HomeEntertainmentFilmအော်စကာ (၇)ဆု ရသွားတဲ့ EEAAO အပြင် အခြားသော ၂၀၂၃ ခုနှစ် အော်စကာသတင်းများ

အော်စကာ (၇)ဆု ရသွားတဲ့ EEAAO အပြင် အခြားသော ၂၀၂၃ ခုနှစ် အော်စကာသတင်းများ

၂၀၂၃ ခုနှစ်ရဲ့ (၉၅) ကြိမ်မြောက် အော်စကာဆုပေးပွဲကတော့ မကြာခင်ကပဲ ပြုလုပ်သွားခဲ့ပါပြီ။ ဒီနှစ်အော်စကာဆုပေးပွဲမှာတော့ Studio A24 ရဲ့ Everything Everywhere All At Once ရုပ်ရှင်ဟာ ဆုပေါင်း (၁၁)ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပြီး (၇)ဆုတောင် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခြားနာမည်ကြီးရုပ်ရှင်တွေကလည်း အော်စကာဆုတွေ အသီးသီး ရရှိခဲ့ကြပြီး ၂၀၂၃ ခုနှစ်ရဲ့ အော်စကာဆုရရှိသွားတဲ့ ရုပ်ရှင်တွေနဲ့ သရုပ်ဆောင်တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုလိုက်နိုင်ပါတယ်။

Best Picture

photo credit A24

အကောင်းဆုံး ရုပ်ရှင်ဆုအတွက်တော့ All Quiet on the Western Front ၊ Avatar: The Way of Water ၊ The Banshees of Inisherin ၊ Elvis ၊ Everything Everywhere All At Once ၊ The Fabelmans ၊ Tar ၊ Top Gun: Maverick ၊ Triangle of Sadness နဲ့ Woman Talking ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Everything Everywhere All At Once ရုပ်ရှင်ကတော့ ဒီဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

Best Directing

photo credit A24

အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ Martin McDonagh(The Banshees of Inisherin) ၊ Daniel Kwan နဲ့ Daniel Scheinert(EEAAO) ၊ Steven Spielberg(The Fabelmans) ၊ Todd Fields(Tar) နဲ့ Ruben Ostlund(Triangle of Sadness) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Daniel Kwan နဲ့ Daniel Scheinert(EEAAO) တို့က ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Actress in a Leading Role

photo credit A24

အကောင်းဆုံး အမျိူးသမီးဇာတ်ဆောင်ဆုအတွက်တော့ Cate Blanchett(Tar) ၊ Ana de Armas(Blonde) ၊ Andrea Riseborough(To Leslie) ၊ Michelle Williams(The Fabelmans) နဲ့ Michelle Yeoh(EEAAO) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး မင်းသမီးကြီး Michelle Yeoh (EEAAO) ကတော့ ဒီဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ မင်းသမီးကြီး Michelle Yeoh ကတော့ အော်စကာဆုပေးပွဲသမိုင်းမှာ အကောင်းဆုံးအမျိူးသမီးဇာတ်ဆောင်ဆု ရရှိတဲ့ ပထမဦးဆုံးအာရှအမျိူးသမီးသရုပ်ဆောင် ဖြစ်လာပါတယ်။

Best Actor in a Leading Role

photo credit A24

အကောင်းဆုံး အမျိူးသားဇာတ်ဆောင်ဆုအတွက်တော့ Austin Butler(Elvis) ၊ Colin Farrell(The Banshees of Inisherin) ၊ Brendan Fraser(The Whale) ၊ Paul Mescal(Aftersun) နဲ့ Bill Nighy(Living) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး မင်းသားကြီး Brendan Fraser(The Whale) ကတော့ သူ့ရဲ့ ပထမဦးဆုံး အော်စကာဆုကို ရရှိသွားခဲ့ပါတယ်။

Best Actress in a Supporting Role

photo credit A24

အကောင်းဆုံး အမျိူးသမီးဇာတ်ပို့ဆုအတွက်တော့ Angela Bassett(Black Panther: Wakanda Forever) ၊ Hong Chau(The Whale) ၊ Kerry Condon(The Banshees of Inisherin) ၊ Jamie Lee Curtis(EEAAO) နဲ့ Stephanie Hsu(EEAAO) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး မင်းသမီးကြီး Jamie Lee Curtis(EEAAO) ကတော့ ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Actor in a Supporting Role

photo credit A24

အကောင်းဆုံး အမျိူးသားဇာတ်ပို့ဆုအတွက်တော့ Brendan Gleeson(The Banshees of Inisherin) ၊ Brian Tyree Henry(Causeway) ၊ Judd Hirsch(The Fabelmans) ၊ Barry Keoghan(The Banshees of Inisherin) နဲ့ Ke Huy Quan(EEAAO) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး သရုပ်ဆောင် Ke Huy Quan(EEAAO) ကပဲ ဒီဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

Best Adapted Screenplay

photo credti Orion Pictures

အကောင်းဆုံး Adapted Screenplay ဆုအတွက်တော့ Edward Berger, Lesley Paterson နဲ့ Ian Stokell(All Quiet on the Western Front)Rian Johnson(Glass Onion: A Knives Out Mystery)Kazuo Ishiguro(Living)Ehren Kruger, Eric Warren Singer နဲ့ Christopher McQuarrie(Top Gun: Maverick) နဲ့ Sarah Polley(Women Talking) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Sarah Polley(Women Talking) က ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Original Screenplay

photo credit A24

အကောင်းဆုံး Original Screenplay ဆုအတွက်တော့ Martin McDonagh(The Banshees of Inisherin)Daniel Kwan နဲ့ Daniel Scheinert(EEAAO)Steven Spielberg နဲ့ Tony Kusher(The Fabelmans)Todd Fields(Tar) နဲ့ Ruben Ostlund(Triangle of Sadness) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး ဒီဆုကိုလည်း Daniel Kwan နဲ့ Daniel Scheinert(EEAAO) တို့ကပဲ ထပ်မံရရှိသွားခဲ့ပါတယ်။

Best International Feature Film

photo credit Netflix

အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆုအတွက်တော့ All Quiet on the Western Front(Germany) ၊ Argentina, 1895(Argentina) ၊ Close(Belgium) ၊ EO(Poland) နဲ့ The Quiet Girl(Ireland) ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး All Quiet on the Western Front(Germany) ရုပ်ရှင်က ဒီဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

Best Documentary Feature Film

photo credit Warner Bros. Pictures

အကောင်းဆုံး Documentary ရုပ်ရှင်ဆုအတွက်တော့ All That BreathesAll the Beauty and BloodshedFire of LoveA House Made of Splintersနဲ့ Navalny ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Navalny ရုပ်ရှင်က ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Cinematography

photo credit Netflix

Cinematography အကောင်းဆုံးဆုအတွက်တော့ All Quiet on the Western FrontBardo, False Chronicle of a Handful of TruthsElvisEmpire of Light နဲ့ Tar ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး All Quiet on the Western Front ရုပ်ရှင်ကပဲ ဒီဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

Best Animated Feature Film

photo credit Netflix

အကောင်းဆုံး Animated Movie ဆုအတွက်တော့ Guillermo del Toro’s PinocchioMarcel the Shell with Shoes OnPuss in Boots: The Last WishThe Sea Beast နဲ့ Turning Red တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Guillermo del Toro’s Pinocchio ရုပ်ရှင်က ဒီဆုကို ရရှိသွားပါတယ်။

Best Film Editing

photo credit A24

အကောင်းဆုံးရုပ်ရှင် Editing ဆုအတွက်တော့ The Banshees of InisherinElvisEverything Everywhere All at OnceTar နဲ့ Top Gun: Maverick ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Everything Everywhere All at Once ရုပ်ရှင်ကပဲ ဒီဆုကို ထပ်မံရရှိသွားပါတယ်။

Best Costume Design

photo credit Marvel Studios

အကောင်းဆုံး ဝတ်စုံဒီဇိုင်းဆုအတွက် စံကာတင်စာရင်း ဝင်ထားတဲ့ ရုပ်ရှင်တွေကတော့ BabylonBlack Panther: Wakanda ForeverElvisEverything Everywhere All at Once နဲ့ Mrs. Harris Goes to Paris ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Black Panther: Wakanda Forever ရုပ်ရှင်က ဒီဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

Best Sound

photo credit Paramount Pictures

အကောင်းဆုံး အသံဆုအတွက်တော့ All Quiet on the Western FrontAvatar: The Way of WaterThe BatmanElvis နဲ့ Top Gun: Maverick ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Top Gun: Maverick ရုပ်ရှင်က ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Original Score

photo credit Netflix

အကောင်းဆုံး နောက်ခံတေးဂီတဆုအတွက်တော့ Volker Bertelmann(All Quiet on the Western Front)Justin Hurwitz(Babylon)Carter Burwell(The Banshees of Inisherin)Son Lux(EEAAO) နဲ့ John Williams(The Fabelmans) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Volker Bertelmann(All Quiet on the Western Front) က ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Live Action Short Film

photo credit Floodlight Pictures

အကောင်းဆုံး Live Action Short ဆုအတွက်တော့ An Irish GoodbyeIvaluLe PupilleNight Ride နဲ့ The Red Suitcase ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး An Irish Goodbye ရုပ်ရှင်က ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Animated Short Film

photo credit Apple TV+

အကောင်းဆုံး Animated Short ဆုအတွက်တော့ The Boy, the Mole, the Fox, and the Horse ၊ The Flying Sailor ၊ Ice MerchantsMy Year of Dicks နဲ့ An Ostrich Told Me the World is Fake and I Think I Believe it တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး The Boy, the Mole, the Fox, and the Horse ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Original Song

photo credit DVV Entertainment

အကောင်းဆုံး ဇာတ်ဝင်သီချင်းဆုအတွက် Applause(Tell it like a Woman) ၊ Hold My Hand(Top Gun: Maverick) ၊ Lift Me Up(Black Panther: Wakanda Forever) ၊ Naatu Naatu(RRR) နဲ့ This is a Life(EEAAO) တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Naatu Naatu(RRR) သီချင်းက ဒီဆုကို ရရှိသွားခဲ့ပါတယ်။

Best Makeup and Hairstyling

photo credit A24

အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်ပြင်ဆင်မှုအတွက်တော့ All Quiet on the Western FrontThe BatmanBlack Panther: Wakanda ForeverElvis နဲ့ The Whale ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး The Whale ရုပ်ရှင်ကပဲ ဒီဆုကို ထပ်မံရရှိသွားပါတယ်။

Best Production Design

photo credit Netflix

အကောင်းဆုံး Production Design ဆုအတွက်တော့ All Quiet on the Western FrontAvatar: The Way of WaterBabylonElvis နဲ့ The Fabelmans ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး All Quiet on the Western Front ရုပ်ရှင်ကပဲ ဒီဆုကို ထပ်မံဆွတ်ခူးသွားပြန်ပါတယ်။

Best Visual Effects

photo credit Disney

အကောင်းဆုံး Visual Effects ဆုအတွက်တော့ All Quiet on the Western FrontAvatar: The Way of WaterThe BatmanBlack Panther: Wakanda Forever နဲ့ Top Gun: Maverick ရုပ်ရှင်တို့က စံကာတင်စာရင်းဝင်ခဲ့ပြီး Avatar: The Way of Water ရုပ်ရှင်က ဒီဆုကို ဆွတ်ခူးသွားပါတယ်။

ဒါကတော့ ၂၀၂၃ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ အော်စကာဆုတွေ ရခဲ့ကြတဲ့ ရုပ်ရှင်တွေနဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ Everything Everywhere All At Once ရုပ်ရှင်ကတော့ အော်စကာ (၇)ဆုနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး All Quiet on the Western Front ရုပ်ရှင်ကတော့ အော်စကာ (၄)ဆုနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular