HomeCelebs Update NewsInternationalသမ္မတ Joe Biden ရဲ့ဖိတ်ကြားမှုကိုငြင်းပြီး Britney Spears ရဲ့မင်္ဂလာပွဲကို တက်ခဲ့တဲ့ Paris Hilton

သမ္မတ Joe Biden ရဲ့ဖိတ်ကြားမှုကိုငြင်းပြီး Britney Spears ရဲ့မင်္ဂလာပွဲကို တက်ခဲ့တဲ့ Paris Hilton

နာမည်ကျော် socialite တစ်ဦးဖြစ်တဲ့ Paris Hilton ဟာ သူမရဲ့သူငယ်ချင်းဖြစ်သူ Britney Spears ရဲ့မင်္ဂလာပွဲကို တက်ရောက်ဖို့ သမ္မတ Joe Biden ရဲ့ဖိတ်ကြားမှုကို ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ Paris Hilton ဟာ အမေရိကန်သမ္မတ Joe Biden နဲ့ တခြားသော အထူးဧည့်သည်တော်တွေအတွက် DJ အဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် အဆိုပါနေ့ရက်ဟာ သူငယ်ချင်းဖြစ်သူ Britney ရဲ့မင်္ဂလာပွဲနဲ့ တိုက်ဆိုင်နေတာကြောင့် ဖိတ်ကြားမှုကို လက်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

Paris Hilton ဟာ သူငယ်ချင်းအရင်းခေါက်ခေါက်နဲ့ ဂုဏ်ယူစရာ ဖျော်ဖြေပွဲ နှစ်ခုအကြား ရွေးချယ်ရာမှာ သူငယ်ချင်းကိုသာ ဦးစားပေးခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Paris ဟာ သူမရဲ့ podcast ဖြစ်တဲ့ This Is Paris မှာ ပြောပြလိုက်တာ ဖြစ်ပါတယ်။ သူမဟာ ဇွန်လ(၉)ရက်နေ့မှာ ပြုလုပ်မယ့် သမ္မတ Joe Biden ရဲ့ Summit of the Americas ပွဲကြီးမှာ DJ အဖြစ် ဖျော်ဖြေပေးဖို့ ဖိတ်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီနေ့ဟာ Britney ရဲ့ မင်္ဂလာပွဲနေ့ ဖြစ်နေတာကြောင့် ဖိတ်ကြားမှုကို လက်လွှတ်ပြီး Britney ဆီကိုသာ သွားခဲ့တယ်လို့ ဆိုပါတယ်။

Photo: parishilton/ Instagram

“တကယ်တော့ သမ္မတ Biden နဲ့ အခြားနိုင်ငံတွေက သမ္မတတွေ တွေ့ဆုံတဲ့ ညစာစားပွဲမှာ ကျွန်မက DJ နဲ့ ဧည့်ခံဖျော်ဖြေပေးဖို့ ဖိတ်ကြားခံခဲ့ရတာပါ။ ဒါပေမယ့် အဲဒါနဲ့ ယှဉ်လိုက်ရင် Britney ရဲ့ မင်္ဂလာပွဲက ကျွန်မအတွက် ပိုပြီးအရေးကြီးပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပြတော့ပါဘူး …”

“ဘာလို့လည်းဆိုတော့ အခုအချိန်က မင်းသမီးလေးရဲ့ မင်္ဂလာအချိန်အခါဆိုတော့ သူ့အကြောင်းပဲ ပြောဖို့သင့်ပါတယ်။ ကျွန်မ ပြောချင်တာကတော့ သူ့အတွက် အရမ်းကို ပျော်ရွှင်ဝမ်းသာရတယ်ဆိုတာပါပဲ။ သူ့ကိုကြည့်ရတာလည်း သိပ်ကိုလှပကျော့ရှင်းနေတာပဲ။ သူ့ရဲ့ နတ်သမီးပုံပြင်ကို သူရှာတွေ့သွားတဲ့အတွက် သူ့အတွက်လည်း အရမ်းဝမ်းသာရပါတယ် … “လို့ Paris က သူမရဲ့ podcast မှာ ပြောထားပါတယ်။

Photo: britneyspears/ Instagram

Britney ရဲ့မင်္ဂလာပွဲကိုတော့ သူမနဲ့ရင်းနှီးတဲ့ အတွင်းလူ အယောက်(၆၀)လောက်ကိုသာ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က Thousand Oaks မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဒီမင်္ဂလာပွဲကိုတော့ Britney ရဲ့ အရင်းနှီး၊ အချစ်ခင်ဆုံးလူတွေ အပါအဝင် နာမည်ကျော်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Britney ရဲ့ မင်္ဂလာပွဲကိုတော့ Paris Hilton ၊ Drew Barrymore ၊ Madonna ၊ Selena Gomez အစရှိတဲ့ သူမရဲ့အခင်မင်ဆုံး မိတ်ဆွေသူငယ်ချင်းတွေက တက်ရောက် ချီးမြှင့်ပေးခဲ့ကြပါတယ်။ သို့သော်လည်း အံ့အားသင့်စရာတစ်ခုကတော့ Britney ဟာ သူမရဲ့မင်္ဂလာပွဲမှာ သူမရဲ့မိသားစုဝင်တွေကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။

Photo: britneyspears/ Instagram

ဒါ့အပြင် Britney ရဲ့မင်္ဂလာပွဲကို မကြိုဆိုတဲ့ ဧည့်သည်တစ်ဦးကလည်း ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒါကတော့ သူမရဲ့ပထမဆုံး အိမ်ထောင်ဖြစ်တဲ့ Jason Alexander ပဲ ဖြစ်ပါတယ်။ Britney ဟာ ၂၀၀၄ ခုနှစ်မှာ Jason Alexander နဲ့ လက်ထပ်ခဲ့ပြီး (၅၅)နာရီအကြာမှာတော့ ကွာရှင်းခဲ့တဲ့အတွက် ဟောလိဝုဒ်ရဲ့ အတိုတောင်းဆုံး အိမ်ထောင်ရေးတွေထဲမှာတောင် ပါဝင်ခဲ့ပါတယ်။

Jason Alexander ဟာ Britney ရဲ့ မင်္ဂလာပွဲနေ့မှာပဲ ပွဲအခမ်းအနားထဲကို ဖောက်ဝင်ဖို့ ကြိုးစားခဲ့ပြီး လက်ထဲမှာလည်း ဓားတစ်ချောင်းနဲ့ မင်္ဂလာပွဲကို ဖျက်ဆီးဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း အနီးအနားမှာရှိတဲ့ လုံခြုံရေးအရာရှိတွေရဲ့ လက်ဦးမှုကြောင့် အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular