HomeCelebs Update NewsInternationalမင်းသားကြီး Jack Nicholson ကို အောက်ဖဲလှန်လိုက်တဲ့ Pamela Anderson

မင်းသားကြီး Jack Nicholson ကို အောက်ဖဲလှန်လိုက်တဲ့ Pamela Anderson

Baywatch မင်းသမီးကြီး Pamela Anderson ကတော့ နာမည်ကျော် Playboy စံအိမ်ကြီးကို သွားရောက်လည်ပတ်ခဲ့စဉ်က သူမရဲ့အတွေ့အကြုံတစ်ခုကို ပြောပြလာပါတယ်။ အဲဒါကတော့ သူမဟာ မင်းသားကြီး Jack Nicholson ကို အဆိုပါစံအိမ်ကြီးမှာ မျက်နှာပူစရာကိစ္စတစ်ခုနဲ့ ထိပ်တိုက်တိုးခဲ့တာလို့ ဆိုပါတယ်။

အသက်(၅၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီးကြီးဟာ မကြာခင်ထွက်ရှိလာမယ့် သူမရဲ့ memoir စာအုပ်ဖြစ်တဲ့ Love, Pamela ထဲမှာ ပါဝင်မှာဖြစ်တဲ့ အင်တာဗျူးတစ်ခုကို Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအင်တာဗျူးထဲမှာတော့ Anderson ဟာ Playboy မဂ္ဂဇင်းရဲ့တည်ထောင်သူ Hugh Hefner ရဲ့ စံအိမ်ကြီးကို သွားရောက်လည်ပတ်ရာမှာ မထင်မှတ်ဘဲ မင်းသားကြီး Jack Nicholson တစ်ယောက် ရေချိုးခန်းထဲမှာ သရီးဆမ်းလုပ်နေတာကို တွေ့ခဲ့ရတယ်လို့ ပြောပြလိုက်ပါတယ်။

Photo: pamelaanderson/ Instagram

“Mr. Nicholson က မိန်းမလှလေး နှစ်ယောက်နဲ့အတူ ရှိနေတာလေ။ သူတို့က အခန်းထောင့်နံရံမှာ ကပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပွတ်သပ်၊ နမ်းရှုံ့ရင်း ရယ်မောနေကြတာပေါ့။ ကျွန်မက ရေချိုးခန်းထဲမှာ မှန်ကြည့်မလို့ဆိုပြီး ဝင်လာတာ။ နှုတ်ခမ်းနီဆိုးမလို့ ဘေဇင်ရှေ့က မှန်ကို ကြည့်လိုက်တာနဲ့ သူတို့ကို တွေ့လိုက်ရတာပဲ …”

“အဲဒါနဲ့ ကျွန်မလည်း သူတို့ကို မကြည့်မိအောင် ကြိုးစားရတာပေါ့။ ဒါပေမယ့် မှန်မှာ လာပေါ်နေတဲ့အတွက် မတတ်နိုင်တော့ဘဲနဲ့ သူနဲ့ကျွန်မ မျက်လုံးချင်း ဆုံမိသွားတယ်။ အဲဒါနဲ့သူလည်း သူ့ကိစ္စကိုပြီးအောင်လုပ်ဖို့ စဉ်းစားလိုက်ပုံပါပဲ။ ရယ်စရာကောင်းတဲ့အသံတွေ ထွက်လာပြီးတော့ အဲဒီကောင်မလေးတွေကို ပြောတာ ကြားလိုက်တယ်။ ကျေးဇူးပဲ အချစ်ကလေးတို့ရေတဲ့ …” လို့ Anderson က ပြောပြထားပါတယ်။

Photo: pamela_anderson_fans/ Instagram

မင်းသမီးကြီး Pamela Anderson ဟာ သူမနဲ့ Jack Nicholson တို့ရဲ့ မျက်နှာပူစရာဖြစ်ရပ်ကို ပြောပြခဲ့ပေမယ့် အဲဒီကိစ္စဟာ ဘယ်အချိန်တုန်းက ဖြစ်ပျက်ခဲ့တယ် ဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။

Anderson ဟာ သူမ တရှိန်ထိုးအောင်မြင်လာတဲ့ ၁၉၈၀ ခုနှစ်နှောင်းပိုင်းနဲ့ ၁၉၉၀ ခုနှစ်အစောပိုင်း ကာလတွေမှာတော့ Playboy မဂ္ဂဇင်းမှာ မကြာခဏဆိုသလို မော်ဒယ်လ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Playboy မဂ္ဂဇင်းရဲ့ နှစ်(၆၀)ကျော်ကာလတလျှောက်မှာ စံချိန်တင်အောင် (၁၁)ကြိမ်တိတိ မျက်နှာဖုံးရှင်အဖြစ် မော်ဒယ်လ်လုပ်ပေးခဲ့ဖူးတယ်လို့လည်း Variety ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular