HomeEntertainmentFilmMCU မှာ Moon Knight အဖြစ်နဲ့ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Oscar Isaac

MCU မှာ Moon Knight အဖြစ်နဲ့ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Oscar Isaac

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Oscar Isaac ဟာ Disney+ က အသစ်ပြသသွားမယ့် Moon Knight ဇာတ်လမ်းတွဲထဲမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ သတင်းထွက်နေပါတယ်။ အခုချိန်မှာတော့ MCU ဟာ Disney+ ကနေ ဇာတ်လမ်းတွဲတွေ အများကြီး ထုတ်လွှင့်သွားဖို့ရှိပြီး ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေဟာလည်း အကုန်လုံး ဆက်စပ်နေပါတယ်။

ပထမဆုံးမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဇာတ်ကောင်တွေဖြစ်တဲ့ Winter Solider နဲ့ Falcon တို့ကို ဇာတ်လမ်းတွဲတစ်ခုနဲ့ Vision နဲ့ Scarlet Witch တို့ကို ဇာတ်လမ်းတွဲတစ်ခုအဖြစ် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Live Action ထဲကို ရောက်မလာသေးတဲ့ ဇာတ်ကောင်အသစ်တွေကိုလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။

Photo via quora

ဒီလိုမိတ်ဆက်သွားမယ့် ဇာတ်ကောင်အသစ်တွေထဲမှာ Moon Knight ၊ Ms. Marvel နဲ့ She-Hulk တို့ ပါဝင်ကြပါတယ်။ အဲ့ဒီသတင်းတွေကို ကြားကတည်းက ပရိသတ်တွေဟာ ဒီဇာတ်ကောင်တွေနေရာမှာ ဘယ်သူတွေက သရုပ်ဆောင်သွားမှာလည်း ဆိုပြီးတော့ သိချင်နေကြပါတယ်။

She-Hulk နေရာမှာတော့ Tatiana Maslany က သရုပ်ဆောင်သွားမယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း Tatiana ကတော့ မဟုတ်ပါဘူးဆိုပြီးတော့ ငြင်းဆိုထားပါတယ်။ Ms. Marvel နေရာမှာတော့ Iman Vellani က သရုပ်ဆောင်သွားမယ်လို့ သတင်းထွက်နေပြီးတော့ Moon Knight နေရာမှာတော့ ဘယ်သူသရုပ်ဆောင်သွားမယ် ဆိုတာကို အတည်မပြုရသေးပါဘူး။

photo via official_oscar_isaac_page/instagram

မကြာသေးခင်ကပဲ Deadline  သတင်းဌာနကတော့ Oscar Isaac ဟာ Moon Knight နေရာမှာ သရုပ်ဆောင်ဖို့အတွက် ညှိနှိုင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ညှိနှိုင်းနေတုန်းပဲ ရှိသေးတာကြောင့် Marvel ကတော့ အဲ့ဒီဇာတ်ကောင်နေရာမှာ Oscar Isaac သရုပ်ဆောင်သွားမယ်လို့တော့ အတည်မပြုသေးပါဘူး။

ဒါ့အပြင် The Umbrella Academy အတွက် ဇာတ်ညွှန်းရေးသူ ဖြစ်တဲ့ Jeremy Slater ကတော့ ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးသွားမယ်လို့လည်း သိရပါသေးတယ်။ အခုချိန်မှာတော့ ကိုဗစ်ကြောင့် ရုပ်ရှင်တွေအကုန်လုံးဟာ နောက်ကျကုန်တာကြောင့် ဒီဇာတ်လမ်းတွဲတွေကလည်း ပိုပြီးတော့ အနောက်ရောက်သွားပေမယ့်လည်း Live Action မှာ မမြင်ရသေးတဲ့ ဇာတ်ကောင်အသစ်တွေကို မြင်ရမှာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

Legos

Source: screenrant

(Zawgyi Version)

Oscar Isaac ဟာ Disney+ က အသစ္ျပသသြားမယ့္ Moon Knight ဇာတ္လမ္းတြဲထဲမွာ အဓိကသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သြားမယ္လို႔ သတင္းထြက္ေနပါတယ္။ အခုခ်ိန္မွာေတာ့ MCU ဟာ Disney+ ကေန ဇာတ္လမ္းတြဲေတြ အမ်ားႀကီး ထုတ္လႊင့္သြားဖို႔ရွိၿပီး ဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ေတြဟာလည္း အကုန္လုံး ဆက္စပ္ေနပါတယ္။

ပထမဆုံးမွာေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား ဇာတ္ေကာင္ေတြျဖစ္တဲ့ Winter Solider နဲ႔ Falcon တို႔ကို ဇာတ္လမ္းတြဲတစ္ခုနဲ႔ Vision နဲ႔ Scarlet Witch တို႔ကို ဇာတ္လမ္းတြဲတစ္ခုအျဖစ္ ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Live Action ထဲကို ေရာက္မလာေသးတဲ့ ဇာတ္ေကာင္အသစ္ေတြကိုလည္း မိတ္ဆက္သြားဖို႔ ရွိပါတယ္။

Photo via quora

ဒီလိုမိတ္ဆက္သြားမယ့္ ဇာတ္ေကာင္အသစ္ေတြထဲမွာ Moon Knight ၊ Ms. Marvel နဲ႔ She-Hulk တို႔ ပါဝင္ၾကပါတယ္။ အဲ့ဒီသတင္းေတြကို ၾကားကတည္းက ပရိသတ္ေတြဟာ ဒီဇာတ္ေကာင္ေတြေနရာမွာ ဘယ္သူေတြက သ႐ုပ္ေဆာင္သြားမွာလည္း ဆိုၿပီးေတာ့ သိခ်င္ေနၾကပါတယ္။

She-Hulk ေနရာမွာေတာ့ Tatiana Maslany က သ႐ုပ္ေဆာင္သြားမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္လည္း Tatiana ကေတာ့ မဟုတ္ပါဘူးဆိုၿပီးေတာ့ ျငင္းဆိုထားပါတယ္။ Ms. Marvel ေနရာမွာေတာ့ Iman Vellani က သ႐ုပ္ေဆာင္သြားမယ္လို႔ သတင္းထြက္ေနၿပီးေတာ့ Moon Knight ေနရာမွာေတာ့ ဘယ္သူသ႐ုပ္ေဆာင္သြားမယ္ ဆိုတာကို အတည္မျပဳရေသးပါဘူး။

photo via official_oscar_isaac_page/instagram

မၾကာေသးခင္ကပဲ Deadline  သတင္းဌာနကေတာ့ Oscar Isaac ဟာ Moon Knight ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ညႇိႏႈိင္းေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္လည္း ညႇိႏႈိင္းေနတုန္းပဲ ရွိေသးတာေၾကာင့္ Marvel ကေတာ့ အဲ့ဒီဇာတ္ေကာင္ေနရာမွာ Oscar Isaac သ႐ုပ္ေဆာင္သြားမယ္လို႔ေတာ့ အတည္မျပဳေသးပါဘူး။

ဒါ့အျပင္ The Umbrella Academy အတြက္ ဇာတ္ၫႊန္းေရးသူ ျဖစ္တဲ့ Jeremy Slater ကေတာ့ ဒီဇာတ္လမ္းအတြက္ ဇာတ္ၫႊန္းေရးသြားမယ္လို႔လည္း သိရပါေသးတယ္။ အခုခ်ိန္မွာေတာ့ ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္ေတြအကုန္လုံးဟာ ေနာက္က်ကုန္တာေၾကာင့္ ဒီဇာတ္လမ္းတြဲေတြကလည္း ပိုၿပီးေတာ့ အေနာက္ေရာက္သြားေပမယ့္လည္း Live Action မွာ မျမင္ရေသးတဲ့ ဇာတ္ေကာင္အသစ္ေတြကို ျမင္ရမွာကေတာ့ စိတ္ဝင္စားစရာေကာင္းပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular