HomeEntertainmentFilmSeason 6 နဲ့ ဇာတ်သိမ်းတော့မယ့် Peaky Blinders ဇာတ်လမ်းတွဲ

Season 6 နဲ့ ဇာတ်သိမ်းတော့မယ့် Peaky Blinders ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Peaky Blinders ဇာတ်လမ်းတွဲဟာ season 6 မှာ ဇာတ်သိမ်းသွားမယ်လို့ BBC ရုပ်သံလှိုင်းက ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီ franchise ဟာ ပုံစံတစ်မျိူးမျိူးနဲ့ ဆက်လက်ထွက်လာပါဦးမယ်လို့ ဒီဇာတ်လမ်းတွဲ ဖန်တီးသူက အရိပ်အမြွက် ပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ စတင်ပြသခဲ့တာ ဖြစ်ပြီး BAFTA ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ ပထမကမ္ဘာစစ်ပြီးခါစအချိန်မှာ အင်္ဂလန်နိုင်ငံ Birmingham မြို့မှာ ရှိခဲ့တဲ့ နာမည်ကြီး လူဆိုးဂိုဏ်းတစ်ခုအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့တွေဟာ စစချင်းမှာတော့ မြို့လေးတစ်မြို့ရဲ့ လူဆိုးအဖွဲ့တစ်ခုကနေ တဖြည်းဖြည်း အာဏာကြီးမားလာပုံကို ဇာတ်လမ်းတစ်လျှောက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းကို ဖန်တီးသူ Steven Knight ဟာ Peaky Blinders ရဲ့ official website ကနေ season 6 ထွက်လာဦးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း season 6 ကတော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းဖြစ်ပါတယ်လို့ပါ ကြေညာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်စွာနဲ့ပဲ ထွက်ရှိခဲ့သမျှ season တွေထက် season 6 ဟာ ပိုပြီးကောင်းစေရပါမယ်လို့လည်း ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီဇာတ်လမ်းတွဲဟာ ဇာတ်သိမ်းသွားပေမယ့်လည်း ဇာတ်လမ်းကတော့ နောက်ထပ်ပုံစံတစ်မျိူးမျိူး ဆက်လက် ဖြစ်ပျက်သွားမှာပါလို့ အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။

Steven Knight ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” Peaky တို့အဖွဲ့ဟာ ပြန်လာဦးမှာပါ။ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေ နှောင့်နှေးခဲ့ရပေမယ့်လည်း season 6 တော့ ထွက်လာဦးမှာပါ။ Season 6 ကလည်း ဒီဇာတ်လမ်းတွဲရဲ့ အကောင်းဆုံး season ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ဒီဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားပေမယ့်လည်း ဇာတ်လမ်းကတော့ တစ်ခြားပုံစံတစ်မျိူးမျိူး ဆက်လက်ဖြစ်ပျက်သွားမှာပါ ” လို့ ပြောခဲ့ပါတယ်။

photo via screenrant

၂၀၁၈ ခုနှစ်တုန်းကတော့ ဒီဇာတ်လမ်းတွဲဟာ season 7 အထိ ထွက်ရှိနိုင်ပါတယ်လို့ Steven Knight က ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ season 6 နဲ့ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Steven Knight ပြောခဲ့တဲ့ စကားအရဆိုရင် ဒီဇာတ်လမ်းတွဲ ပြီးဆုံးသွားရင်တောင် နောက်ထပ် spin-off ဇာတ်လမ်းတွဲ သို့မဟုတ် ရုပ်ရှင်အဖြစ် ဆက်လက်ဖန်တီးသွားဦးမယ်လို့ ယူဆလို့ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

နာမည္ႀကီး ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Peaky Blinders ဇာတ္လမ္းတြဲဟာ season 6 မွာ ဇာတ္သိမ္းသြားမယ္လို႔ BBC ႐ုပ္သံလႈိင္းက ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီ franchise ဟာ ပုံစံတစ္မ်ိဴးမ်ိဴးနဲ႔ ဆက္လက္ထြက္လာပါဦးမယ္လို႔ ဒီဇာတ္လမ္းတြဲ ဖန္တီးသူက အရိပ္အႁမြက္ ေျပာျပခဲ့ပါတယ္။

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ ခုႏွစ္မွာ စတင္ျပသခဲ့တာ ျဖစ္ၿပီး BAFTA ဆုကိုလည္း ရရွိခဲ့ပါေသးတယ္။ ဇာတ္လမ္းကေတာ့ ပထမကမာၻစစ္ၿပီးခါစအခ်ိန္မွာ အဂၤလန္ႏိုင္ငံ Birmingham ၿမိဳ႕မွာ ရွိခဲ့တဲ့ နာမည္ႀကီး လူဆိုးဂိုဏ္းတစ္ခုအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူတို႔ေတြဟာ စစခ်င္းမွာေတာ့ ၿမိဳ႕ေလးတစ္ၿမိဳ႕ရဲ႕ လူဆိုးအဖြဲ႕တစ္ခုကေန တျဖည္းျဖည္း အာဏာႀကီးမားလာပုံကို ဇာတ္လမ္းတစ္ေလွ်ာက္မွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

photo via screenrant

ဒီဇာတ္လမ္းကို ဖန္တီးသူ Steven Knight ဟာ Peaky Blinders ရဲ႕ official website ကေန season 6 ထြက္လာဦးမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း season 6 ကေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္းျဖစ္ပါတယ္လို႔ပါ ေၾကညာခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ ပရိသတ္ေတြအားလုံးကို ေက်းဇူးတင္စြာနဲ႔ပဲ ထြက္ရွိခဲ့သမွ် season ေတြထက္ season 6 ဟာ ပိုၿပီးေကာင္းေစရပါမယ္လို႔လည္း ေျပာခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ဒီဇာတ္လမ္းတြဲဟာ ဇာတ္သိမ္းသြားေပမယ့္လည္း ဇာတ္လမ္းကေတာ့ ေနာက္ထပ္ပုံစံတစ္မ်ိဴးမ်ိဴး ဆက္လက္ ျဖစ္ပ်က္သြားမွာပါလို႔ အရိပ္အႁမြက္ ေျပာသြားခဲ့ပါတယ္။

Steven Knight ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” Peaky တို႔အဖြဲ႕ဟာ ျပန္လာဦးမွာပါ။ ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရးေတြ ေႏွာင့္ေႏွးခဲ့ရေပမယ့္လည္း season 6 ေတာ့ ထြက္လာဦးမွာပါ။ Season 6 ကလည္း ဒီဇာတ္လမ္းတြဲရဲ႕ အေကာင္းဆုံး season ျဖစ္မယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ၿပီး ပရိသတ္ေတြလည္း ႀကိဳက္ႏွစ္သက္ၾကမယ္လို႔ ထင္ပါတယ္။ ဒီဇာတ္လမ္းတြဲက ဇာတ္သိမ္းသြားေပမယ့္လည္း ဇာတ္လမ္းကေတာ့ တစ္ျခားပုံစံတစ္မ်ိဴးမ်ိဴး ဆက္လက္ျဖစ္ပ်က္သြားမွာပါ ” လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

၂၀၁၈ ခုႏွစ္တုန္းကေတာ့ ဒီဇာတ္လမ္းတြဲဟာ season 7 အထိ ထြက္ရွိႏိုင္ပါတယ္လို႔ Steven Knight က ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ season 6 နဲ႔ ဇာတ္သိမ္းေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Steven Knight ေျပာခဲ့တဲ့ စကားအရဆိုရင္ ဒီဇာတ္လမ္းတြဲ ၿပီးဆုံးသြားရင္ေတာင္ ေနာက္ထပ္ spin-off ဇာတ္လမ္းတြဲ သို႔မဟုတ္ ႐ုပ္ရွင္အျဖစ္ ဆက္လက္ဖန္တီးသြားဦးမယ္လို႔ ယူဆလို႔ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular