HomeEntertainmentFilmProfessor X အဖြစ် ပြန်လာနိုင်သေးကြောင်း အရိပ်အမြွက် ပြောပြထားတဲ့ Sir Patrick Stewart

Professor X အဖြစ် ပြန်လာနိုင်သေးကြောင်း အရိပ်အမြွက် ပြောပြထားတဲ့ Sir Patrick Stewart

Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ ရုံတင်ပြသနေပြီ ဖြစ်ပြီး Sir Patrick Stewart ဟာလည်း Professor X အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။ မူလတုန်းကတော့ ဒီရုပ်ရှင်ထဲမှာ Professor X ပါဝင်လာမယ် ဆိုတာဟာ ကောလာဟလ သက်သက်ပဲ ဖြစ်ပြီး ထွေလာထွက်ရှိလာတဲ့ အချိန်မှသာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Professor X တင် မဟုတ်ဘဲ ပရိသတ်တွေကို အံ့ဩသွားစေမယ့် တခြား Cameo တွေလည်း ပါဝင်ထားပါသေးတယ်။

photo via screenrant

Marvel စတူဒီယိုကတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် Cameo တွေကို လျှို့ဝှက်စွာပဲ ဖုံးကွယ်ထားခဲ့ပြီး ရုပ်ရှင်ထွက်ခါနီးကျမှသာ ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ Footage အသစ်တွေမှာ အရိပ်အမြွက် ပြသခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Illuminati အဖွဲ့ဝင်ထဲက Cameo သုံးယောက်ကို သိခဲ့ရပြီး အဲဒီသုံးယောက်ကတော့ Professor X ၊ Captain Carter နဲ့ Captain Marvel Variant တို့ပဲ ဖြစ်ပါတယ်။

Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Sir Patrick Stewart ဟာ Professor X အဖြစ် ပြန်လည် ပါဝင်လာနိုင်ချေ ရှိကြောင်းကို အရိပ်အမြွက် ပြောပြခဲ့ပါတယ်။

“Charles Xavier လား။ ဖြစ်နိုင်ပါတယ်။ X-Men comic series က အရမ်းကြီးမားပြီး ကျယ်ပြန့်တယ်လေ။ သူပြန်လာတာကိုလည်း မြင်ရနိုင်ပါသေးတယ်။ ကျွန်တော်တို့ တွေ့ရမှာပါ …”

photo via screenrant

လောလောဆယ်မှာတော့ MCU ထဲမှာ Sir Patrick Stewart ကို Professor X အဖြစ် ပြန်လည်ပါဝင်စေဖို့ အစီအစဉ်ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။ Sir Patrick Stewart ဟာ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Logan ရုပ်ရှင်အပြီးမှာ Professor X ဇာတ်ကောင်ကနေ အနားယူသွားပြီလို့ ပြောထားပေမယ့်လည်း ယခုအချိန်မှာတော့ Doctor Strange 2 ထဲမှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ အနာဂတ်မှာ ထွက်ရှိလာမယ့် MCU ရဲ့ ပရောဂျက်တွေထဲမှာတော့ Sir Patrick Stewart ကို Professor X အဖြစ် ပြန်လည် မြင်တွေ့ရနိုင်ချေ ရှိနေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular