HomeCelebs Update NewsInternationalလက်ထပ်သွားပြီဖြစ်တဲ့ Paris Hilton 

လက်ထပ်သွားပြီဖြစ်တဲ့ Paris Hilton 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အမေရိကန်နိုင်ငံရဲ့ အထက်တန်းလွှာ လူကုံထံတစ်ယောက်ဖြစ်တဲ့ Paris Hilton ကတော့ သူမရဲ့ ချစ်သူ Carter Reum နဲ့ လက်ထပ်သွားပြီ ဖြစ်ပါတယ်။

အသက်(၄၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Paris Hilton ဟာ သူမနဲ့ ရွယ်တူ အသက်(၄၀)အရွယ် နာမည်ကြီးရင်းနှီးမြှုပ်နှံသူ Carter Reum နဲ့ မနေ့က နိုဝင်ဘာလ(၁၁)ရက်နေ့မှာ လက်ထပ်လိုက်တာ ဖြစ်ပါတယ်။ လက်ထပ်ပြီးကြောင်းကိုတော့ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ မင်္ဂလာဝတ်စုံနဲ့ ပုံတင်ပြီး အသိပေးခဲ့ပါတယ်။ ကပ်ပရှင်မှာတော့ “ကျွန်မရဲ့ ထာဝရဘဝလေးက ဒီနေ့ (၁၁)ရက် (၁၁)လမှာ စတင်ပါတယ် … ” လို့ ရေးထားပါတယ်။

Photo: parishilton/ Instagram

သူမရဲ့ မင်္ဂလာပွဲကိုတော့ လော့စ်အိန်ဂျလိစ်မြို့က ကိုယ်ပိုင်စံအိမ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာအခမ်းအနားကတော့ Hilton မိသားစုရဲ့ ထုံးစံအတိုင်း ဧည့်ခံပွဲအပြင် နောက်ထပ် ပါတီနှစ်ခုကို ကျင်းပပြုလုပ်ဦးမှာ ဖြစ်ပါတယ်။

သူမရဲ့ မင်္ဂလာပွဲက ပုံရိပ်အားလုံးကိုတော့ အပိုင်း(၁၃)ပိုင်း ပါဝင်မယ့် မှတ်တမ်းတင် reality စီးရီးအသစ် Paris in Love မှာ ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ မှတ်တမ်းတင်စီးရီးကိုတော့ Peacock TV မှာ ကြာသပတေးနေ့တိုင်း တစ်ပိုင်းစီ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Photo: parishilton/ Instagram

“ကျွန်မဘဝရဲ့ အိပ်မက်ထဲက မင်းသားလေးကို တွေ့ရှိခဲ့ပြီ ဖြစ်ပြီး နတ်သမီးပုံပြင်ဆန်တဲ့ ကျွန်မရဲ့ မင်္ဂလာပွဲပုံရိပ်တွေကို ပရိသတ်တွေကို မြင်စေချင်ပါတယ် … ” လို့ Jimmy Fallon ရှိုးကို လာရောက်တုန်းက Paris က ပြောသွားပါတယ်။

Paris နဲ့ Carter တို့ဟာ သူငယ်ချင်းတွေကတဆင့် သိကျွမ်းခဲ့ကြတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ချစ်သူတွေ စဖြစ်ခဲ့ကြတာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ ကမ်းခြေမှာ ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းပြီး စေ့စပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo: parishilton/ Instagram

“ကျွန်မတို့နှစ်ယောက်ကြားမှာ အရမ်းအံ့ဩဖို့ကောင်းတဲ့ chemistry ရှိနေပါတယ်။ ကျွန်မတို့ first date ပြီးတည်းက တစ်ညလေးမှတောင် ခွဲပြီး မနေဖူးသေးပါဘူး။ ဒါဟာ တကယ် အံ့ဩပျော်ရွှင်စရာပါပဲ …. ” လို့ people မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူမတို့ရဲ့ ချစ်ခြင်းအကြောင်းကို ပြောပြခဲ့ပါသေးတယ်။

Paris Hilton ကတော့ သရုပ်ဆောင်၊ မော်ဒယ်လ်၊ DJ ၊ အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင်၊ media personality တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ Hilton ဟိုတယ်လုပ်ငန်းစုရဲ့ မြေးတော်စပ်သူ ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ လူချမ်းသာ၊ လူကုံထံ၊ နာမည်ကျော် ဆယ်လီတွေကြားမှာ ရေပန်းစားတဲ့ လူကုံထံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ဟောလိဝုဒ်က နာမည်ကျော် အများအပြားပဲ တက်ရောက်ခဲ့ကြပါတယ်။

Glasgow

Source: people

(Zawgyi Version)

အေမရိကန္နိုင္ငံရဲ့ အထက္တန္းလႊာ လူကုံထံတစ္ေယာက္ျဖစ္တဲ့ Paris Hilton ကေတာ့ သူမရဲ့ ခ်စ္သူ Carter Reum နဲ႔ လက္ထပ္သြားၿပီ ျဖစ္ပါတယ္။

အသက္(၄၀)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Paris Hilton ဟာ သူမနဲ႔ ရြယ္တူ အသက္(၄၀)အရြယ္ နာမည္ႀကီးရင္းႏွီးျမႇုပ္ႏွံသူ Carter Reum နဲ႔ မေန႔က နိုဝင္ဘာလ(၁၁)ရက္ေန႔မွာ လက္ထပ္လိုက္တာ ျဖစ္ပါတယ္။ လက္ထပ္ၿပီးေၾကာင္းကိုေတာ့ သူမရဲ့ အင္စတာဂရမ္အေကာင့္မွာ မဂၤလာဝတ္စုံနဲ႔ ပုံတင္ၿပီး အသိေပးခဲ့ပါတယ္။ ကပ္ပရွင္မွာေတာ့ “ကၽြန္မရဲ့ ထာဝရဘဝေလးက ဒီေန႔ (၁၁)ရက္ (၁၁)လမွာ စတင္ပါတယ္ … ” လို႔ ေရးထားပါတယ္။

Photo: parishilton/ Instagram

သူမရဲ့ မဂၤလာပြဲကိုေတာ့ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က ကိုယ္ပိုင္စံအိမ္မွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။ မဂၤလာအခမ္းအနားကေတာ့ Hilton မိသားစုရဲ့ ထုံးစံအတိုင္း ဧည့္ခံပြဲအျပင္ ေနာက္ထပ္ ပါတီႏွစ္ခုကို က်င္းပျပဳလုပ္ဦးမွာ ျဖစ္ပါတယ္။

သူမရဲ့ မဂၤလာပြဲက ပုံရိပ္အားလုံးကိုေတာ့ အပိုင္း(၁၃)ပိုင္း ပါဝင္မယ့္ မွတ္တမ္းတင္ reality စီးရီးအသစ္ Paris in Love မွာ ျပသသြားမွာ ျဖစ္ပါတယ္။ အဆိုပါ မွတ္တမ္းတင္စီးရီးကိုေတာ့ Peacock TV မွာ ၾကာသပေတးေန႔တိုင္း တစ္ပိုင္းစီ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။

Photo: parishilton/ Instagram

“ကၽြန္မဘဝရဲ့ အိပ္မက္ထဲက မင္းသားေလးကို ေတြ႕ရွိခဲ့ၿပီ ျဖစ္ၿပီး နတ္သမီးပုံျပင္ဆန္တဲ့ ကၽြန္မရဲ့ မဂၤလာပြဲပုံရိပ္ေတြကို ပရိသတ္ေတြကို ျမင္ေစခ်င္ပါတယ္ … ” လို႔ Jimmy Fallon ရွိုးကို လာေရာက္တုန္းက Paris က ေျပာသြားပါတယ္။

Paris နဲ႔ Carter တို႔ဟာ သူငယ္ခ်င္းေတြကတဆင့္ သိကၽြမ္းခဲ့ၾကတာ ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ နိုဝင္ဘာလမွာ ခ်စ္သူေတြ စျဖစ္ခဲ့ၾကတာပါ။ အဲဒီေနာက္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလမွာပဲ ကမ္းေျခမွာ ရိုမန႔္တစ္ဆန္ဆန္ လက္ထပ္ခြင့္ေတာင္းၿပီး ေစ့စပ္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

Photo: parishilton/ Instagram

“ကၽြန္မတို႔ႏွစ္ေယာက္ၾကားမွာ အရမ္းအံ့ဩဖို႔ေကာင္းတဲ့ chemistry ရွိေနပါတယ္။ ကၽြန္မတို႔ first date ၿပီးတည္းက တစ္ညေလးမွေတာင္ ခြဲၿပီး မေနဖူးေသးပါဘူး။ ဒါဟာ တကယ္ အံ့ဩေပ်ာ္ရႊင္စရာပါပဲ …. ” လို႔ people မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ သူမတို႔ရဲ့ ခ်စ္ျခင္းအေၾကာင္းကို ေျပာျပခဲ့ပါေသးတယ္။

Paris Hilton ကေတာ့ သ႐ုပ္ေဆာင္၊ ေမာ္ဒယ္လ္၊ DJ ၊ အဆိုေတာ္၊ စီးပြားေရးလုပ္ငန္းရွင္၊ media personality တစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ Hilton ဟိုတယ္လုပ္ငန္းစုရဲ့ ေျမးေတာ္စပ္သူ ျဖစ္ၿပီး အေမရိကန္နိုင္ငံရဲ့ လူခ်မ္းသာ၊ လူကုံထံ၊ နာမည္ေက်ာ္ ဆယ္လီေတြၾကားမွာ ေရပန္းစားတဲ့ လူကုံထံတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမရဲ့ မဂၤလာပြဲကိုေတာ့ ေဟာလိဝုဒ္က နာမည္ေက်ာ္ အမ်ားအျပားပဲ တက္ေရာက္ခဲ့ၾကပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular