HomeEntertainmentFilmBlack Widow ရုပ်ရှင်အတွက် Scarlett Johansson ရဲ့ တရားစွဲဆိုမှုအပေါ် တုံ့ပြန်လာတဲ့ Disney 

Black Widow ရုပ်ရှင်အတွက် Scarlett Johansson ရဲ့ တရားစွဲဆိုမှုအပေါ် တုံ့ပြန်လာတဲ့ Disney 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Widow ရုပ်ရှင်ကို ရုံတင်ရက်နဲ့ တပြိုင်တည်း Disney+ streaming service မှာ ပြသခဲ့တဲ့အပေါ်  Scarlett Johansson ရဲ့ တရားစွဲဆိုမှုကို Disney စတူဒီယိုဘက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။

ယခင်က ရုပ်ရှင်ရုံတွေမှာသာ ပြသပြီး ရုံတင်ဝင်ငွေများစွာ သဲ့ယူနိုင်ခဲ့တဲ့ MCU ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း Black Widow ကိုလည်း အလားတူ အောင်မြင်မှု ရရှိဖို့ မင်းသမီး Scarlett Johansson ဘက်က မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုဗစ်ကပ်ရောဂါရဲ့ နှောင့်ယှက်မှုကြောင့် ရုံတင်ရက်တွေ ဆက်တိုက် ရွှေ့ဆိုင်းလာရာကနေ အခြေအနေရဲ့ လိုအပ်ချက်အရ ရုံတင်ရက်နဲ့ တပြိုင်တည်း streaming ပြသဖို့ကိုပါ Disney ဘက်က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

Photo via IMDb

ဒီအခါမှာတော့ မင်းသမီးနဲ့ စတူဒီယိုကြားမှာ နားလည်မှု လွဲမှားခြင်းတွေ ဖြစ်ပေါ်လာခဲ့ပြီး Scarlett ဘက်က အခုလို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ သူမရဲ့အဆိုအရ Disney ဟာ ဒီရုပ်ရှင်ဇာတ်ကားကို ရုံတင်ဖို့အတွက်ပဲ သူမနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး Disney+ မှာ streaming ပြသဖို့ သဘောတူထားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ယခုလို ရုံတင်ရက်နဲ့ တပြိုင်တည်း ပြသလိုက်တာကိုလည်း သူမနဲ့ ညှိနှိုင်းဆွေးနွေးခြင်း မရှိခဲ့ဘူးလို့ ဆိုကာ ဒါဟာ စတူဒီယိုဘက်က စာချုပ် ဖောက်ဖျက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါတင်မက streaming ပြသလိုက်ခြင်းအားဖြင့် ရုံတင်ဝင်ငွေကို ထိခိုက်စေတဲ့အတွက် သူမဘက်က ဒေါ်လာသန်း(၅၀)ခန့်တောင် ဆုံးရှုံးစေခဲ့တယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူမရဲ့ သရုပ်ဆောင်ကြေးဟာ ယခင်ကလို သတ်မှတ်ကြေးတစ်မျိုးတည်း မဟုတ်ဘဲ ရုံတင်ဝင်ငွေပေါ် မူတည်ပြီး ရာခိုင်နှုန်းနဲ့ ရရှိဖို့ စာချုပ်ချုပ်ထားတာကြောင့် ဖြစ်ပါတယ်။

Photo via IMDb

ဒီကိစ္စနဲ့ ပတ်သက်ပြီး Disney စတူဒီယိုဘက်ကတော့ ကြေညာချက်တစ်စောင်‌ ထုတ်ပြန်ပြီး တုံ့ပြန်လာတာ တွေ့ရပါတယ်။ Disney ဘက်ကတော့ သူတို့အနေနဲ့ မင်းသမီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ သဘောတူညီချက်အတိုင်း လိုက်ပါဆောင်ရွက်ထားကြောင်း ဆိုထားပြီး မင်းသမီးအနေနဲ့ ဝင်ငွေထိခိုက်မှု မရှိတဲ့အပြင် ပိုလို့တောင် ဝင်ငွေတွေ ရရှိသွားသေးတယ်လို့ ပြောထားပါတယ်။

“ဒီတရားစွဲဆိုမှုဟာ ဘာကောင်းကျိုးတစ်ခုမှ မဖြစ်စေပါဘူး။ ဒီလို တရားစွဲဆိုလိုက်ခြင်းဟာ ကမ္ဘာနဲ့ချီပြီး ထိခိုက်နစ်နာနေကြရတဲ့ အခုလိုစိတ်ညစ်ညူးစရာ ကာလမှာ စာနာမှုကင်းမဲ့တဲ့ လုပ်ရပ်၊ စိတ်မကောင်းစရာတွေ ဖြစ်စေတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ Ms. Johansson နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အပေါ်မှာလည်း စတူဒီယိုဘက်က အပြည့်အဝ လိုက်နာခဲ့တာပါ။ ဒါ့အပြင် Black Widow ကို Disney+ မှာ premier access နဲ့ ပြသခဲ့တဲ့အတွက် သူမရဲ့ဝင်ငွေကို သိသိသာသာတောင် မြင့်တက်သွားစေပါသေးတယ်။ ယခုလက်ရှိအချိန်အထိ သူမ ရရှိထားတဲ့ ဒေါ်လာသန်း(၂၀)အပြင် နစ်နာကြေးကိုပါ အပိုထပ်ဆောင်းပြီး ရရှိထားပါသေးတယ် … ” လို့ Disney ဘက်က ဆိုထားပါတယ်။

Photo via IMDb

Scarlett ရဲ့ ယခုလို တရားစွဲဆိုမှုဟာ မမျှော်လင့်ထားဘဲ ဖြစ်ပေါ်လာတဲ့ကိစ္စတစ်ခုဖြစ်ပြီး ရုပ်ရှင်လောကအတွက်ရော၊ ပရိသတ်တွေကြားမှာပါ အံ့အားသင့်စေခဲ့ပါတယ်။ ဒါ့အပြင် Disney ဘက်ကလည်း အခြားသော စတူဒီယိုအများစု လုပ်နေကျပုံစံမျိုး တိုးတိုးတိတ်တိတ်နဲ့ လက်သိပ်ထိုး ဖြေရှင်းလိုက်တဲ့ နည်းလမ်းမျိုးကို မရွေးထားဘဲ အခုလို ပွင့်ပွင့်လင်းလင်း ဖွင့်ချလိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ ကိုဗစ်နဲ့ ရုပ်ရှင်တွေ အသက်ဆက်ရေးကြားမှာ လုံးပန်းနေရတဲ့ စတူဒီယိုတွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပြီး သရုပ်ဆောင်တွေဘက်ကလည်း streaming ပြသတဲ့အပေါ် မကျေနပ်ချက်တွေ စုပုံလာနိုင်ပါတယ်။ သို့သော်လည်း နာမည်ကြီး စတူဒီယိုတစ်ခုဖြစ်တဲ့ Warner Brothers ကတော့ ၂၀၂၁ တစ်နှစ်လုံးအတွက် ထွက်ရှိမယ့် ဇာတ်ကားအားလုံးကို ရုံတင်ရက်နဲ့ တပြိုင်တည်း HBO Max မှာ ပြသဖို့ စီစဉ်ထားပြီးသား ဖြစ်ပါတယ်။

Photo via IMDb

စတူဒီယိုတွေအနေနဲ့ အခုလို streaming service မှာပါ ပြသဖို့ ရွေးချယ်လိုက်တဲ့အတွက် သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို နစ်နာကြေးတွေ ထပ်ဆောင်း ပေးရပါတယ်။ Warner Bros ကတော့ Wonder Woman ဇာတ်ကားကို HBO Max မှာ ပြသခဲ့တဲ့အတွက် မင်းသမီး Gal Gadot နဲ့ ဒါရိုက်တာ Patty Jenkins ကို နစ်နာကြေး ဒေါ်လာ(၁၀)သန်း ပေးခဲ့တာ ရှိပါတယ်။

အခုပြဿနာမှာတော့ စတူဒီယိုဘက်ကရော၊ မင်းသမီးဘက်ကပါ တင်းမာနေပြီ ဖြစ်တဲ့အတွက် Scarlett Johansson ကတော့ MCU ကနေ အပြီးတိုင် ထွက်ခွာတော့မယ်ဆိုတာ သေချာသလောက် ရှိနေပါပြီ။ ပရိသတ်တွေအနေနဲ့လည်း တစ်ချိန်မှာတော့ သရုပ်ဆောင်တွေဟာ ထွက်ခွာမယ်ဆိုတာ သိထားပေမယ့် ဒီလိုပုံစံကြီးနဲ့ အဆုံးသတ်သွားရမယ်လို့တော့ မတွေးထားမိကြမှာ အမှန်ပါပဲ။

Glasgow

Source: screenrant

(Zawgyi Version)

Black Widow ႐ုပ္ရွင္ကို ႐ုံတင္ရက္နဲ႔ တၿပိဳင္တည္း Disney+ streaming service မွာ ျပသခဲ့တဲ့အေပၚ  Scarlett Johansson ရဲ႕ တရားစြဲဆိုမႈကို Disney စတူဒီယိုဘက္က ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ၿပီး တုံ႔ျပန္လိုက္ပါတယ္။

ယခင္က ႐ုပ္ရွင္႐ုံေတြမွာသာ ျပသၿပီး ႐ုံတင္ဝင္ေငြမ်ားစြာ သဲ့ယူႏိုင္ခဲ့တဲ့ MCU ဇာတ္ကားေတြရဲ႕ ထုံးစံအတိုင္း Black Widow ကိုလည္း အလားတူ ေအာင္ျမင္မႈ ရရွိဖို႔ မင္းသမီး Scarlett Johansson ဘက္က ေမွ်ာ္လင့္ထားခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ကိုဗစ္ကပ္ေရာဂါရဲ႕ ေႏွာင့္ယွက္မႈေၾကာင့္ ႐ုံတင္ရက္ေတြ ဆက္တိုက္ ေ႐ႊ႕ဆိုင္းလာရာကေန အေျခအေနရဲ႕ လိုအပ္ခ်က္အရ ႐ုံတင္ရက္နဲ႔ တၿပိဳင္တည္း streaming ျပသဖို႔ကိုပါ Disney ဘက္က ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။

Photo via IMDb

ဒီအခါမွာေတာ့ မင္းသမီးနဲ႔ စတူဒီယိုၾကားမွာ နားလည္မႈ လြဲမွားျခင္းေတြ ျဖစ္ေပၚလာခဲ့ၿပီး Scarlett ဘက္က အခုလို တရားစြဲဆိုလိုက္တာ ျဖစ္ပါတယ္။ သူမရဲ႕အဆိုအရ Disney ဟာ ဒီ႐ုပ္ရွင္ဇာတ္ကားကို ႐ုံတင္ဖို႔အတြက္ပဲ သူမနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ၿပီး Disney+ မွာ streaming ျပသဖို႔ သေဘာတူထားျခင္း မရွိခဲ့ဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ ယခုလို ႐ုံတင္ရက္နဲ႔ တၿပိဳင္တည္း ျပသလိုက္တာကိုလည္း သူမနဲ႔ ညႇိႏႈိင္းေဆြးေႏြးျခင္း မရွိခဲ့ဘူးလို႔ ဆိုကာ ဒါဟာ စတူဒီယိုဘက္က စာခ်ဳပ္ ေဖာက္ဖ်က္တာျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဒါတင္မက streaming ျပသလိုက္ျခင္းအားျဖင့္ ႐ုံတင္ဝင္ေငြကို ထိခိုက္ေစတဲ့အတြက္ သူမဘက္က ေဒၚလာသန္း(၅၀)ခန႔္ေတာင္ ဆုံးရႈံးေစခဲ့တယ္လို႔ ဆိုလာတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူမရဲ႕ သ႐ုပ္ေဆာင္ေၾကးဟာ ယခင္ကလို သတ္မွတ္ေၾကးတစ္မ်ိဳးတည္း မဟုတ္ဘဲ ႐ုံတင္ဝင္ေငြေပၚ မူတည္ၿပီး ရာခိုင္ႏႈန္းနဲ႔ ရရွိဖို႔ စာခ်ဳပ္ခ်ဳပ္ထားတာေၾကာင့္ ျဖစ္ပါတယ္။

Photo via IMDb

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Disney စတူဒီယိုဘက္ကေတာ့ ေၾကညာခ်က္တစ္ေစာင္‌ ထုတ္ျပန္ၿပီး တုံ႔ျပန္လာတာ ေတြ႕ရပါတယ္။ Disney ဘက္ကေတာ့ သူတို႔အေနနဲ႔ မင္းသမီးနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါ သေဘာတူညီခ်က္အတိုင္း လိုက္ပါေဆာင္႐ြက္ထားေၾကာင္း ဆိုထားၿပီး မင္းသမီးအေနနဲ႔ ဝင္ေငြထိခိုက္မႈ မရွိတဲ့အျပင္ ပိုလို႔ေတာင္ ဝင္ေငြေတြ ရရွိသြားေသးတယ္လို႔ ေျပာထားပါတယ္။

“ဒီတရားစြဲဆိုမႈဟာ ဘာေကာင္းက်ိဳးတစ္ခုမွ မျဖစ္ေစပါဘူး။ ဒီလို တရားစြဲဆိုလိုက္ျခင္းဟာ ကမာၻနဲ႔ခ်ီၿပီး ထိခိုက္နစ္နာေနၾကရတဲ့ အခုလိုစိတ္ညစ္ညဴးစရာ ကာလမွာ စာနာမႈကင္းမဲ့တဲ့ လုပ္ရပ္၊ စိတ္မေကာင္းစရာေတြ ျဖစ္ေစတဲ့ လုပ္ရပ္တစ္ခုသာ ျဖစ္ပါတယ္။ Ms. Johansson နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အေပၚမွာလည္း စတူဒီယိုဘက္က အျပည့္အဝ လိုက္နာခဲ့တာပါ။ ဒါ့အျပင္ Black Widow ကို Disney+ မွာ premier access နဲ႔ ျပသခဲ့တဲ့အတြက္ သူမရဲ႕ဝင္ေငြကို သိသိသာသာေတာင္ ျမင့္တက္သြားေစပါေသးတယ္။ ယခုလက္ရွိအခ်ိန္အထိ သူမ ရရွိထားတဲ့ ေဒၚလာသန္း(၂၀)အျပင္ နစ္နာေၾကးကိုပါ အပိုထပ္ေဆာင္းၿပီး ရရွိထားပါေသးတယ္ … ” လို႔ Disney ဘက္က ဆိုထားပါတယ္။

Photo via IMDb

Scarlett ရဲ႕ ယခုလို တရားစြဲဆိုမႈဟာ မေမွ်ာ္လင့္ထားဘဲ ျဖစ္ေပၚလာတဲ့ကိစၥတစ္ခုျဖစ္ၿပီး ႐ုပ္ရွင္ေလာကအတြက္ေရာ၊ ပရိသတ္ေတြၾကားမွာပါ အံ့အားသင့္ေစခဲ့ပါတယ္။ ဒါ့အျပင္ Disney ဘက္ကလည္း အျခားေသာ စတူဒီယိုအမ်ားစု လုပ္ေနက်ပုံစံမ်ိဳး တိုးတိုးတိတ္တိတ္နဲ႔ လက္သိပ္ထိုး ေျဖရွင္းလိုက္တဲ့ နည္းလမ္းမ်ိဳးကို မေ႐ြးထားဘဲ အခုလို ပြင့္ပြင့္လင္းလင္း ဖြင့္ခ်လိုက္တာ ျဖစ္ပါတယ္။

ဒီကိစၥဟာ ကိုဗစ္နဲ႔ ႐ုပ္ရွင္ေတြ အသက္ဆက္ေရးၾကားမွာ လုံးပန္းေနရတဲ့ စတူဒီယိုေတြအတြက္ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာမွာ ျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြဘက္ကလည္း streaming ျပသတဲ့အေပၚ မေက်နပ္ခ်က္ေတြ စုပုံလာႏိုင္ပါတယ္။ သို႔ေသာ္လည္း နာမည္ႀကီး စတူဒီယိုတစ္ခုျဖစ္တဲ့ Warner Brothers ကေတာ့ ၂၀၂၁ တစ္ႏွစ္လုံးအတြက္ ထြက္ရွိမယ့္ ဇာတ္ကားအားလုံးကို ႐ုံတင္ရက္နဲ႔ တၿပိဳင္တည္း HBO Max မွာ ျပသဖို႔ စီစဥ္ထားၿပီးသား ျဖစ္ပါတယ္။

Photo via IMDb

စတူဒီယိုေတြအေနနဲ႔ အခုလို streaming service မွာပါ ျပသဖို႔ ေ႐ြးခ်ယ္လိုက္တဲ့အတြက္ သ႐ုပ္ေဆာင္ေတြနဲ႔ ဒါ႐ိုက္တာေတြကို နစ္နာေၾကးေတြ ထပ္ေဆာင္း ေပးရပါတယ္။ Warner Bros ကေတာ့ Wonder Woman ဇာတ္ကားကို HBO Max မွာ ျပသခဲ့တဲ့အတြက္ မင္းသမီး Gal Gadot နဲ႔ ဒါ႐ိုက္တာ Patty Jenkins ကို နစ္နာေၾကး ေဒၚလာ(၁၀)သန္း ေပးခဲ့တာ ရွိပါတယ္။

အခုျပႆနာမွာေတာ့ စတူဒီယိုဘက္ကေရာ၊ မင္းသမီးဘက္ကပါ တင္းမာေနၿပီ ျဖစ္တဲ့အတြက္ Scarlett Johansson ကေတာ့ MCU ကေန အၿပီးတိုင္ ထြက္ခြာေတာ့မယ္ဆိုတာ ေသခ်ာသေလာက္ ရွိေနပါၿပီ။ ပရိသတ္ေတြအေနနဲ႔လည္း တစ္ခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္ေတြဟာ ထြက္ခြာမယ္ဆိုတာ သိထားေပမယ့္ ဒီလိုပုံစံႀကီးနဲ႔ အဆုံးသတ္သြားရမယ္လို႔ေတာ့ မေတြးထားမိၾကမွာ အမွန္ပါပဲ။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular