HomeEntertainmentFilmPeacemaker ဇာတ်သိမ်းပိုင်းမှာ Batman နဲ့ Cyborg တို့ ဘာကြောင့် မပါဝင်ခဲ့တာလဲ?

Peacemaker ဇာတ်သိမ်းပိုင်းမှာ Batman နဲ့ Cyborg တို့ ဘာကြောင့် မပါဝင်ခဲ့တာလဲ?

HBO Max က ထုတ်လွှင့်ပြသခဲ့တဲ့ Peacemaker ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ ဇာတ်သိမ်းခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံး ဇာတ်သိမ်းပိုင်းမှာတော့ ပရိသတ်တွေကို အံ့အားသင့်သွားစေတဲ့ Cameo တွေ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီ Cameo ကတော့ Justice League အဖွဲ့ဝင်တွေပဲ ဖြစ်ပြီး Superman ၊ Wonder Woman ၊ Flash နဲ့ Aquaman တို့ ဖြစ်ပါတယ်။ သို့သော်လည်း Batman နဲ့ Cyborg တို့ကတော့ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ သူတို့နှစ်ယောက် ဘာကြောင့် မပါဝင်ခဲ့တာလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင် Matt Turner ကတော့ ဇာတ်သိမ်းပိုင်းအတွက် Batman နဲ့ Cyborg တို့ရဲ့ Cameo တွေကို ရိုက်ကူးခဲ့ပေမယ့်လည်း မသိရတဲ့ အကြောင်းတစ်ခုကြောင့် ဖျက်ချခံခဲ့တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် Matt Turner ကတော့ Batman ဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး “ဝမ်းနည်းစွာနဲ့ပဲ ကျွန်တော်နဲ့ Cyborg ရဲ့ Cameo တွေက ဖျက်ချခံခဲ့ရပါတယ်။ ဘာကြောင့်လည်း ဆိုတာကိုတော့ James Gunn နဲ့ Warner Bros. တို့ကပဲ သိပါလိမ့်မယ် … ” လို့ သူ့ရဲ့ တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

James Gunn ကတော့ ဇာတ်သိမ်းပိုင်းမှာ Batman မပါဝင်လာရတဲ့ အကြောင်းဟာ ဒီ Franchise ရဲ့ အနာဂတ်ကြောင့် ဖြစ်တယ်လို့ ပြောထားပြီး ထပ်မံရှင်းပြခြင်းတော့ မရှိခဲ့ပါဘူး။ Cyborg နဲ့ ပတ်သက်ပြီး ပြောရရင်တော့ သရုပ်ဆောင် Ray Fisher ဟာ လူမျိူးရေးခွဲခြားမှုတွေကြောင့် Warner Bros. နဲ့ ပြဿနာ ဖြစ်နေပြီး သူ စွပ်စွဲထားတဲ့ကိစ္စတွေကို မဖြေရှင်းပေးမချင်း Warner Bros. နဲ့ အလုပ်တွဲ မလုပ်ဘူးလို့ ပြောထားတာကြောင့် ဖြစ်နိုင်ပါတယ်။

photo via screenrant

အသစ်ထွက်ရှိလာမယ့် The Flash ရုပ်ရှင်ထဲမှာလည်း Ben Affleck နဲ့ Michael Keaton တို့ရဲ့ Batman ဗားရှင်း နှစ်မျိူးကို မြင်တွေ့ရမှာ ဖြစ်ပြီး မကြာခင်မှာတော့ Robert Pattinson သရုပ်ဆောင်ထားတဲ့ The Batman ရုပ်ရှင်ဟာလည်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းသားကြီး Michael Keaton ကတော့ Batgirl ရုပ်ရှင်ထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Ben Affleck ကတော့ ဒီဇာတ်ကောင်ကနေ အနားယူပြီလို့ ပြောခဲ့ပေမယ့်လည်း Ezra Miller ကတော့ ဒီသတင်းကို မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။ လောလောဆယ်မှာတော့ တိကျတဲ့ အဖြေတစ်ခု မရှိသေးပေမယ့်လည်း DCEU ကတော့ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ပြင်ဆင်နေပြီလို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular