတယ်။

ပထမ Avatar ရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး (၁၃)နှစ်နီးပါး ကြာမြင့်တဲ့နောက်မှာတော့ ဒုတိယမြောက်ရုပ်ရှင် ဆက်လက် ထွက်ရှိလာပါတော့မယ်။ ဒီထွေလာထဲမှာတော့ Jake နဲ့ Neytiri တို့ နှစ်ယောက်ဟာ ကလေးမွေးထားကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Sam Worthington ၊ Zoe Saldana ၊ Kate Winslet ၊ Vin Diesel အစရှိတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular