HomeEntertainmentFilmစက်တင်ဘာမှာ ရုံတင်ပြသတော့မယ့် The Nun 2

စက်တင်ဘာမှာ ရုံတင်ပြသတော့မယ့် The Nun 2

The Conjuring Universe ထဲက Spin-Off ဖြစ်တဲ့ The Nun ဟာ ဒုတိယရုပ်ရှင် ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ပထမထွက်ရှိခဲ့တဲ့ The Nun ရုပ်ရှင်ကတော့ ဝေဖန်ချက်တွေမျိူးစုံ ရရှိခဲ့ပေမယ့် ဝင်ငွေတော့ကောင်းခဲ့ပါတယ်။ ဒါ့အပြင် Valak ဟာလည်း Horror လောကရဲ့ Icon တစ်ခု ဖြစ်လာခဲ့ပါတယ်။ The Nun 2 ကတော့ လာမယ့် စက်တင်ဘာလ (၈)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

photo credit Warner Bros. Studios

လောလောဆယ်မှာတော့ The Nun 2 ရဲ့ ဇာတ်လမ်းအကြောင်းကို သေချာမသိရသေးပေမယ့် Producer Peter Safran ကတော့ ဒီရုပ်ရှင်ရဲ့ Storyline ဟာ တကယ် Fun ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Bonnie Aaron က Demon Valak ရဲ့ သီလရှင်ပုံစံအနေနဲ့ ပြန်လည်ပါဝင်ထားပြီး Taissa Farmiga ကတော့ Sister Irene အနေနဲ့ ပြန်လည်ပါဝင်ထားပါတယ်။ ဒါ့အပြင် တက်သစ်စ သရုပ်ဆောင်လေးဖြစ်တဲ့ Storm Reid လည်း ပါဝင်ထားပါသေးတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Location ပြောင်းလဲသွားပြီ ဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ်။ အချိန်ကာလကတော့ ပထမရုပ်ရှင်အပြီး နှစ်အနည်းငယ်အကြာ The Conjuring ရုပ်ရှင်ထဲက အဖြစ်အပျက်တွေ မဖြစ်ခင် (၁၅)နှစ်လောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ အသစ်ထွက်ရှိလာတဲ့ ထွေလာကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

ဒီထွေလာထဲမှာတော့ ကလေးမလေးတစ်ယောက်ဟာ သူ့ကို တစ်ခုခုက ခြောက်လှန့်နေတယ်လို့ ယုံကြည်နေပြီး နောက်ပိုင်းဇာတ်ဝင်ခန်းတွေမှာတော့ ကလေးတွေတောင်မှ Demon Valak ရဲ့ လက်ကနေ မလုံခြုံဘူးဆိုတာ တွေ့လိုက်ရပါတယ်။ ဒါ့အပြင် Sister Irene ကလည်း Demon Valak နဲ့ ပြန်လည်ရင်ဆိုင်ရမှာကို Tease လုပ်သွားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် The Nun 2 ဟာ Horror ပရိသတ်တွေအနေနဲ့တော့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular