HomeEntertainmentFilmPeacemaker ဇာတ်လမ်းတွဲ အပိုင်း(၆)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Peacemaker ဇာတ်လမ်းတွဲ အပိုင်း(၆)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

*** SPOILER ALERT ***

Peacemaker ဇာတ်လမ်းတွဲရဲ့ အပိုင်း(၆)ဟာ မကြာခင်ကပဲ ထွက်ရှိထားပြီး Butterfly တွေနဲ့ ပတ်သက်ပြီး အနည်းငယ် ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ Murn ဟာ Butterfly ဖြစ်နေတယ်ဆိုတာ Peacemaker နဲ့ Vigilante ကလွဲရင် တခြားအဖွဲ့ဝင်တွေ အားလုံးလည်း သိသွားပြီ ဖြစ်ပါတယ်။ ဒါတွေတင်မကဘဲ တခြားအံ့ဩစရာတွေကိုလည်း မြင်တွေ့ခဲ့ရတာကြောင့် ဒီတစ်ခါမှာတော့ အပိုင်း(၆)ထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Flash
photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ Peacemaker ဟာ ကျောင်းတစ်ခုမှာ သူ့ရဲ့ အတွေ့အကြုံတွေအကြောင်း ပြောပြနေပြီး ကလေးတွေကလည်း သိချင်တဲ့ မေးခွန်းတွေကို မေးမြန်းကြပါတယ်။ အဲဒီအခန်းမှာပဲ Flash ရဲ့ လိုဂိုပါတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကောင်မလေးတစ်ယောက်ဟာ Flash နဲ့ လူချင်းဆုံဖူးလားလို့ Peacemaker ကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Peacemaker ဟာ Flash ကို တွေ့ဖူးပေမယ့် သဘောမကျဘူးလို့ ဖြေကြားခဲ့ပါတယ်။

(2) Wonder Woman
photo via screenrant

အဲ့ဒီနောက်မှာတော့ Peacemaker ဟာ Wonder Woman နဲ့လည်း တွေ့ခဲ့ဖူးတယ်လို့ ပြောပါတယ်။ သူတို့ နှစ်ယောက်ဟာ တရားဝင် တွေ့ဆုံခဲ့တာမျိူး မဟုတ်ပေမယ့်လည်း Peacemaker ရဲ့ ပြောစကားအရ ဆိုရင်တော့ ပါတီတစ်ခုမှာ Wonder Woman က အခန်းရဲ့ ထောင့်တစ်နေရာကနေ သူ့ကို ကြည့်နေတယ်လို့ ဆိုပါတယ်။ Peacemaker ရဲ့ စရိုက်အရ ဆိုရင်တော့ ဒီစကားဟာ သူ့ဘက်က ထင်တာကို ပြောပြနေတာပဲ ဖြစ်နိုင်ပါတယ်။

(3) Peacemaker နဲ့ Vigilante တို့ဟာ ဂြိုဟ်သားရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြပါတယ်။
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Peacemaker ဖမ်းထားတဲ့ Butterfly ဟာ ငြိမ်းချမ်းရေး သင်္ကေတကို ဆွဲလိုက်တာကြောင့် Peacemaker နဲ့ Vigilante တို့ဟာ အဲ့ဒီ Butterfly က ဘာကိုပြောချင်နေတာလည်းဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Butterfly တွေက ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေ ကျူးကျော်လာတဲ့ ရုပ်ရှင်ထဲကလို လုပ်မှာလားလို့ Vigilante က မေးလိုက်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာပဲ သူဟာ Alien နဲ့ E.T the Extra-Terrestial တို့လို ဂြိုဟ်သားရုပ်ရှင်တွေများစွာကိုလည်း Mention ပြုလုပ်ခဲ့ပါတယ်။

(4) Starro Reference
photo via screenrant

အပိုင်း(၅)ထဲမှာတော့ Adebayo ဟာ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို Peacemaker ရဲ့ အိမ်ထဲမှာ ထားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ အဲ့ဒီစာအုပ်ကို ရဲတွေက ရှာဖွေတွေ့ရှိသွားပြီး စာအုပ်ထဲမှာတော့ Butterfly တွေအကြောင်းကို ရေးသားထားပါတယ်။ အဲဒီစာအုပ်ထဲက တစ်နေရာမှာတော့ လူတစ်ယောက်ရဲ့ မျက်နှာကို မျက်လုံးတစ်လုံးက ဖုံးအုပ်ထားတဲ့ ဓာတ်ပုံကို မြင်တွေ့ခဲ့ရပြီး ဒီအချက်ကတော့ The Suicide Squad ထဲက ဗီလိန်ဖြစ်တဲ့ Starro ကို Reference ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။

(5) Dracula
photo via screenrant

ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတစ်နေရာမှာတော့ DCEU ထဲမှာ Dracula တည်ရှိနေနိုင်ကြောင်း အရိပ်အမြွက် ဖော်ပြသွားပါတယ်။ Dracula ကတော့ DC ကောမစ်ထဲမှာ ၁၉၇၅ ခုနှစ်ကတည်းက ပါဝင်ခဲ့တာ ဖြစ်ပြီး Vigilante ကတော့ Peacemaker ရဲ့ မျက်နှာကို Dracula နဲ့ တူတယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ ရုပ်ရှင် ကြိုက်နှစ်သက်တဲ့ Vigilante ဟာ ရုပ်ရှင်တွေထဲက Dracula ကို ရည်ညွှန်းတာလည်း ဖြစ်နိုင်ပေမယ့် DC ကောမစ်ထဲက Dracula ကို ရည်ညွှန်းတာလည်း ဖြစ်နိုင်ပါတယ်။

(6) Crimson Avenger
photo via screenrant

Locke ဟာ ဘယ်သူက ရဲတွေကို သတ်သွားတယ်ဆိုတာ လိမ်ပြောတဲ့အချိန်မှာတော့ ငါးပေခွဲလောက် အရပ်ရှိပြီး ဆံပင်အနီ၊ အင်္ကျီအစင်း၊ အနီရောင် နက်ခ်တိုင်နဲ့ အမည်းရောင် မျက်နှာဖုံးတို့ကို ဝတ်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဒီအချက်ကတော့ McDonald ရဲ့ Hamburgler ကို ရည်ညွှန်းတဲ့ ဟာသလို့ ပြောခဲ့ပေမယ့်လည်း DC ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက်ကို ရည်ညွှန်းထားတာလည်း ဖြစ်နိုင်ပါတယ်။ Crimson Avenger ကတော့ ၁၉၃၈ ခုနှစ်ကတည်းက DC ကောမစ်ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး ပုံစံကတော့ သူ ပြောသွားတာနဲ့ အနည်းငယ် ဆင်တူနေပါတယ်။

(7) Adebayo ဟာ ဂေါ်သမ်မြို့က ပြောင်းရွှေ့လာတာပါ။
photo via screenrant

ဂေါ်သမ်မြို့ကတော့ DC ရဲ့ နာမည်ကြီး မြို့တစ်ခု ဖြစ်ပြီး Classic Hero တစ်ယောက်ဖြစ်တဲ့ Batman ရဲ့ မြို့လည်း ဖြစ်ပါတယ်။ ဒီအပိုင်း ပြီးဆုံးခါနီးမှာတော့ Adebayo ဟာ သူ့ရဲ့ပါတနာနဲ့အတူ စကားပြောနေပြီး ဂေါ်သမ်မြို့ကို ပြန်ပြောင်းကြမလားလို့ ပြောတဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ Adebayo ဟာ ဂေါ်သမ်မြို့က ပြောင်းရွှေ့လာမှန်း သိလိုက်ရပြီး သူတို့နှစ်ယောက်သာ ဂေါ်သမ်မြို့ကို ပြန်ပြောင်းသွားမယ် ဆိုရင်တော့ Batman ၊ Batgirl နဲ့ Harley Quinn တို့လို ဇာတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေ ရှိလာနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular